Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိေခါဒါရ္ၿမိဳ႕အနီး ငလ်င္လႈပ္ခတ္မႈ လူေနအိမ္ႏွင့္ အေဆာက္အဦးမ်ားပ်က္စီး

ရိေခါဒါရ္ၿမိဳ႕အနီး ငလ်င္လႈပ္ခတ္မႈ လူေနအိမ္ႏွင့္ အေဆာက္အဦးမ်ားပ်က္စီး

0
By Editor on June 22, 2020 Khonumthung

#Zawgyi

By လားႏြန္ – အိႏၵိယ-ျမန္မာ အမွတ္ (၂) နယ္စပ္ကုန္သြယ္ေရးစခန္း ခ်င္းျပည္နယ္ ရိေခါဒါရ္ၿမိဳ႕ အနီးတ၀ိုက္တြင္ ယေန႔နံနက္ပိုင္း ၅ နာရီ၀န္းက်င္ခန္႔က အင္အားအသင့္အတင့္ရွိသည့္ ေျမငလ်င္လႈပ္ခတ္မႈျ ဖစ္ပြားခဲ့ၿပီး လူေနအိမ္ႏွင့္ အေဆာက္အဦးမ်ားပ်က္စီးမႈရွိခဲ့သည္။

အဆိုပါ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ရိေခါဒါရ္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ရွိ ရိျပည္ေထာင္စုရိပ္သာ မ်က္ႏွာက်က္အက္ကြဲကြာက်ပ်က္စီးမႈ၊ ျပန္ၾကာေရးႏွင့္ျပည့္သူ႔ဆက္ဆံ‌ ေရးဌာန ႐ုံးအေဆာက္အဦး အေရွ႕မ်က္ႏွာစာ နံရံမ်ားအက္ကြဲကြာက်ပ်က္စီးမႈ၊ ရိေခါဒါရ္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္ရွိ ဦးထန္းေအာင္ ေနအိမ္ ႏွစ္ထပ္တိုက္ ပင္မေဆာင္နဲ႔ကပ္လ်က္တြင္ရွိေသာ ဝရံတာ၊ မီးဖိုေဆာင္၊ ပန္းတင္ခုံမ်ား အက္ကြဲပ်က္စီးမႈ၊ ေဒၚဇြန္ကိမ္း၏ ေနအိမ္ တစ္ထပ္တိုက္ အတြင္းအိပ္ခန္းနံရံ၊ မီးဖိုေခ်ာင္၊ မီးဖိုခန္းေလွခါးအိမ္မ်ားအက္ကြဲပ်က္စီးမႈ၊ ဦးငြန္နယ္က်ဲအိုတို႔ ေနအိမ္ ႏွစ္ထပ္တိုက္ ေဆာက္လုပ္ဆဲအတြင္းနံရံမ်ားအက္ကြဲပ်က္စီးခဲ့သည္ဟု ရိဒ္ေခါဒါရ္ျမိဳ႕ ျပန္ဆက္ဦးစီးမွဴး ဦး LalPeklawma ကေျပာသည္။

“ထိခိုက္ပ်က္စီးတာေတာ့ရိွတယ္ မေနႏိုင္ေလာက္ေအာင္ ပ်က္စီးတာေတာ့မရိွဘူး၊ အိမ္ေတြက အက္တာရိွတယ္ တစ္ခ်ိဳ႕ေနရာမွာက်ေတာ့ ေတာ္ေတာ္အက္ကြဲတယ္ ေရြ႕ေျပာင္းစရာေတာ့မလိုပါဘူး၊ ထိတ္လန္႔ၾကတယ္၊ ဒီလိုမ်ိဳးမၾကံဳဖူးဘူးဆိုေတာ့  ဒါေပမဲ့လူေတြထိခိုက္ပ်က္ဆီးမႈေတာ့မရိွဘူး၊  က်ေနာ္သိသေလာက္ဆိုရင္ေတာ့ အဲေလာက္ျပင္းအားေကာင္းတာမ်ိဳးေတာ့ မၾကံဳဖူးပါဘူး ဒီတစ္ေခါက္ပဲ၊ ရံုးေတာ့တက္လို႔ရပါတယ္ ရံုးက အက္ပဲအက္တာဆိုေတာ့ တက္လို႔ရပါတယ္” ျပန္ဆက္ဦးစီးမွဴး ဦး LalPeklawma ကေျပာသည္။

ဟားခါးေျမငလ်င္စခန္းမွ အေနာက္ေျမာက္ဘက္ (၄၂) ခန္႔ကြာေ၀းေသာ ျမန္မာ-အိႏိၵယနယ္စပ္အနီး ေျမေအာက္အနက္ (၄) ကီလိုမီတာကို ဗဟိုျပဳ၍ ရစ္(ခ္)တာစေကး (၅.၉) အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ျခင္းျဖစ္သည္။

ယေန႔နံနက္ပိုင္းက လႈပ္ခတ္သြားသည့္ ေျမငလ်င္ႏွင့္ပတ္သက္၍ ရိေခါဒါရ္ၿမိဳ႕တြင္ ေနထိုင္သူအမ်ဴိးသမီးတစ္ဦးကလည္း “ဒီေန႔မနက္ ငလ်င္လႈပ္တာေတာ့ အရမ္းေၾကာက္စရာေကာင္းတယ္ အိမ္ထဲက ဘီရိုတံခါးေတြ ျပဳတ္က် မွန္တင္ခံု မွန္လည္းကြဲ ဒီလိုမ်ိဳးတစ္ခါမွမၾကံဳဖူးဘူး တစ္ခ်ိဳ႕အိမ္ေတြဆိုလည္း သိပ္ေနလို႔မရေတာ့ေလာက္ထိ ပ်က္စီးတာေတြရိွတယ္” ဟု ေျပာသည္။

အဆိုပါေျမငလ်င္ လႈပ္ခတ္မႈေၾကာင့္ တဖက္မီဇိုရမ္ျပည္နယ္ ဇိုေခါထာရ္ေက်းရြာတြင္လည္း ဘာသာေရးအေဆာက္အဦးတစ္ခ်ဴိ႕လည္း အနည္းငယ္ပ်က္စီးမႈရွိခဲ့သည္ဟု သိရသည္။

#Unicode

By လားနွန် – အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ရိခေါဒါရ်မြို့ အနီးတဝိုက်တွင် ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင်ခန့်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်မြှု ဖစ်ပွားခဲ့ပြီး လူနေအိမ်နှင့် အဆောက်အဦးများပျက်စီးမှုရှိခဲ့သည်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် ရိခေါဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရိပြည်ထောင်စုရိပ်သာ မျက်နှာကျက်အက်ကွဲကွာကျပျက်စီးမှု၊ ပြန်ကြာရေးနှင့်ပြည့်သူ့ဆက်ဆံ‌ ရေးဌာန ရုံးအဆောက်အဦး အရှေ့မျက်နှာစာ နံရံများအက်ကွဲကွာကျပျက်စီးမှု၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဦးထန်းအောင် နေအိမ် နှစ်ထပ်တိုက် ပင်မဆောင်နဲ့ကပ်လျက်တွင်ရှိသော ဝရံတာ၊ မီးဖိုဆောင်၊ ပန်းတင်ခုံများ အက်ကွဲပျက်စီးမှု၊ ဒေါ်ဇွန်ကိမ်း၏ နေအိမ် တစ်ထပ်တိုက် အတွင်းအိပ်ခန်းနံရံ၊ မီးဖိုချောင်၊ မီးဖိုခန်းလှေခါးအိမ်များအက်ကွဲပျက်စီးမှု၊ ဦးငွန်နယ်ကျဲအိုတို့ နေအိမ် နှစ်ထပ်တိုက် ဆောက်လုပ်ဆဲအတွင်းနံရံများအက်ကွဲပျက်စီးခဲ့သည်ဟု ရိဒ်ခေါဒါရ်မြို့ ပြန်ဆက်ဦးစီးမှူး ဦး LalPeklawma ကပြောသည်။

“ထိခိုက်ပျက်စီးတာတော့ရှိတယ် မနေနိုင်လောက်အောင် ပျက်စီးတာတော့မရှိဘူး၊ အိမ်တွေက အက်တာရှိတယ် တစ်ချို့နေရာမှာကျတော့ တော်တော်အက်ကွဲတယ် ရွေ့ပြောင်းစရာတော့မလိုပါဘူး၊ ထိတ်လန့်ကြတယ်၊ ဒီလိုမျိုးမကြုံဖူးဘူးဆိုတော့  ဒါပေမဲ့လူတွေထိခိုက်ပျက်ဆီးမှုတော့မရှိဘူး၊  ကျနော်သိသလောက်ဆိုရင်တော့ အဲလောက်ပြင်းအားကောင်းတာမျိုးတော့ မကြုံဖူးပါဘူး ဒီတစ်ခေါက်ပဲ၊ ရုံးတော့တက်လို့ရပါတယ် ရုံးက အက်ပဲအက်တာဆိုတော့ တက်လို့ရပါတယ်” ပြန်ဆက်ဦးစီးမှူး ဦး LalPeklawma ကပြောသည်။

ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၂) ခန့်ကွာဝေးသော မြန်မာ-အိန္ဒိယနယ်စပ်အနီး မြေအောက်အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းက လှုပ်ခတ်သွားသည့် မြေငလျင်နှင့်ပတ်သက်၍ ရိခေါဒါရ်မြို့တွင် နေထိုင်သူအမျိူးသမီးတစ်ဦးကလည်း “ဒီနေ့မနက် ငလျင်လှုပ်တာတော့ အရမ်းကြောက်စရာကောင်းတယ် အိမ်ထဲက ဘီရိုတံခါးတွေ ပြုတ်ကျ မှန်တင်ခုံ မှန်လည်းကွဲ ဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး တစ်ချို့အိမ်တွေဆိုလည်း သိပ်နေလို့မရတော့လောက်ထိ ပျက်စီးတာတွေရှိတယ်” ဟု ပြောသည်။

အဆိုပါမြေငလျင် လှုပ်ခတ်မှုကြောင့် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာတွင်လည်း ဘာသာရေးအဆောက်အဦးတစ်ချိူ့လည်း အနည်းငယ်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.