Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိ နယ္စပ္ဂိတ္ျဖတ္သန္းသြားလာခြင့္ျပဳေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ေရာဂါစစ္ေဆးမႈတင္းၾကပ္

ရိ နယ္စပ္ဂိတ္ျဖတ္သန္းသြားလာခြင့္ျပဳေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ေရာဂါစစ္ေဆးမႈတင္းၾကပ္

0
By Editor on March 12, 2020 Khonumthung

#Zawgyi

By လားႏြန္ – အိႏိၵယ-ျမန္မာအမွတ္ (၂) ခ်င္းျပည္နယ္၊ ရိ နယ္စပ္ကုန္သြယ္ေရးစခန္းမွတဆင့္ တဖက္မီဇိုရမ္ျပည္နယ္သို႔ လူႏွင့္ကုန္ပစၥည္းမ်ား ျဖတ္သန္းသြားလာခြင့္ကို ပိတ္ပင္ျခင္းမရွိေသးေသာ္လည္း နယ္စပ္အ၀င္/အထြက္တြင္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ရွိ/မရွိကို တင္းၾကပ္စြာစစ္ေဆးေနသည္ဟု သိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ အိႏိၵႏုိင္ငံ၊ မီဇိုရမ္ျပည္နယ္၊ က်န္ဖိုင္းခရိုင္တရားသူၾကီး S.L NAVEEN က မတ္လ (၁၀) ရက္ေန႔စြဲျဖင့္ အမိန္႔တစ္ရပ္ထုတ္ျပန္လိုက္ၿပီး အိႏိၵယ – ျမန္မာနယ္စပ္ကူသန္းသြားလာရာတြင္ ရိ-ဇိုေခါထာရ္ တံတားမွအပ က်န္ဖိုင္းခရိုင္အတြင္း အျခားနယ္စပ္နယ္နိမိတ္မ်ားမွ ျဖတ္ေက်ာ္၀င္/ထြက္သြားလာခြင့္မျပဳေၾကာင္း၊ အိႏိၵယ – ျမန္မာနယ္စပ္ကူးသန္းသြားလာခြင့္ (Special Permit) ကိုင္ေဆာင္သူမ်ားသည္လည္း ရိ-ဇိုေခါထာရ္တံတားမွသာ ျဖတ္သန္းသြားလာရမည္ျဖစ္ျပီး တံတားျဖတ္ေက်ာ္၀င္ေရာက္သူမွန္သမွ် COVID – 19 ေရာဂါစစ္ေဆးမႈခံယူရမည္ဟု ပါရွိသည္။

ထို႔အျပင္ ေန႔စဥ္မျဖစ္မေနလိုအပ္ျပီး ခြင့္ျပဳႏိုင္သည့္ ကုန္ပစၥည္းမ်ား (Permissible items) သယ္ယူပို႔ေဆာင္သူမ်ား သည္လည္း COVID – 19 ေရာဂါစစ္ေဆးမႈခံယူျပီးမွသာ သယ္ယူပို႔ေဆာင္သြားလာခြင့္ျပဳမည္ျဖစ္ေၾကာင္းႏွင့္ တံတားမွျဖတ္သန္းသြားလာသူမွန္သမွ်သည္ မီဇိုရမ္ဘက္ျခမ္းရိွ ဇိုေခါထာရ္ရဲတပ္ဖြဲ႔ စစ္ေဆးေရးဂိတ္သို႔ အမည္၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္မ်ား မျဖစ္မေနေပးအပ္ထားရမည္ဟု က်န္ဖိုင္းခရိုင္တရားသူႀကီးကထုတ္ျပန္ထားသည္။

ရိ နယ္စပ္တြင္ တာ၀န္ထမ္းေဆာင္ေနသည့္ လ.၀.က တာ၀န္ခံ ဦးေမာင္ေမာင္က “သူတို႔ (မီဇိုရမ္ျပည္နယ္) ဘက္မွာလည္း စစ္ေဆးမႈခံယူခိုင္းတယ္၊ စစ္ေဆးမႈေတြလုပ္ျပီးမွ သြားခိုင္းတယ္၊ ဟိုဘက္ကလာတဲ့ဟာလည္း က်ေနာ္တို႔က စစ္ေဆးျပီးမွ က်ေနာ္တို႔ဘက္ကို၀င္လာခိုင္းတယ္” ဟု ေျပာသည္။

ယခုလက္ရိွ ကမၻာတစ္၀န္းတြင္ျဖစ္ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အိႏိၵယ- ျမန္မာအမွတ္ (၁) တမူး – မိုးေရး ကုန္သြယ္ေရးဂိတ္သည္လည္း မဏိပူရ္ျပည္နယ္အစိုးရက မတ္လ (၉) ရက္ေန႔မွစ၍ ပိတ္ပင္လိုက္ျပီး ရိ – ဇိုေခါထာရ္ ကုန္သြယ္ေရးဂိတ္မွာလည္း မီဇိုရမ္ျပည္နယ္အစိုးရမွ တင္းၾကပ္လာျခင္းျဖစ္သည္။

အိႏိၵယ – ျမန္မာအမွတ္ (၂) နယ္စပ္ကုန္သြယ္ေရး ရိ – ဇိုေခါထာရ္ကုန္သြယ္ေရးလမ္းေၾကာင္းသည္ ခ်င္းလူမ်ိဳးအမ်ားစု အဓိကအသံုးျပဳသည့္ လမ္းေၾကာင္းျဖစ္ျပီး တရုတ္၊ ထိုင္းစသည့္ႏိုင္ငံမ်ားမွထုတ္ကုန္မ်ားကို အဆိုပါလမ္းေၾကာင္းမွတဆင့္ အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္သို႔ ကူးသန္းေရာင္း၀ယ္လ်က္ရိွၾကသည္။

Photo Credit: ရိ ျပန္ဆက္

#Unicode

By လားနွန် – အိန္ဒိယ-မြန်မာအမှတ် (၂) ချင်းပြည်နယ်၊ ရိ နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တဖက်မီဇိုရမ်ပြည်နယ်သို့ လူနှင့်ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ခြင်းမရှိသေးသော်လည်း နယ်စပ်အဝင်/အထွက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိကို တင်းကြပ်စွာစစ်ဆေးနေသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အိန္ဒိနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တရားသူကြီး S.L NAVEEN က မတ်လ (၁၀) ရက်နေ့စွဲဖြင့် အမိန့်တစ်ရပ်ထုတ်ပြန်လိုက်ပြီး အိန္ဒိယ – မြန်မာနယ်စပ်ကူသန်းသွားလာရာတွင် ရိ-ဇိုခေါထာရ် တံတားမှအပ ကျန်ဖိုင်းခရိုင်အတွင်း အခြားနယ်စပ်နယ်နိမိတ်များမှ ဖြတ်ကျော်ဝင်/ထွက်သွားလာခွင့်မပြုကြောင်း၊ အိန္ဒိယ – မြန်မာနယ်စပ်ကူးသန်းသွားလာခွင့် (Special Permit) ကိုင်ဆောင်သူများသည်လည်း ရိ-ဇိုခေါထာရ်တံတားမှသာ ဖြတ်သန်းသွားလာရမည်ဖြစ်ပြီး တံတားဖြတ်ကျော်ဝင်ရောက်သူမှန်သမျှ COVID – 19 ရောဂါစစ်ဆေးမှုခံယူရမည်ဟု ပါရှိသည်။

ထို့အပြင် နေ့စဉ်မဖြစ်မနေလိုအပ်ပြီး ခွင့်ပြုနိုင်သည့် ကုန်ပစ္စည်းများ (Permissible items) သယ်ယူပို့ဆောင်သူများ သည်လည်း COVID – 19 ရောဂါစစ်ဆေးမှုခံယူပြီးမှသာ သယ်ယူပို့ဆောင်သွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် တံတားမှဖြတ်သန်းသွားလာသူမှန်သမျှသည် မီဇိုရမ်ဘက်ခြမ်းရှိ ဇိုခေါထာရ်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်သို့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ မဖြစ်မနေပေးအပ်ထားရမည်ဟု ကျန်ဖိုင်းခရိုင်တရားသူကြီးကထုတ်ပြန်ထားသည်။

ရိ နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် လ.ဝ.က တာဝန်ခံ ဦးမောင်မောင်က “သူတို့ (မီဇိုရမ်ပြည်နယ်) ဘက်မှာလည်း စစ်ဆေးမှုခံယူခိုင်းတယ်၊ စစ်ဆေးမှုတွေလုပ်ပြီးမှ သွားခိုင်းတယ်၊ ဟိုဘက်ကလာတဲ့ဟာလည်း ကျနော်တို့က စစ်ဆေးပြီးမှ ကျနော်တို့ဘက်ကိုဝင်လာခိုင်းတယ်” ဟု ပြောသည်။

ယခုလက်ရှိ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ- မြန်မာအမှတ် (၁) တမူး – မိုးရေး ကုန်သွယ်ရေးဂိတ်သည်လည်း မဏိပူရ်ပြည်နယ်အစိုးရက မတ်လ (၉) ရက်နေ့မှစ၍ ပိတ်ပင်လိုက်ပြီး ရိ – ဇိုခေါထာရ် ကုန်သွယ်ရေးဂိတ်မှာလည်း မီဇိုရမ်ပြည်နယ်အစိုးရမှ တင်းကြပ်လာခြင်းဖြစ်သည်။

အိန္ဒိယ – မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ရိ – ဇိုခေါထာရ်ကုန်သွယ်ရေးလမ်းကြောင်းသည် ချင်းလူမျိုးအများစု အဓိကအသုံးပြုသည့် လမ်းကြောင်းဖြစ်ပြီး တရုတ်၊ ထိုင်းစသည့်နိုင်ငံများမှထုတ်ကုန်များကို အဆိုပါလမ်းကြောင်းမှတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကူးသန်းရောင်းဝယ်လျက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.