Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိ တပ်စခန်းမှ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ထိမှန်

ရိ တပ်စခန်းမှ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ထိမှန်

0
By Editor on June 13, 2023 Khonumthung

(03PT)

ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် တပ်စွဲထာသော စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့မနက်ပိုင်းမှာ အသက် ၁၂ နှစ်အရွယ်ကလေး ငယ်အပါအဝင်ပြည်သူ ၂ ဦးထိမှန်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ရိခေါဒါရ်မြို့တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များသည် သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်အတွင်း အသက် ၁၂ နှစ်လူငယ်တစ်ဦးထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

”အဲ့ဒီမနက်မှာ သေနတ်သံကြားလိုက်တယ်။ ပြီးတော့ သူတို့ရဲ နေအိမ် နံရံကို ဖောက်ဝင်သွားပြီးတော့ အိမ်ထဲက သံနဲ့လုပ်ထားတဲ့ စားပွဲ တိုင်ကို ထိုးဖေါက်ပြီးတော့ အသံချဲ့စက် Soundbox ကိုလည်း ထိုးဖောက်ပြီးတဲ့နောက် သူ့ရဲ့ ဖင်နားလေးမှာ အဲ့ဒီကျည်က ထိသွားတာ။ ဇိုခေါ်ထာရ် ဆေးရုံကို ပို့လိုက်တယ်။ ဘုရားကျေးဇူးကြောင့် ထိခိုက်တာ အရမ်းမပြင်းထန်ဘူး” ဟု နီးစပ်သူ မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဟိုင်မွလ်ကျေးရွာအနီးတွင် ခရီးသွားကုန်တင်ကား ယာဉ်နောက်လိုက်တစ်ဦးလည်း ကျည်ဆံထိမှန်ကာ အရေးပေါ် ဆေးရုံတင်ထားရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.