Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

0
By Editor on January 30, 2023 Featured

ရေး – ဆလိုင်းထွန်းလှကျော်

ရခိုင်ဒေသကို “ယဉ်ကျေးမှု (Culture) တစ်ခုတည်းနဲ့ ဖွဲ့စည်းတည်ဆောက်ထား‌သော လူမျိုးအုပ်စုတစ်ခုတည်း မှီတင်းနေထိုင်၊ ပိုင်ဆိုင်တဲ့ဒေသတစ်ခု” လို့ မြန်မာ့နိုင်ငံရေးသမား (စစ်အစိုးရ၊ NLD အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ အခု NUG ခေါင်းဆောင်တွေ) အများစုက သာမန်ပဲ ရှုမြင်နားလည်ထားကြပါတယ်။ သူတို့ ရှုမြင်နားလည် ထားတဲ့အပေါ်မှာ မူတည်ပြီးတော့မှပဲ ရခိုင်ပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ရခိုင်လူမျိုးတစ်ခုတည်းနဲ့ပဲ ဆွေးနွေး၊ အဖြေရှာ ကိုင်တွယ်တတ်ကြပါတယ်။

မြန်မာ့နိုင်ငံရေးသမားတွေရော၊ ရခိုင့်နိုင်ငံရေးသမားတွေပါ ရခိုင်ပြည်ရဲ့ နိုင်ငံရေးကို ကိုင်တွယ်၊ ဆွေးနွေး၊ အဖြေရှာကြတဲ့အခါမှာ ရခိုင်ပြည်ရဲ့ ပကဓိမြေပြင်အခြေအနေမှာ ကွဲပြားခြားနားစွာ တည်ရှိနေကြတဲ့ ရခိုင်နဲ့မတူတဲ့ လူမျိုးအုပ်စုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖော်/ဖက် (Political Dialogue Partner) အဖြစ် အသိအမှတ်မပြုကြတာဟာ ပြီးပြည့်စုံတဲ့ နိုင်ငံရေး အဖြေရှာ‌ဖွေရေးနဲ့ တည်ငြိမ်တဲ့ အခင်းအကျင်း တည်ဆောက်ရေးတွေမှာ အားနည်းချက်တွေ ဖြစ်‌စေနိုင်ပါတယ်။

ရခိုင်ဒေသထဲက မတူကွဲပြား ခြားနားတဲ့ လူမျိုးအုပ်စုတွေရဲ့ အသံတွေ၊ သဘောထားတွေ မပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေး၊ အဖြေရှာမှုတွေဟာလည်း ရခိုင်ရဲ့ နိုင်ငံတည်ဆောက်ရေး (State Building) နဲ့ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ဖြစ်စဉ်‌တွေမှာ အတားအဆီးတွေ ဖြစ်လာနိုင်တဲ့အပြင် တစ်ဖက်မှာလည်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုသံသရာကို ရေရှည် လည်ပတ်နိုင်စေဖို့ အတွက် လမ်းခင်းပေးနေသလို ဖြစ်နေပါတယ်။

ဤအတွက် အကောင်းဆုံး နမူနာတစ်ခုမှာ Ideology (မြန်မာ၌ ဝါဒရေးရာအရ ကွန်မြူနစ်တောခိုမှု) နှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါ်ထွန်းလာခဲ့တဲ့ အမှတ်အသား သရုပ်သဏ္ဍာန်လို့ခေါ်ရမယ့် Identity ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့အရှည်ကြာဆုံး မြန်မာ့ပြည်တွင်းစစ် ပြဿနာပဲ ဖြစ်ပါတယ်။

ရခိုင်ဒေသဟာ မျှဝေလက်ခံထားတဲ့ အိုင်ဒီယာတွေ၊ ယုံကြည်မှုတွေ၊ နောက်ခံ သမိုင်းကြောင်းတွေ၊ ဓလေ့ ထုံးစံတွေ ကိုယ်စီရှိနဲ့ မတူကွဲပြားခြားနားတဲ့ လူမျိုးအုပ်စုတွေ မှီတင်းနေထိုင်ကြတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ရခိုင်က လူဦးရေအများဆုံးဖြစ်ပြီး မူဆလင်မှာ ဒုတိယ လူဦးရေအများဆုံး ဖြစ်ပါတယ်။ ချင်းကတော့ ရခိုင်ဒေသမှာ တတိယလူဦးရေ အများဆုံးဖြစ်မှာပါ။ မြို့နယ် ၁၃ မြို့နယ်လောက်မှာ ဒေသအလိုက် မှီတင်းနေထိုင်ကြပါတယ်။

မတူကွဲပြားမှုတွေကို ပဋိပက္ခလို့ ခေါ်ဆိုလို့မရတဲ့အပြင် ပဋိပက္ခတိုင်းကိုလည်း အကြမ်းဖက်နည်း လမ်းနဲ့ ဖြေရှင်းကြတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် မတူကွဲပြားမှုတွေဟာ ပဋိပက္ခတွေနဲ့ အကြမ်း ဖက်မှုတွေရဲ့ ရေခံမြေခံဖြစ်တယ်ဆိုတာကိုတော့ သတိမူမိဖို့လိုပါတယ်။ ဒါကြောင့် ရခိုင်ပြည် နိုင်ငံရေးကို ဆွေးနွေး ပုံဖော်ကြတဲ့အခါ ရခိုင်နဲ့မတူတဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ သူတို့ကို နိုင်ငံရေးအရ ဆွေးနွေးဖော်/ဖက် (Political Dialogue Partner) အဖြစ် သဘောထားပေးဖို့လည်း အရေးကြီးပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.