Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်က နေအိမ်တချို့ စစ်ကောင်စီတပ်က မီးရှို့

ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်က နေအိမ်တချို့ စစ်ကောင်စီတပ်က မီးရှို့

0
By Editor on October 28, 2022 Headline

ချင်းပြည်နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် သချိုင်းကုန်းအနီးရှိ နေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့နေ့လယ် ၁၂ နာရီကျော်ကျော်ခန့်က မီးရှို့ခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ မြို့ထဲသို့ဆင်းလာသည့်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သေနတ်ပစ်ခတ်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းတို့တပ်စွဲရာတောင်ကုန်းအနီး အမှတ် ၂ ရပ်ကွက်အပေါ်ပိုင်း သချိုင်းကုန်းအနီးတွင်ရှိသော လူနေအိမ်ကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် နေအိမ်မည်မျှလောင်ကျွမ်းခဲ့သည်ကိုမူ မသိရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဒေသခံတချို့မှာ တဖက်မီဇိုရမ်ဘက်သို့ ပြေးသွားသူလည်းရှိသည်ဟု ဒေသခံကဆိုသည်။

ယနေ့မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသည်ဟုယူဆရသော တပ်သား ၂ ဦး၏ ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်သားများက သယ်ဆောင်သွားကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.