Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရန်ကုန်မြို့တွင် ချင်းဓမ္မဆရာမတစ်ဦး နေအိမ်တွင်း ရိုက်နှက်ခံရပြီး အရေးပေါ်‌ဆေးကုသနေရ

ရန်ကုန်မြို့တွင် ချင်းဓမ္မဆရာမတစ်ဦး နေအိမ်တွင်း ရိုက်နှက်ခံရပြီး အရေးပေါ်‌ဆေးကုသနေရ

0
By Editor on August 21, 2025 Khonumthung

(004SS)

ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ New Life Mission Church အဆောက်အဦးတစ်ခုတွင် တစ်ဦးတည်းနေထိုင်နေသော ချင်းလူမျိုး ဓမ္မဆရာမတစ်ဦးအား ရင်းနှီးကျွမ်းဝင်သူ အမျိုးသမီးတစ်ဦး၏ ဝင်ရောက်ရိုက်နှက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဒေါ်မိငယ်ဆိုသူ အမျိုးသမီးတစ်ဦးသည် ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ချင်းဓမ္မဆရာမ ညောင်ဒိတ်လျန်း (ခေါ်) ညောင်နူး (၂၅ နှစ်) ထံ ငွေကြေးချေးငှါးရန် ပြောဆိုရာမှ မရသည့်အတွက် ရုတ်တရက် ရန်ပြုမှုစတင်ခဲ့ခြင်းဟု သိရသည်။

“ကျွန်တော့ တူမလေးပါ။ သူနဲ့ ခင်တဲ့ အမျိုးသမီးတစ်ဦး သူနေတဲ့အိမ်ကို ရောက်လာပြီး စကားစမြည်ပြောနေရာကနေ အိမ်တံခါးတွေကို ဂျက်ချပြီးတော့ တူမ ဦးခေါင်းကို မသေမချင်း အုတ်ခဲနဲ့ရော၊ ငရုတ်ကျည်ပွေ့နဲ့ရော ထုရိုက်တာ။ ကျွန်တော့တူမ ခမျာ ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာတေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျွန်တော်တူမကို သေပြီထင်ပြီး အဲဒီကျူးလွန်သူက အခန်းထဲဝင်၊ ပစ္စည်းဥစ္စာတွေယူနေချိန် အဲလောက်အခြေအနေဆိုးကြားကနေ ဒယိမ်းဒယိုင်နဲ့ လွတ်မြောက်စေခဲ့တဲ့လမ်းစကို ဘုရားသခင်ပြင်ဆင်ပေးတယ်။ လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေပါတယ်။ ဆက်လက်ဆုတောင်းပေးကြပါ” ဟု ရိုက်နှက်ခံရသူ၏ ဆွေမျိုး အမျိုးသားတစ်ဦးက ၎င်း၏လူမှုစာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ထို့သို့ ရိုက်နှက်ခဲ့ပြီးနောက် သတိလစ်မေ့မြောသွားချိန် ဒေါ်မိငယ်သည် အိမ်ခန်းထဲဝင်ကာ ပစ္စည်းများ ရှာဖွေလုယက်ခဲ့စဉ် ဆရာမညောင်နူးသည် တံခါးဖွင့်ကာ အိမ်နီးချင်းထံ ထွက်ပြေးခိုဝင်နိုင်ခဲ့ပြီး အိမ်နီးချင်းများ၏ အကူအညီဖြင့် ချက်ချင်း လူနာတင်ယာဉ်ခေါ်ယူကာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခံခဲ့ရကြောင်း ချင်းဝေါလ်မီဒီယာက ဖော်ပြသည်။

ဆေးရုံစစ်ဆေးမှုအရ ဆရာမညောင်နူး၏ ဦးခေါင်းတွင် ဒဏ်ရာ ၂၅ ချက်ထက်မနည်း ရှိသော်လည်း အသက်အန္တရာယ်ရှိသည့် ဦးနှောက်ထိခိုက်မှုမရှိကြောင်း၊ လက်ရှိတွင် သတိရလာပြီဖြစ်ကာ ဆက်လက်ကုသမှု ခံယူလျက်ရှိ‌နေကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူ ဒေါ်မိငယ်မှာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခြင်းကြောင့် ဖမ်းဆီးခြင်းမရှိနိုင်သေးကြောင်းနှင့် ၎င်း၏မိသားစုဝင်များအား စစ်ဆေးမေးမြန်းရန် ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.