Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့တပ်စခန်းကို CDF-Hualngoram တပ်ဖွဲ့က ၂ ရက်ဆတိုက် ဝင်ရောက်တိုက်ခိုက်

ရိခေါဒါရ်မြို့တပ်စခန်းကို CDF-Hualngoram တပ်ဖွဲ့က ၂ ရက်ဆတိုက် ဝင်ရောက်တိုက်ခိုက်

0
By Editor on July 28, 2022 Headline

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ကို CDF-Hualngoram တပ်ဖွဲ့က ဇူလိုင် ၂၅ နှင့် ၂၆ ရက်နေ့က ၂ ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

CDF-Hualngoram တပ်ဖွဲ့အနေဖြင့် မြို့တွင်းစစ်ဆင်ရေးဖော်ဆောင်ကာ ရိခေါဒါရ်မြို့ တပ်စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု CDF-Hualngoram က ယနေ့ ထုတ်ပြန်ကြေညာသည်။

ပထမရက်တိုက်ပွဲမှာ မိနစ် ၄၀ ခန့်ကြာမြင့်ပြီး ဒုတိယရက်တိုင်ပွဲမှာလည်း မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း CDF-Hualngoram တပ်ဖွဲ့ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေနေကိုမူ အတိအကျ အတည်မပြုနိုင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ပွဲတွင် CDF-Hualngoram တပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.