Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရန်ကုန်မြို့တွင် ချင်းဓမ္မအမှုတော်ဆောင်ဆရာတစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်သင်တန်းတက်ရောက်ရန်ပို့ခံရ

ရန်ကုန်မြို့တွင် ချင်းဓမ္မအမှုတော်ဆောင်ဆရာတစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်သင်တန်းတက်ရောက်ရန်ပို့ခံရ

0
By Editor on December 8, 2025 Headline

(004SS)

ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည် စစ်ကော်မရှင်တပ်က ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ပို့ဆောင်ခံခဲ့ရကြောင်း မိသားများထံမှ သိရသည်။

မြန်မာပြည် အေဂျီ ဧဝံဂေလိအသင်းတော်များ ရန်ကုန်၊ ဓမ္မအမှုတော်ဆောင်ကဒ်ပြား ကိုင်ဆောင်သူ အသက် ၂၃ နှစ်အရွယ် ဆရာ Pau Muan Lian သည် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှတ်တိုင်မှ ပြန်လာချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခဲ့ခြင်းဟု သိရသည်။

ထို့နောက် တစ်ပါတ်ကျော်ကြာလာချိန် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၅ နာရီအကျော်ခန့်တွင် မိသားစုထံသို့ တယ်လီ ဖုန်းဖြင့် ဆက်သွယ်လာခဲ့ရာ ၎င်းသည် ရန်ကုန်မြို့၊ ယုဇနနှင့် တောင်ဒဂုံစပ်ကြားရှိ သိမ်ချောင်းလမ်းဆုံမှ စစ်သင်တန်း တက်ဖို့ ခေါ်ဆောင်ခံခဲ့ရကြောင်း မိသားစုကို အသိပေးခဲ့သည်ဟု အမဖြစ်သူ၏ ဖော်ပြချက်အရ သိရသည်။

“မတတ်နိုင်လို့ လိုက်သွားရတယ်၊ အခုက ရေနီမြို့ဆိုတဲ့ နေရာမှာ ရောက်နေတယ်၊ စစ်သင်တန်းလေ့ကျင့်တာတွေလည်း စတော့မယ်။ အရမ်းကြီးလည်း စိတ်မပူကြနဲ့နော်၊ သားအဆင်ပြေပါတယ်၊ သားအကုန်လုံးကို သတိရတယ်နော်၊ ဆုတောင်းခြင်းနဲ့ပဲ သတိရကြရအောင်နော်” ဟု ဆရာ Pau Muan Lian က မိသားစုဝင်များအား ပြောကြားခဲ့သည်ကို အမဖြစ်သူက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

လက်ရှိတွင် Pau Muan Lian သည် ရေနီမြို့ တစ်နေရာ စစ်သင်တန်းလေ့ကျင့်ရေးစခန်းမှာ ရောက်ရှိနေပြီဟုသိရသည်။

အဆက်အသွယ်မရရှိခဲ့သည့် ရက်သတ္တပတ်ကျော်ကာလအတွင်း မိသားစုဝင်များသည် စိုးရိမ်ပူပန်ခဲ့ကြသောကြောင့် လူမှုကွန်ရက်များပေါ်တွင် လူပျောက်ကြော်ငြာများ တင်ကာ ဝိုင်းဝန်းဆုတောင်းသတိရပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။

ယခုအခါ မိသားစုနှင့် ပြန်လည်အဆက်အသွယ်ရရှိခဲ့ခြင်းကြောင့် စိုးရိမ်ပူပန်နေသော မိသားစုဝင်များ အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာရရှိခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ချင်းတပ်ဖွဲ့များအပါအဝင် ၁၉ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းကြောင်း ကြေညာ

ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

ဖလမ်းမြို့အနီး တိုက်ပွဲပြင်းထန်နေရာ စစ်ကော်မရှင်တပ် ထိခိုက်ကျဆုံးမှု များပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.