Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

0
By Editor on May 23, 2025 Headline

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ မူကြိုကျောင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝ (လုံးဝ) ပတ်သက်မှုမရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ယနေ့ မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

HPO/CDF-Hualngoram တပ်ဖွဲ့မှ မေလ ၂၂ ရက်နေ့က ရိခေါဒါရ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရသူ၏ ခင်ပွန်းဖြစ်သူ TPCE Nursery ကျောင်းပိုင်ရှင် ဆရာငွန်ဆွီးထန်းသည် ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင်ဟု အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့ပြီးနောက် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ဆရာငွန်ဆွီးထန်းသည် ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင် လုံးဝ မဟုတ်ကြောင်းနှင့် ရိခေါဒါရ်မြို့ရှိ CNO ပညာရေးဌာန၏ အသိအမှတ်ပြု‌ အသင်းတော်တစ်ပါးမှ ဖွင့်လှစ်သော မူလတန်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ မှ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွင်း စေတနာ့ဝန်ထမ်းအဖြစ် ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားခဲ့ခြင်းမရှိကြောင်း CNO ပညာရေးဌာနက ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိခဲ့သည့် TPCE Nursery ကျောင်းသည်လည်း ဆရာငွန်ဆွီးထန်း တစ်ဦးတစ်ယောက်တည်း ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကာ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနအနေဖြင့် သိရှိခြင်းမရှိသည့်အပြင် အသိအမှတ်ပြုထားခြင်းလည်းမရှိကြောင်း ဖော်ပြထားသည်။

ထို့‌ကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ်တစ်ခုလုံးနှင့် ပညာရေးဌာန၏ ဂုဏ်သိက္ခာပျက်ပြားစေရန် ရည်ရွယ်ချက် သက်သက်ဖြင့် မဟုတ်မမှန် လုပ်ကြံ စွက်စွဲရေးသား ဖြန့်ဝေခြင်းသာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် အွန်လိုင်းမီဒီယာပေါ်က ဗီဒီယိုဖိုင်တွင် မြင်တွေ့နေရသော လက်နက်ကိုင်များက မူကြိုအရွယ် ကလေးသူငယ်များရှေ့မှောက်တွင် မူးယစ်ဆေးဝါးများကို ဖွင့်ဖောက် စစ်ဆေးနေခြင်းနှင့် ကျောင်းနှင့် ကျောင်းပါတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး သိုလှောင်သိမ်းဆည်းထားရှိခြင်းသည် လွန်စွာ အကျည်းတန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကဲ့သို့ အကျည်းတန်လုပ်ရပ်များနှင့် အဖွဲ့အစည်းကို မဟုတ်မမှန်စွပ်စွဲခြင်းသည် တော်လှန်ရေးအဖွဲ့အစည်းများအကြား မလိုလားအပ်သည့် ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည့်အပြင် ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ဖော်ဆောင်ရာတွင် ကြီးမားသော အဟန့်အတားများဖြစ်စေသောကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပညာရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ မေလ ၂၂ ရက်နေ့တွင် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်မှာ ဆရာငွန်ဆွီးထန်းက ဖွင့်လှစ်ထားသော TPCE မူကြိုကျောင်းကို HPO/CDF-Hualngoram တပ်ဖွဲ့က ရှာဖွေစစ်ဆေးရာမှာ ဆပ်ပြာဖူးထဲ ထည့်ထားသော ဘိန်းဖြူ ၄၂၇ ဟောင်ကို ဖမ်းဆီးရမိခဲ့သည်။

HPO/CDF-Hualngoram တပ်ဖွဲ့က အဆိုပါ မူကြိုကျောင်းကို ဝင်ရောက်ရှာဖွေချိန်တွင် ဆရာငွန်ဆွီးထန်း မရှိသောကြောင့် ဇနီးဖြစ်သူ Pi Ṭuan Kim Thiam ကို ဖမ်းဆီးခဲ့ကြပြီး ဆရာငွန်ဆွီးထန်းအား ဆက်လက်ဖမ်း ဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.