Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရပ်ကွက်အတွင်း မူးယစ်ရမ်းကားပြီး ပြသနာရှာသော မြန်မာစစ်ရှောင် ၂ ဦးကို YMA မောင်းထုတ်

ရပ်ကွက်အတွင်း မူးယစ်ရမ်းကားပြီး ပြသနာရှာသော မြန်မာစစ်ရှောင် ၂ ဦးကို YMA မောင်းထုတ်

0
By Editor on June 24, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ စစ်ဘေးရှောင်အဖြစ်နေထိုင်သော မြန်မာစစ်ဘေးရှောင် ၂ ဦးသည် မူးယစ်ရမ်းကားပြီး ရပ်ကွက်ထဲမှာ ပြသနာရှာသည့်အတွက် မြန်မာနိုင်ငံသို့ပြန်သွားရန် မီဇိုးလူငယ်အသင်း (YMA) က မောင်းထုတ်လိုက် သည်ဟု သိရသည်။

နယူးကျန်ဖိုင်း ရပ်ကွက်တွင်နေထိုင်သူ Lalhmachhuana နဲ့ Mangkarthanga တို့ ၂ ဦးသည် ဇွန်လ ၂၂ ရက်ညက အရက်မူးပြီး ပြသနာရှာသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်သည့်အတွက် ဇွန်လ ၂၈ ရက်နေ့မတိုင်ခင် ရပ်ကွက်မှထွက်ခွါ၍ မြန်မာနိုင်ငံသို့ပြန်သွားရန် အသိပေးထားကြောင်း နယူးကျန်ဖိုင်း YMA က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ဘေးရှောင်တစ်ဦး Pu Vum Deih Lian သည် မူးယစ်ရမ်းကား ပြသနာရှာ လေ့ရှိသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်လေ့ရှိသည့်အတွက် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံသို့ပြန်သွားရန် နယူးကျန်ဖိုင်း YMA က နှင်ထုတ်ခဲ့ပြီးဖြစ်သည်။

အလားတူ မေလတုန်းကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.