Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”
ပုံစာ - CNF-CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

0
By Editor on November 24, 2023 Featured

(006SV)

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းနှစ်ခုစလုံးကို ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့ပြီး ရိခေါဒါရ်မြို့တစ်မြို့လုံးကို ထိန်းချုပ်ထားတယ်လိုက်ပြီဖြစ်ပါတယ်။

စီးပွားရေး နဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေးပူး ပေါင်းတပ်က နို၀င်ဘာလ ၁၃ ရက်နေ့မှာ အပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ခုအခါမှာတော့ ရိခေါဒါရ်မြို့မှာ ချင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူ့အုပ်ချုပ်ရေးစတင်အကောင်အထည်ဖော်ဆောင်တော့မယ်လို့လည်းသိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်း ဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။ ။ ရိခေါဒါရ်မြို့မှာ ဘယ်လိုကြောင့် မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့တာလဲဆိုတာ အရင်ရှင်းပြလို့ရမလား။

ဖြေ။ ။ ရိခေါဒါရ်မြို့က အမှတ်(၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတယ်၊ အဲ့ကုန်သွယ်ရေးလမ်း ကြောင်းကိုထိန်းတဲ့မြို့ဖြစ်တယ်။ ဒီနေ့ကျွန်တော်တို့ တော်လှန်ရေးက စစ်ကောင်စီအမြစ်ပြုတ်တိုက်ဖို့ဆိုရင် အဲ့ဒီစစ်ရေးနဲ့ စစ်ရေးအပြင် သူ့ကို အထောက်အပံ့ပြုနေတဲ့ကုန်သွယ်၊စီးပွားရေး၊သံရေးတမံရေးတို့ကအစ အဲ့ဒီလိုမျိုးအကုန်လုံး လုပ်ရမှာ ဖြစ်တယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဦးတည်ချက်ပါ စစ်ကောင်စီဖြုတ်ချရေး ဖြစ်တယ်။ ပထမဦးဆုံး စစ်ကောင်စီလုပ်ငန်း ယန္တရားမလည်ပတ်နိုင်အောင် ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ လုပ်တာဖြစ်တယ်။အဲ့ဒီမှာ အဲ့ဒီမြို့ကအဓိက ကျတဲ့မြို့မှာ ပါတယ်။ အဲ့လိုပါတဲ့အတွက် ရိခေါဒါရ်မြို့ကို အဓိကကျွန်တော်တို့ရွေးပြီးတော့ ဝင်သိမ်းလိုက်တာဖြစ်တယ်။ နောက်တစ်ခု ပြည်သူလူထု တောင်းဆိုချက်ရှိတယ် အခွန်စီးကြပ်ကောက်ခံမူ၊ မူးယစ်ဆေးဝါးရောင်းမူတွေဘာတွေက အဲ့ဒီမှာ သတင်းရထားတာတွေရှိတယ် အဲ့လိုမျိုးအတွက် ရိခေါဒါရ်မြို့ကို ဝင်သိမ်းတာဖြစ်ပါတယ်။

မေး။ ။ ခုလက်ရှိမှာကော် ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ စတင်နေ ပြီလား။ ဘယ်လိုတွေအစီအစဥ်တွေရှိပါသလဲ။

ဖြေ။ ။ ပထမဆုံး ရိခေါဒါရ်ကနေ တဖက်ကို စစ်ဘေးရှောင်တဲ့ ပြည်သူလူထုတွေကို လုံလုံခြုံခြုံနဲ့ ပြန်ဝင်နိုင်အောင် လုပ်တယ်၊ အခုအားလုံးပြန်ဝင်ပြီးတော့ ကျွန်တော်တို့က သူတို့ရဲ့လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးဖက်မှာ စခန်း အနီး တဝိုက် လုံခြုံရေး၊ ပြည်သူလူထုအတွက် မိုင်းတွေဘာတွေရှင်းလင်းရေး လုပ်ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးကိုတော့ ကျွန်တော်တို့အနေနဲ့  ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်လာအောင်ဆိုပြီးတော့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ပြုနေပြီဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် နဲ့ ဖြစ်ဖို့ လုပ်သွားဖို့ဖြစ်ပါတယ်။

မေး။ ။ ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တဲ့အခါမှာ ဘယ်သူတွေနဲ့ ဖွဲ့မှာလဲ။ ဘယ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာလဲ။

ဖြေ။ ။ အဓိက တော့ CNF/CNA  နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Hualngoram/ ပြီးတော့ အဓိကကျတဲ့ ဒေသခံပြည်သူလူထုတွေနဲ့ လုပ်သွားမှာဖြစ်တယ်။

မေး။ ။ ဘယ်လို အုပ်ချုပ်မှုစနစ်မျိုးသွားမှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ အုပ်ချုပ်မူစုဖွဲ့ပုံစံကတော့ ချင်းပြည်နယ်နဲ့ ချင်းပထဝီ၊ ချင်းဓလေ့ထုံးတမ်းနဲ့ ကိုက်ညီတဲ့ အုပ်ချုပ် ရေးသာအဓိက အသုံးချရမှာပေါ့နော်။ ပြောချင်တာကတော့ အဲ့ဒီဒေသနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်မူပုံစံအဲ့တာတွေနဲ့ သွားမှာပါ။

မေး။ ။ ရိခေါဒါရ်မြို့ကို စစ်ကောင်စီတပ်ဖက်က ပြန်သိမ်းလာနိုင်တဲ့အခြေအနေတွေ၊ ထိုးစစ်ဆင်လာနိုင်တဲ့ အခြေနေတွေ ရောရှိပါသလား။

ဖြေ။ ။ အဲ့တာက သူတို့ရဲ့အင်အားပေါ်မှာမူတည်ပါလိမ့်မယ်။ အဓိကကတော့ မြေပြင်မှာကတော့ စစ်ကောင်စီတွေက အင်အား တော်တော်လေးချိနဲ့ နေပြီလို့ သုံးသပ်တယ်။ ဆိုတော့ ထိုးနိုင်တဲ့ အနေအထားက သူတို့အပေါ်မှာပဲ မူတည်ပါလိမ့် မယ်။ ကျွန်တော့်တို့ကတော့ အတတ်နိုင်ဆုံး မြေပြင်မှာတော့ ကာကွယ်သွားမှာပဲပေါ့။

မေး။ ။ ရိခေါဒါရ်မြို့က ၂ နိုင်ငံနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအချက်အချာချတဲ့မြို့ဖြစ်တယ်။ မဟာဗျူဟာကျ တယ်လို့ အရင်တုန်းက ပြောထားပါတယ်။ အခုချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားမှုအောက်မှာ နယ်စပ်ကုန်သွယ် ရေးတွေက ပြန်ခွင့်ပြုပြီလား။ ကုန်သွယ်ရေးအတွက်ဘယ်လိုမျိုးအစီအစဥ်တွေချ မှတ်ပြီးဆောင်ရွက်သွားမှာလဲ။

ဖြေ။ ။ ကျွန်တော့်တို့က သတိရှိရှိနဲ့ နယ်စပ်လမ်းကြောင်းကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဓိကကတော့ ပိတ်ပင်တာ မျိုးဘာတို့ မလုပ်ဘူး၊ အဲ့ကနေပြည်သူလူထုကို အချိန်နဲ့ သူ့စည်းမျဥ်းစည်းကမ်းလေးနဲ့ သွားနိုင်ဖို့ လမ်းဖွင့်ထားပြီးဖြစ်ပါ တယ်။ သို့သော်အခုအနေအထားမှာကတော့ အုပ်ချုပ်ရေးတွေတည်ငြိမ်တာမရှိသေးခင်တော့ လုံခြုံရေးအရ ကျွန်တော့်တို့ အဲ့တာကိုတော့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြပ်မတ်နေတာဖြစ်ပါတယ်။

မေး။ ။ ကုန်သွယ်ရေးသမားတွေ၊စီးပွားရေးသမားတွေအနေနဲ့ နယ်စပ်မှာ ကုန်စည်စီးဆင်းသွားလာမှုက ပုံမှန်ပဲလား။ ပြတ်မသွားဘူးဆိုတဲ့သဘောလား။

ဖြေ။ ။ ပြတ်မသွား ဘူး။ကျွန်တော်တို့ဖက်ကလည်း လမ်းဖွင့်ထားပြီးသား ဒါပေမယ့် စစ်ကောင်စီဖက်ကနေ အဲ့ဒီအကြား ကလေးကနေကုန်တင်ယာဥ်တွေ ကန့်သတ်တာတို့ သွားလာခွင့်မပြုတာတို့က သူတို့အပိုင်း ကျွန်တော်တို့ကတော့ ကုန်စည် စီးဆင်းမူတွေပုံမှန် သွားနိုင်အောင်၊ ပြည်သူလူထုလုံလုံခြုံခြုံနဲ့ သူတို့ စားဝတ်နေရေးအတွက် အဲ့လိုမျိုးလုပ်နိုင်အောင် ကျွန်တော်တို့ကတော့ လမ်းဖွင့်ထားပါတယ်။

မေး။ ။ တခြားဘာများ ဖြည့်စွပ်ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ ရိခေါဒါရ်မြို့အုပ်ချုပ်ရေးကို ဒေသခံတွေနဲ့ပူးပေါင်းပြီးတော့ နယ်မြေလုံခြုံရေးကအစ၊ လမ်းကြောင်းလုံခြုံရေးကအစ အတတ်နိုင်ဆုံးလုပ်ကြမှာဖြစ်တယ်။ အဲ့ဒီမှာပြည်သူလူထုရဲ့ အကြံအဥာဏ်၊ အတတ် ပညာရှင်တွေရဲ့ အကြံအဥာဏ်တွေအများကြီးလိုပါလိမ့်မယ်။ အဲ့တာတွေကိုလည်း ကျွန်တော်တို့ တဆင့်ချင်း အကောင် အထည်ဖော်သွားမှာဖြစ်တယ်။ တဖက်မှာ အိန္ဒိယနိုင်ငံနဲ့လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပုံမှန်လည်ပတ်နိုင်ဖို့ အတွက်လည်း တဖက်အစိုးရနဲ့လည်းချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.