Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ရက္ခိုင့်တပ်တော် AA ရဲ့ ချင်းပြည် ပလက်၀အရေး သဘောထားမူ၀ါဒအပေါ် ချင်းအရပ်ဖက်အဖွဲ့အစည်းများရဲ့ တုန့်ပြန်ချက်

ရက္ခိုင့်တပ်တော် AA ရဲ့ ချင်းပြည် ပလက်၀အရေး သဘောထားမူ၀ါဒအပေါ် ချင်းအရပ်ဖက်အဖွဲ့အစည်းများရဲ့ တုန့်ပြန်ချက်

0
By Editor on March 8, 2024 Featured

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို လုံခြုံရေးနဲ့ တည်ငြိမ်ရေး အာမခံချက် ရှိဖို့ ULA/ AA ရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်လက်ထားရှိပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်မည့်လို့ ရက္ခိုင်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီဗျူဟာတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ယခုနှစ်ဇန်န၀◌ါရီလ ၁၄ ရက်နေ့မှာ ပလက်၀မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်း တပ်စခန်းအားလုံးကို တစ်ခုမကျန်အပြီးသတ်သိမ်းပိုက်ကာ စစ်ကောင်စီကင်းရှင်တဲ့နယ်မြေအဖြစ် ကြေညာခဲ့ပါတယ်။

ဒီလို ကြေညာပြီး ၂ လနီးပါးခန့်အကြာ မတ်လ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော်က သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပြုလုပ်ပြီး ပလက်၀အရေးနဲ့ပတ်သက်တဲ့ AA ရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

ပလက်ဝကို ပလက်ဝဒေသမှာ နေထိုင်သူတွေက ပိုင်ဆိုင်ပြီး အားလုံးပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဖော် ဆောင်တော့မှာဖြစ်သလို ချင်းအင်အားစုတွေအနေနဲ့ ပလက်ဝဒေသတစ်ခုထဲကို စိုးရိမ်ပူပန်နေတာထက် ချင်းပြည်လွတ် မြောက်ရေးကိုသာ အာရုံစိုက်သင့်တယ်လို့လည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့ပါတယ်။

ချင်းပြည်တောင်ပိုင်းက ပလက်ဝမြို့နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင်တပ်တော် AA ရဲ့ မူဝါဒသဘောထားအပေါ် ချင်းအရပ် ဖက်အဖွဲ့အစည်းတွေရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြထားပါတယ်။

 ဆလိုင်းထန်းနိုင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ-ဥက္ကဌ)

“သူတို့က ဆက်ပြီးတော့ ထိန်းချုပ်ထားမယ်၊၊ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်မယ်ဆိုတော့ ဒီချင်းလဲန်းရဲ့ အချုပ်အခြာအာဏာ ကို ဒါကထိပါးစော်ကားတာလို့ပဲ ကျနော်က မှတ်ချက်ပေးချင်တယ်။ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် ကျနော်အမြင်က သူတို့ကလည်း သူတို့ ပြောထားတဲ့အတိုင်း ဆက်လုပ်မှာပဲ။ ချင်းတော်လှန်ရေးအင်အားစု ဘက်ကလည်း ဒါကို လက်ခံမှာ မဟုတ်ဘူး။ ရေရှည်မှာ တော့ မလိုလာအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ နောက်ဆက်တွဲကြရင် လူမျိုးရေးအသွင်တောင်မှ ဖြစ်လာနိုင်တယ်။ AA အနေနဲ့လည်း ဒါကို ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်။ လက်ရှိအနေအထားမှာ သူတို့ ထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ ဒါက သူတို့ နယ်မြေမှ မဟုတ်တဲ့အခါကြတော့ အချိန်တန်အိမ်ပြန်ရမှာပဲ။ အင်္ဂလိပ်တွေ ခေတ်တုန်းကလည်း မြန်မာနိုင်ငံကို လာအုပ်ချုပ်ခဲ့ တာပဲ။ ဒါပေမယ့်လည်း သူတို့လည်း အချိန်တန်ရင် သူတို့ ဒေသကို ပြန်တာပဲလေ။ AA ကလည်း သူတို့ အုပ်ချုပ်ရေး ယန္တရားကို ဘယ်လောက် အကောင်အထည်ဖော်ဖော်၊ ဒါက ချင်းပြည်သူတွေရဲ့ မြေလေ၊ သူတို့မြေမဟုတ်တာကြောင့် ဧည့်သည်ဆိုတာ ပြန်ရမယ့်တာဝန်ရှိတယ်။ ဧည့်သည်က မပြန်ပဲ ဆက်နေမယ်၊ အိမ်ရှင်ကို အနှောင့်အယှက်ပေးမယ်၊ စော်ကားပြုမှုမျိုးတွေ ဖြစ်လာရင် ရေရှည်မှာ ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ လက်ရှိအနေအထားမှာ တော်လှန်ရေးအခြေအနေအရ စစ်ရေး အခြေအနေရ ထိန်းချုပ်ထားတယ်၊ အုပ်ချုပ်ရေး ယန္တရား ဖော်ရင်တောင်မှ တချိန်ချိန်ကြရင် သူတို့ ပြန်သွားရမယ်။ အဲလိုမဟုတ်ပဲနဲ့ သူတို့အပိုင်လိုလို၊ သူတို့မြေလိုလို သူတို့က ဆက်လုပ်မယ်ဆိုရင် ဒါက ချင်းတွေ ရှိနေသ၍ကတော့ ပဋိပက္ခတော့ ဖြစ်မှာပဲ။ နောက် ဆက်တွဲဖြစ်လာမယ့်ဟာကို ဒီလိုပဲ မှတ်ချက်ပေးချင်တယ်။

ကျနော်တို့ ချင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာပြီးတော့ အချုပ်အခြာပိုင်တဲ့ လူမျိုးဖြစ်နေပြီ။ ကျနော်တို့ ကံကြမ္မာကို ကျနော်တို့ ကိုယ်တိုင်ပဲ ဖန်တီးရမှာဖြစ်တယ်။ အခု ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ နွေဦးတော်လှန်းရေးမှာ ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ ချင်းပြည်သူများအနေနဲ့လည်း ရွေးချယ်စရာ (၃) ခုပဲ ရှိတယ်။ နံပါတ်(၁)က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရင် စကစနဲ့ ပူးပေါင်းပြီးမှ အစိုးရယန္တရားကို အကောင်းအထည်ဖော်ရမှာဖြစ်တယ်။ နံပါတ်(၂) ရက္ခိတ လမ်းစဉ်ကို လက်ခံမယ်ဆိုရင် AA နဲ့ ပူးပေါင်းပြီးမှ နိုင်ငံရေးယန္တရားတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။ နောက်ဆုံးက တစ်ချက်က ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃)ကို လက်ခံတယ်ဆိုရင် ချင်းလဲန်းအစိုးရအဖွဲ့နဲ့ ကိုယ့်ကံကြမ္မာကို ဖန်တီး ဖို့အတွက် ဒါကို အတူတကွ အကောင်အထည်ဖော်ရမှာဖြစ်တယ်။ အဲဒါကို နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းတော်လှန် ရေးအင်အားစုများအနေနဲ့လည်း ပြည်သူများအနေနဲ့လည်း မှန်မှန်ကန်ကန်ရွေးချယ်ကြဖို့ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ့်အနာဂါတ် ဖြစ်တယ်၊ ကိုယ့်သမိုင်းဖြစ်တယ်ဆိုတာ နားလည်ပြီးမှ ကိုယ့်သမိုင်းမရိုင်းရလေအောင် ရွေးချယ်ကြဖို့ ပြောချင်ပါတယ်။”

 ဆလိုင်းဒိုခါရ် – India for Myanmar တည်ထောင်သူ

“ပလက်ဝနယ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာ မှာပဲ ဖြစ်ဖြစ် အခုချိန်မှာ နယ်မြေကိစ္စ အငြင်းပွားဖို့ မသင့်တော်ဆုံး ကာလလို့ ပြောချင် တယ်။ ကျနော်ကတော့ AA ပြောဆိုချက်နဲ့ ပတ်သက်ရင်တော့ အခုအခြေအနေအရက အထွေအထူး စိုးရိမ်းမှု မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ဒီကျနော်တို့ ထိန်းချုပ်နယ် မြေတစ်ခုကို ဖော်ဆောင်လိုက်ပြီးဆိုရင် ပြည်သူတွေရဲ့ နေ့စဉ် လိုအပ်ချက် တွေကို မဖြစ်မနေ အကောင်အထည်ဖော်ပေးဖို့ လိုတာတွေ ရှိတယ်။ ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖော်ကြ သလဲဆိုတာက ကိုယ့်ရဲ့ စွမ်းဆောင်ရည်အလိုက် လုပ်ကြတဲ့ ဟာမျိုး ဖြစ်တော့ ဒါက တစ်ကဏ္ဍပေါ့လေ။ အခုချိန်မှာ AA အနေနဲ့ သူတို့ ပြောဆိုချက်ကို ကြည့်ရင် လုံခြုံရေး အကြောင်းပြချက်တစ်ခု ပါတယ်။ ယနေ့မှာ ချင်းတွေက အကွဲအပြဲတွေလည်း ဖြစ်နေတော့ သူတို့ ပြောတာကို နားလည်သလို ဘာသာပြန်မယ်ဆိုရင် ချင်းတွေက လုံးဝကို တာဝန်ယူတယ်ဆိုရင် ပလက်ဝကို စစ်ကောင်စီတပ်တွေ ပြန်ဝင်လာရင် ခုခံနိုင်စွမ်း ရှိမလားဆိုတဲ့ လေသံနဲ့တောင် တူတယ်။ ဒီလိုဟာမျိုးဖြစ်တော့ ချင်းမှာ နှစ်ခြမ်းဖြစ်တယ်။ ဒါက အုပ်စုနှစ်စု ကွဲသွားမှုရဲ့ နောက်ဆက်တွဲလို့ပဲ အပြစ်ပြောချင်ပါတယ်။ ယူဆပါတယ်။ ချင်းပြည်ကြားမှာ အကွဲကွဲ အပြဲပြဲ ဖြစ်တဲ့ ပြသနာမျိုးကို အဖြေရှာနိုင်ရင်တော့ AA အနေနဲ့ဆက်လက်ထိန်းသိမ်းစရာ အကြောင်း မရှိဘူးလို့ ယူဆတယ်။

ပလက်ဝနယ်မြေဆိုတာ ရေကြောင်း၊ ကုန်းကြောင်း စီးပွားရေး အချက်အချာ ကျတဲ့ နယ်မြေဖြစ်တယ်။ ချင်းပြည်အတွက် လုံးဝအသည်းနှလုံးဖြစ်တယ်။ ရခိုင်အတွက်ဆိုရင် အခုတော်လှန်ရေး ကာလဟာမျိုး ပြည်နယ်အတွင်းက နယ်မြေတွေ ဖြတ်လေးဖြတ် ခုခံနိုင်စွမ်း ရှိဖို့အတွက် ပလက်ဝဟာ စစ်ရေးဗျူဟာအရ ယာယီအရေးပါမှုသာသာပဲ ရှိတယ် ရခိုင်တွေအတွက် ဆိုရင်တော့။ ဘာလို့လည်းဆိုတော့ ရခိုင်မှာ ရေကြောင်း၊ ကုန်းကြောင်း စီးပွားရေးအချက်အချာကြတဲ့ နေရာတွေအများကြီးရှိတယ်။ ချင်းကတော့ ပလက်ဝတစ်ခုပဲ ရှိတယ်။ ချင်းအတွက် စီးပွားရေးအရ အရေးပါတဲ့ နယ်မြေကို ပဋိပက္ခဖြစ်ပွားရလောက်တဲ့အထိ ဘယ်တော့မှ ရခိုင်တွေကလည်း လုပ်လိမ့်မယ်လို့ မထင်ဘူး။ အထူးသဖြင့် AA ကပေါ့လေ။ သူတို့ ပလက်ဝအရေးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ရခိုင်နဲ့ ချင်းတွေမှာ ပဋိပက္ခဖြစ်ပေါ်လာရင်တော့ နစ်နာမယ့် ဟာက နှစ်ဖက်စလုံး ဖြစ်တယ်။ ပိုပြီးမှ နစ်နာမယ့်သူက ရခိုင် ဖြစ်ရင် ဖြစ်မယ်။ ဒီလိုအခြေအနေဟာမျိုးကို သူတို့တွေက ဘယ်တော့မှ နယ်မြေလုတဲ့ ဟာမျိုး ဘယ်တော့မှ ဖြစ်လာမယ်လို့ မယုံကြည်ဘူး။ သူတို့ အဲလိုတွေးရင်းလည်း သူတို့ကိုယ်တိုင်လည်း အမှားကြီး ကျူးလွန်ရာ ရောက်မှာပေါ့လေ။ ဒီတော့ ချင်းမှာ အကွဲအပြဲဖြစ်နေတဲ့ ခေါင်းဆောင်တွေရဲ့ အခြေအနေတွေကြောင့် ရခိုင်တွေကလည်း ယာယီအုပ်ချုပ်ရေး ဖော်ဆောင်ပြီး ထိမ်းသိမ်းတယ်လို့ ယူဆပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင် AA ဘက်ကို အပြစ်တင်စရာ အကြောင်းမရှိဘူး။ အဓိက အပြစ်တင်ချင်တာက အကွဲအပြဲတွေဖြစ်နေတဲ့ အုပ်စုတွေ အမြန်ဆုံးပူးပေါင်း ကြဖို့ ထပ်လောင်း တိုက်တွန်းချင်ပါတယ်။”

 ဆလိုင်းမာန်ဟရဲလျန် – ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

“ကျနော်အမြင်နဲ့ ပြောရရင် ပလက်ဝဒေသဟာ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒီတေ့ာ ချင်းလူမျိုးရဲ့ သဘောထားနဲ့ သဘောတူညီမှု လိုအပ်တယ်။ အဲလို မလုပ်ပဲနဲ့ ပလက်ဝမှာ အခြေစိုက်မယ်ဆိုတာက ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နယ်မြေပိုင်ဆိုင်မှုကို ကျူးကျော်တာလို့ ပြောလို့ ရတယ်။နောက်တစ်ခု အရေးကြီးတာက ပလက်ဝမှာ နေတဲ့ ဒေသခံတွေကရော ဘယ်လိုသဘောထား ရှိမလဲဆိုတာကို လက်ခံဖို့ လိုတယ်။ ပလက်ဝမှာ နေတဲ့ ခူးမီးအများစုတွေကလည်း ပလက်ဝမှာ AA က အခြေချ နေထိုင်တာကို အရင်ကတည်းက လက်မခံလို့ ကန့်ကွက်ခဲ့တာပေါ့နော်။ ချင်းပြည်နယ်ကသော်လည်းကောင်း၊ ပလက်ဝမှာ နေထိုင်တဲ့ ဒေသခံတွေကသော်လည်းကောင်း အခြေချခွင့် ခွင့်မပြုသ၍တော့ အတင်းအဓမ္မအုပ်ချုပ်မှုက မလိုလားအပ်တဲ့ ပြသနာ တွေကို အသွင်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်လို့ ပြောလို့ရတယ်။

ဆက်လက်ထိန်းချုပ်မယ်၊ ဆက်လက်ပြီးတော့ အုပ်ချုပ်မယ်ဆိုရင် လူမျိုးတစ်စုနဲ့ တစ်စုကြား သဟဇာတ ဖြစ်လာမှာ မဟုတ်ဘူး။ ပလက်ဝဒေသက ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒါကြောင့် ချင်းလူမျိုးတွေရဲ့ သဘောတူညီချက်၊ ဒေသခံ ခူမီးလူမျိုးတွေရဲ့ ဆန္ဒမပါပဲနဲ့ ဒီလိုအုပ်ချုပ်ရေးတွေ ဆက်လုပ်ဆောင်နေမယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်လာဖို့၊ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမယ့် အကျိုးရလဒ်က ဖြစ်လာမယ့် အနေအထားမှာ ရှိတယ်။”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.