Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိဒ်နယ်စပ်မှတဆင့် ကွမ်းသီးတင်သွင်းခွင့် အိန္ဒိယဆက်လက်ပိတ်ပင်

ရိဒ်နယ်စပ်မှတဆင့် ကွမ်းသီးတင်သွင်းခွင့် အိန္ဒိယဆက်လက်ပိတ်ပင်

0
By Editor on October 16, 2019 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ကွမ်းသီးတင်သွင်းခွင့်ကို အိန္ဒိယဘက်က ဆက်လက်ပိတ်ပင်ထားသည့်အတွက် မြန်မာဘက်မှကွမ်းသီးကုန်သည်များ အခက်ကြုံနေကြရသည်ဟု သိရသည်။

ရိခေါဒါရ်- ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့်က မီဇိုရမ်ပြည်နယ်ကို ဖြတ်သန်းပြီး အိန္ဒိယပြည်မဘက်သို့ ကွမ်းသီးတင်ပို့မှုကို ပြီးခဲ့သည့် စက်တင်ဘာလဆန်ပိုင်းစ၍ အိန္ဒိယပြည်ထည်ရေးဝန်ကြီးဌာန၏ အမိန့်ဟုဆိုကာ အာသံရိုင်ဖိုင်တပ်ဖွဲ့က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကွမ်းသီးတင်ပို့ခွင့် ပိတ်ပင်ထားသည်မှာ တစ်ကျော်လာပြီဖြစ် သည့်အတွက် ကွမ်းသီးကုန်သည်များအပြင် ဒေသခံပြည်သူများလည်း အလုပ်လက်မဲ့ဖြစ်စေသည့်အတွက် အတော်လေးအခက်ကြုံတွေ့နေကြရသည်ဟု ရိခေါဒါရ်မြို့ အမှတ်(၂) ရပ်ကွက်တွင်နေထိုင်သူ ကွမ်းသီးကိုယ်စားလှယ် ဦးပွီလားအာကပြောသည်။

“ဂိုဒေါင်တွေမှာလှောင်ထားတဲ့ ကွမ်းသီးတွေက မှိုတက်ပြီး ပုပ်သွားတာတွေရှိတယ် ထားမယ့်နေရာလည်းမရှိတော့ဘူး ဂိုဒေါင်လည်းပြည့်သွားလို့ ရွာထဲက ခန်းမမှာ သွားထားရတာ ကွမ်းသီးတွေဟိုဘက်ကမ်းကိုတင်လို့မရတော့တဲ့နောက်ပိုင်းမှာ ကျနော်တို့ပြည်သူတွေလည်း အလုပ်မရှိကြတော့ဘူး စားဝတ်နေရေးတွေအကုန်ခက်ကုန်ကြတော့တယ် ကျနောတို့ဘဲမဟုတ်ဘူး မီဇိုရမ်ဘက်က လူတွေလည်း မပြေလည်ကြတော့ဘူး’’ ဟု ဦးပွီလားအာကပြောသည်။

မြန်မာကွမ်းသီးတင်သွင်းခွင့်ကို အိန္ဒိယဘက်မှ ဘာကြောင့်ပိတ်ပင်ထားသည်ကို အတိအကျမသိရသော်လည်း ကွမ်းသီးမှတဆင့် အခွန်ငွေမှန်မှန်ကန်ကန်မရရှိသည့်အတွက်ကြောင့်ဖြစ်နိုင်သည့်အပြင် ကွမ်းသီးကြားထဲတွင် လက်နက်နှင့် မူးယစ်ဆေးဝါးများထည့်သွင်းကာ တင်ပို့လေ့ရှိသည်ဆိုသည့်သတင်းစွပ်စွဲချက်ကြောင့်လည်းဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

ယခုပိတ်ပင်မှုသည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒေသခံအဖွဲ့အစည်းများ၏ ပိတ်ပင်ခြင်းမဟုတ်ဘဲ အိန္ဒိယဗဟိုအစိုးရမှလာသည့် အမိန့်ဖြစ်သည့်အတွက် မည်သည့်အချိန်တွင် ပြန်လည်ခွင့်ပြုမည်ကိုမူ ပြောဆို၍မရကြောင်း ထိုင်စောင့်ရုံကလွဲ၍ ဘာမှမတတ်နိုင်ကြောင်း ဦးပွီလားအာကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း အိန္ဒိယဘက်သို့ ၀င်ရောက်သည့် ကွမ်းသီးသယ်သည့် ကုန်တင်ကား အစီး (၄၀) ကျော်ကို အာသံရိုင်ဖိုင်တပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးဖြစ်သည်။

ရိခေါဒါရ်-ဇိုခေါထာရ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ လူသုံးကုန်၊ စားသုံးကုန်၊ အိမ်သုံးပစ္စည်းများ၊ ကွမ်းသီးနှင့် ၀က် စသည်တို့ ကို အဓိကတင်ပို့ကြသည်။ အိန္ဒိယဘက်မှ ဓာတ်မြေသြဇာကို အဓိကတင်ပို့ကြသည်။ ယခုလောလောဆယ်တွင် ကွမ်းသီးနှင့် ဆေးလိပ်ကိုသာ အဓိကပိတ်ပင်ထားပြီး အခြားသော လူသုံးကုန်၊ စားသုံးကုန်၊ အိမ်သုံးပစ္စည်းများကိုမူခွင့်ပြုထားပြီး အိန္ဒိယဘက်မှ ဓာတ်မြေသြဇာလည်း အ၀င်အထွက်မရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.