Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါဒါရ်-လိုင်းတွီလမ်း ပုံမှန်အတိုင်းပြန်လည်အသုံးပြု၍ရပြီ

ရိခေါဒါရ်-လိုင်းတွီလမ်း ပုံမှန်အတိုင်းပြန်လည်အသုံးပြု၍ရပြီ

0
By Editor on June 2, 2026 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေးလမ်းမကြီးဖြစ်သော ရိခေါဒါရ်-လိုင်းတွီကားလမ်းကို ပုံမှန်အတိုင်းပြန် လည်အသုံးပြု၍ရပြီဟု CDF-Hualngoram က ယနေ့ထုတ်ပြန်သည်။

ရိခေါဒါရ်-လိုင်းတွီကားလမ်းပိုင်းကို မေလ ၂၁ ရက်န့မှ ဇွန်လ ၁ ရက်နေ့အထိ ဒေသတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက်ရန် နံနက် ၆ နာရီမှ ၁၀ နာရီ၊ ညနေ ၅ နာရီမှ ၉ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားရာမှ ယနေ့မှ စ၍ ပုံမှန်အတိုင်း မနက် ၆ နာရီမှ ညနေ ၇ နာရီအထိ ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးလိုအပ်ချက်အရ ကားလမ်းဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားချိန်တွင် လေးစားလိုက်နာပေးကြသော မိဘ ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး နယ်မြေခံ တပ်ဖွဲ့ဖြစ်သော CDF-Hualngoram တပ်ဖွဲ့က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်လျှက်ရှိသည်။

မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်ပြီး စီးပွားရေးအချက်အချာကျသော ရိခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသောမြို့ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်း နှင့် တွန်းဇံမြို့တို့ကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်မှာ ရိခေါဒါရ်မြို့ဘက်ကို ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျှက်ရှိပြီး ဒေသခံပြည်သူတချို့ကတော့ မီဇိုရမ်ပြည်နယ်ဘက်ကို ကြိုတင်တိမ်းရှောင်မှုများလည်းရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇိုဖေဒေသတွင် လမ်းပြင်ဆင်နေစဉ်အတွင်း ကားကြီးများ ဖြတ်သန်းခွင့် ၃ လကျော် ယာယီပိတ်ပင်

စစ်ရေးအခြေအနေကြောင့် လောင်းရှည်-ဆော ကားလမ်းပိတ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.