Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရခိုင္ျပည္နယ္မွ စစ္ေဘးေရွာင္ အ႐ိႈခ်င္းမ်ဴိးႏြယ္အိမ္ေထာင္စု (၃) စု ခ်င္းျပည္နယ္သို႔ေျပာင္းေရႊ႕လာ

ရခိုင္ျပည္နယ္မွ စစ္ေဘးေရွာင္ အ႐ိႈခ်င္းမ်ဴိးႏြယ္အိမ္ေထာင္စု (၃) စု ခ်င္းျပည္နယ္သို႔ေျပာင္းေရႊ႕လာ

0
By Editor on March 13, 2020 Headline

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔အၾကား တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ရခိုင္ျပည္နယ္၊ အမ္းျမိဳ႕နယ္၊ ဒါးလက္ေခ်ာင္းေက်းရြာမွ ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ အရိႈခ်င္းမ်ဴိးႏြယ္အိမ္ေထာင္စု (၃) စု၊ လူဦးေရ (၁၅) ဦး တို႔သည္ မတ္လ (၁၂) ရက္ေန႔ညက ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕သို႔ေရာက္ရွိလာၾကသည္ဟု သိရသည္။

ရခိုင္ျပည္နယ္၊ အမ္းျမိဳ႕နယ္၊ ဒါးလက္ေခ်ာင္းအထက္ေက်းရြာေဟာင္းတြင္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔၀င္မ်ား ေျခကုပ္ယူလႈပ္ရွားလာျခင္းေၾကာင့္ ျမန္မာ့တပ္မေတာ္ဘက္မွ ထိုးစစ္ဆင္မႈမ်ားျပင္းထန္လာသည့္အတြက္ ေက်းရြာတြင္မေနရဲေတာ့ပဲ ေဘးလြတ္ရာကို ေျပာင္းေရြ႕လာျခင္းျဖစ္သည္ဟု  ကိုယ္တိုင္ေျပာင္းေရႊ႕လာသူ ဒါးလက္ေခ်ာင္းရြာသား ဦးဟန္သိန္းကေျပာသည္။

“တို႔က ဒါးလက္ေခ်ာင္းရြာေဟာင္းေက်းရြာမွာေနတယ္၊ အဲဒီေနရာမွာပဲ AA တို႔ သူတို႔ စခန္းလိုလာေနတယ္၊ လာခိုလံႈတာေပါ့၊ အဲလိုဆိုေတာ့ ျမန္မာစစ္တပ္က လာျပီးေတာ့ တိုက္ခိုက္ခဲ့တဲ့အခါက်ေတာ့ တို႔ေတြကလည္း မေနႏိုင္ဘူးေလ၊ အဲဒါနဲ႔ အမ္းျမိဳ႕ကိုေျပာင္းသြားၾကတယ္၊ ေျပာင္းသြားေတာ့ က်ေနာ္တို႔က ပစၥည္းဥစၥာေတြအကုန္လံုးထားသြားခဲ့ျပီး ဟိုဘက္ကိုေျပာင္းတယ္ဆိုတာလည္း ဘာမွလည္းပါမသြားဘူး၊ အဲဒါေၾကာင့္ ရိွတာနဲ႔ပဲစားေသာက္ျပီးေတာ့ တို႔ကမေနႏိုင္ေတာ့ဘူး၊ မရွာနိုင္ေတာ့ဘူး၊ စားစရာလည္းမရိွ၊ ေသာက္စရာလည္းမရိွတဲ့ခါက်ေတာ့ ဒီဘက္ကိုအကူအညီေတာင္းျပီး သူတို႔က အစီအစဥ္လုပ္ေပးမယ္ဆိုလို႔ ခ်င္းျပည္နယ္ကို လာခဲ့ၾကတာ” ဟု ဒါးလက္ေခ်ာင္းေက်းရြာသား ဦးဟန္သိန္းကေျပာသည္။

ဒါးလက္ေခ်ာင္းေက်းရြာတြင္ အိမ္ေထာင္စု (၅၀) ခန္႔ေနထိုင္ၾကၿပီး တပ္မေတာ္ႏွင့္ AA တပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ၎တို႔ေက်းရြာသားမ်ားသည္ အမ္းၿမိဳ႕သို႔ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကျခင္းျဖစ္သည္။

အမ္းၿမိဳ႕တြင္ စား၀တ္ေနေရးအတြက္ အခက္အခဲႀကံဳေတြ႔ေနၾကရေသာေၾကာင့္  ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္မ်ား၏ စီစဥ္ေပးမႈျဖင့္ မတူပီၿမိဳ႕နယ္၊ ဟရိန္ပီးေက်းရြာတြင္ ေျပာင္းေရႊ႕အေျခခ်ေနထိုင္ၾကမည္ျဖစ္ၿပီး ယေန႔တြင္ ဟားခါးၿမိဳ႕မွ ဟရိန္းပီးေက်းရြာသို႔ ဆက္လက္ထြက္ခြါသြားၾကသည္ဟု သိရသည္။

ယခုကိစၥႏွင့္ပတ္သက္၍  ခ်င္းျပည္နယ္ေျပာေရးဆိုခြင့္ရိွပုဂၢိဳလ္ စည္ပင္၀န္ၾကီး ဦးစိုးထက္က “က်ေနာ္တို႔ အစိုးရအဖြဲ႕ကို ဆက္သြယ္ခဲ့တာ ဘယ္သူမွမရိွေသးဘူး၊ အဲဒီကိစၥနဲ႔ေလ၊ သူတို႔က ဥပမာ ဘယ္သူက၊ ဘယ္ေနရာကေန၊ ဘယ္ႏွစ္ေယာက္ကလာတယ္ဆိုရင္ အစိုးရအဖြဲ႔ကို အသိေပးရတယ္၊ အစိုးရအဖြဲ႔ကေန ျပန္ေဆြးေႏြးရတယ္၊ ေလာေလာဆယ္ေတာ့ အဲလိုတရား၀င္ဆက္သြယ္တာမရိွေသးဘူး၊ ခ်င္းျပည္နယ္၊ သီးကိရ္မွာေတာ့ က်ေနာ္တို႔ ေဒၚခင္ၾကည္ေဖာင္ဒင္းရွင္းကေန အရင္က အလံုးငါးဆယ္စီစဥ္ေပးထားတယ္၊ လွဴဒါန္းေပးထားတယ္၊ စစ္ေဘးေရွာင္အတြက္ေလ၊ တကယ္လို႔ အဲလိုတင္လာမယ္ဆိုရင္လည္း က်ေနာ္တို႔ ေဆြးေႏြးျပီးေတာ့မွ ဒါကျဖစ္ႏိုင္ပါတယ္” ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ၿပီးခဲ့သည့္ ဇန္န၀ါရီလကစ၍ တပ္မေတာ္ႏွင့္ AA တပ္ဖြဲ႔အၾကား တိုက္ပြဲျပင္းထန္လာမႈေၾကာင့္ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ (၁၀) ရြာခန္႔မွ ေဒသခံအ႐ိႈခ်င္းတို္င္းရင္းသား (၃၀၀) ေက်ာ္တို႔သည္ အမ္းၿမိဳ႕ေပၚသို႔ ထြက္ေျပးေျပာင္းေရႊ႕ခဲ့ၾကရသည္။

ထိုမွတဆင့္ မေကြးတိုင္းေဒသႀကီး ငဖဲ၊ မင္းတုန္း၊ မင္းလွႏွင့္ ေစတုတၱရာၿမိဳ႕နယ္မ်ားရွိ ေဆြမ်ဴိးမ်ားထံ ေျပာင္းေရႊ႕သြားသူ (၂၀၀) ေက်ာ္ခန္႔ရွိၿပီဟုသိရသည္။

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္မွ စစ္ေဘးေရွာင္အ႐ိႈခ်င္းတိုင္းရင္းသားမ်ားသည္ ခ်င္းျပည္နယ္သို႔ ပထမဆံုးႀကိမ္ေျပာင္းေရႊ႕လာၾကျခင္းျဖစ္ၿပီး ေနာက္ထပ္လည္းေျပာင္းေရႊ႕လာၾကဖြယ္ရွိသည္ဟု သိရသည္။

#Unicode

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် အရှိုချင်းမျိူးနွယ်အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၅) ဦး တို့သည် မတ်လ (၁၂) ရက်နေ့ညက ချင်းပြည်နယ်၊ ဟားခါးမြို့သို့ရောက်ရှိလာကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအထက်ကျေးရွာဟောင်းတွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ခြေကုပ်ယူလှုပ်ရှားလာခြင်းကြောင့် မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများပြင်းထန်လာသည့်အတွက် ကျေးရွာတွင်မနေရဲတော့ပဲ ဘေးလွတ်ရာကို ပြောင်းရွေ့လာခြင်းဖြစ်သည်ဟု  ကိုယ်တိုင်ပြောင်းရွှေ့လာသူ ဒါးလက်ချောင်းရွာသား ဦးဟန်သိန်းကပြောသည်။

“တို့က ဒါးလက်ချောင်းရွာဟောင်းကျေးရွာမှာနေတယ်၊ အဲဒီနေရာမှာပဲ AA တို့ သူတို့ စခန်းလိုလာနေတယ်၊ လာခိုလှုံတာပေါ့၊ အဲလိုဆိုတော့ မြန်မာစစ်တပ်က လာပြီးတော့ တိုက်ခိုက်ခဲ့တဲ့အခါကျတော့ တို့တွေကလည်း မနေနိုင်ဘူးလေ၊ အဲဒါနဲ့ အမ်းမြို့ကိုပြောင်းသွားကြတယ်၊ ပြောင်းသွားတော့ ကျနော်တို့က ပစ္စည်းဥစ္စာတွေအကုန်လုံးထားသွားခဲ့ပြီး ဟိုဘက်ကိုပြောင်းတယ်ဆိုတာလည်း ဘာမှလည်းပါမသွားဘူး၊ အဲဒါကြောင့် ရှိတာနဲ့ပဲစားသောက်ပြီးတော့ တို့ကမနေနိုင်တော့ဘူး၊ မရှာနိုင်တော့ဘူး၊ စားစရာလည်းမရှိ၊ သောက်စရာလည်းမရှိတဲ့ခါကျတော့ ဒီဘက်ကိုအကူအညီတောင်းပြီး သူတို့က အစီအစဉ်လုပ်ပေးမယ်ဆိုလို့ ချင်းပြည်နယ်ကို လာခဲ့ကြတာ” ဟု ဒါးလက်ချောင်းကျေးရွာသား ဦးဟန်သိန်းကပြောသည်။

ဒါးလက်ချောင်းကျေးရွာတွင် အိမ်ထောင်စု (၅၀) ခန့်နေထိုင်ကြပြီး တပ်မတော်နှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်းတို့ကျေးရွာသားများသည် အမ်းမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

အမ်းမြို့တွင် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေကြရသောကြောင့်  ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ၏ စီစဉ်ပေးမှုဖြင့် မတူပီမြို့နယ်၊ ဟရိန်ပီးကျေးရွာတွင် ပြောင်းရွှေ့အခြေချနေထိုင်ကြမည်ဖြစ်ပြီး ယနေ့တွင် ဟားခါးမြို့မှ ဟရိန်းပီးကျေးရွာသို့ ဆက်လက်ထွက်ခွါသွားကြသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍  ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျနော်တို့ အစိုးရအဖွဲ့ကို ဆက်သွယ်ခဲ့တာ ဘယ်သူမှမရှိသေးဘူး၊ အဲဒီကိစ္စနဲ့လေ၊ သူတို့က ဥပမာ ဘယ်သူက၊ ဘယ်နေရာကနေ၊ ဘယ်နှစ်ယောက်ကလာတယ်ဆိုရင် အစိုးရအဖွဲ့ကို အသိပေးရတယ်၊ အစိုးရအဖွဲ့ကနေ ပြန်ဆွေးနွေးရတယ်၊ လောလောဆယ်တော့ အဲလိုတရားဝင်ဆက်သွယ်တာမရှိသေးဘူး၊ ချင်းပြည်နယ်၊ သီးကိရ်မှာတော့ ကျနော်တို့ ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်းကနေ အရင်က အလုံးငါးဆယ်စီစဉ်ပေးထားတယ်၊ လှူဒါန်းပေးထားတယ်၊ စစ်ဘေးရှောင်အတွက်လေ၊ တကယ်လို့ အဲလိုတင်လာမယ်ဆိုရင်လည်း ကျနော်တို့ ဆွေးနွေးပြီးတော့မှ ဒါကဖြစ်နိုင်ပါတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကစ၍ တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာခန့်မှ ဒေသခံအရှိုချင်းတိ်ုင်းရင်းသား (၃၀ဝ) ကျော်တို့သည် အမ်းမြို့ပေါ်သို့ ထွက်ပြေးပြောင်းရွှေ့ခဲ့ကြရသည်။

ထိုမှတဆင့် မကွေးတိုင်းဒေသကြီး ငဖဲ၊ မင်းတုန်း၊ မင်းလှနှင့် စေတုတ္တရာမြို့နယ်များရှိ ဆွေမျိူးများထံ ပြောင်းရွှေ့သွားသူ (၂၀ဝ) ကျော်ခန့်ရှိပြီဟုသိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်အရှိုချင်းတိုင်းရင်းသားများသည် ချင်းပြည်နယ်သို့ ပထမဆုံးကြိမ်ပြောင်းရွှေ့လာကြခြင်းဖြစ်ပြီး နောက်ထပ်လည်းပြောင်းရွှေ့လာကြဖွယ်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.