Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရပ်ကွက်အတွင်း မူးယစ်ရမ်းကားပြီး ပြသနာရှာလေ့ရှိသော မြန်မာစစ်ရှောင်တစ်ဦးကို YMA မောင်းထုတ်

ရပ်ကွက်အတွင်း မူးယစ်ရမ်းကားပြီး ပြသနာရှာလေ့ရှိသော မြန်မာစစ်ရှောင်တစ်ဦးကို YMA မောင်းထုတ်

0
By Editor on June 16, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာနေထိုင်သော မြန်မာစစ်ဘေးရှောင်တစ်ဦးသည် မူးယစ်ရမ်းကားပြီး ရပ်ကွက်ထဲမှာ ပြသနာရှာလေ့ရှိသည့်အတွက် နေရပ်ပြန်ရန် မြန်မာနိုင်ငံသို့ပြန်သွားရန် မီဇိုးလူငယ်အသင်း (YMA) က မောင်းထုတ်လိုက်သည်ဟု သိရသည်။

နယူးကျန်ဖိုင်းမြို့၊ Helipad ရပ်ကွက်တွင်နေထိုင်သူ Pu Vum Deih Lian သည် မူးယစ်ရမ်းကား ပြသနာရှာလေ့ရှိသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်လေ့ရှိသည့်အတွက် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် ရပ်ကွက်မှထွက်ခွါ၍ မြန်မာနိုင်ငံသို့ပြန်သွားရန် အသိပေးထားကြောင်း နယူးကျန်ဖိုင်း YMA က ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလတုန်းကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.