Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် စစ်ဘေးရှောင် ၃၀၀၀ ကျော်ဝင်ရောက်ခိုလုံ

ရိခေါဒါရ်မြို့တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် စစ်ဘေးရှောင် ၃၀၀၀ ကျော်ဝင်ရောက်ခိုလုံ

0
By Editor on July 6, 2025 Headline

(005MK)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့တွင် CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ရိခေါဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံနေကြရသည်ဟု သိရသည်။

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ကစ၍ ဟွာလ်ငိုးရမ်းဒေသ Satawm, Tuichirh, Lianhna ကျေးရွာတို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီးနောက် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့မှာလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ဇူလိုင်လ ၅ ရက်နေ့က CNO/CNDF တပ်ဖွဲ့ က ရိခေါဒါရ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် ရိခေါဒါရ်မြို့အမှတ် ၁ နှင့် အမှတ် ၂ (တီအိုချောင်း) ရပ်ကွက်ကပြည်သူအားလုံးသည် တဖက်ကမ်း မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြရပြီး လက်ရှိတွင် စစ်ဘေးရှောင်အဖြစ် ဝင်ရောက်လာသူအယောက် ၃၀၀၀ ကျော်ရှိသွားပြီဟု မီဇိုရမ်ဘက်က ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံသူထဲက စစ်ဘေးရှောင်တစ်ဦးသည် ချောင်းရေဖြတ်ကူးနေစဉ်တွင် ရေထဲမျောပါပျောက်ဆုံးသွားပြီး ယနေ့ချိန်ထိအလောင်ရှာမတွေ့ကြသေးကြောင်းသိရသည်။

စစ်ဘေးရှောင်အများစုသည် ဇိုခေါထာရ်ကျေးရွာထဲက ဆွေမျိုးအသိမိတ်ဆွေသူငယ်ချင်းများထံ ခေတ္တခိုလုံကြရပြီး ဆွေမျိုးမရှိသူများအတွက် ဇိုခေါထာရ်ကျေးရွာတာဝန်ရှိသူများက ယာယီခိုလုံမည့်နေရာများပြင်ဆင်ပေးထားကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်မြို့ဖြစ်သည့် ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် CNA, CDF-Hualngoram, PDA-Tidem, CDF-Thantlang နှင့် CDF-Zanngiatram စသည့် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ပူး ပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သိမ်းယူပြီးနောက် နယ်မြေခံတပ်ဖွဲ့ဖြစ်သော HPO/CDF-Hualngoram တပ်ဖွဲ့က ရိခေါဒါရ်မြို့အပါအဝင် ဟွာလ်ငိုးရမ်းဒေသတွင် ဒေသန္တရအစိုးရအုပ်ချုပ်ရေးလုပ်ငန်းများဖော်ခဲ့သည်။

နောက်ပိုင်းတွင် CNO/CNDF တပ်ဖွဲ့နှင့် နယ်မြေဒေသအငြင်းပွားမှုကြောင့် စစ်ရေးအခြေအနေတင်းမာခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.