Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်ချုပ်ရေးယန္တရားကိုထောက်ပံ့နေသူ ၁၀ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့

ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်ချုပ်ရေးယန္တရားကိုထောက်ပံ့နေသူ ၁၀ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့

0
By Editor on June 14, 2024 Headline

(006SV)

ချင်းပြည်နယ်မြို့တော်ဟားခါးကို သိမ်းပိုက်နိုင်ရေး ဖော်ဆောင်နေသည့် ရုန်းတောင် စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စု ယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရုန်းတောင်စစ်ဆင်ရေးတွင် အဆင့် နှစ်ဆင့် ခွဲခြားထားပြီး ပထမအဆင့်မှာ စစ်ကောင်စီ၏ လူနှင့် လက်နက်အင်အားကို ရိုက်ချိုး၊ ဖြတ်တောက်နိုင်ရန်ဖြစ်ကြောင်း CDF- ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဲဒီမှာ ပြည်နယ်နဲ့ ခရိုင် စစ်ကောင်စီရဲ့ ယန္တရားတွေကို ဖြတ်တောက်ဖို့ ရည်မှန်းထားတာ ရှိတယ်။ အဲဒါကြောင့်ပဲ ဝန်ကြီးတွေ ကိုလည်း သွားပစ်ရတာဖြစ်တယ်။ ကျန်တဲ့ ဝန်ကြီးတွေ၊ ရွေးကောက်ပွဲမှာပါတဲ့ အဖွဲ့ကော၊ သူတို့နဲ့ ပူးပေါင်းတဲ့ အဖွဲ့ကော၊ ပြီးတော့ မြို့နယ်မှူးနဲ့အထက် အရာရှိတွေကိုလည်း ကျနော်တို့က ပစ်မှတ်ထားတာ ရှိတယ်။ ဒါက ရုန်းစစ်ဆင်ရေးရဲ့ အဆင့် ၁ ပေါ့နော်” ဟု ၎င်းက ပြောသည်။

ရုန်းတောင်စစ်ဆင်ရေး (၇) လတာအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု (၂၁) ကြိမ် ရှိခဲ့ပြီး ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ လက်နက် (၆) လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများထဲ ပါဝင်ဆောင်ရွက်နေသူ၊ ပံ့ပိုးကူညီနေသူ ၁၀ ဦးခန့်ကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

မြောက်ပိုင်း ညီနောင် (၃) ဖွဲ့ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး၏ တစ်လပြည့် ၁၁၂၇ နေ့တွင် စတင်ခဲ့သော ရုန်းတောင်စစ်ဆင် ရေးသည် ပထမအဆင့်တွင် စစ်ကောင်စီ ယန္တရားများကို အကျပ်အတည်းဖြစ်အောင် ဖော်ဆောင်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

“အစိုးရယန္တရားနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ နောက်ပြီးတော့ ယန္တရားလည်ပတ်မှုကိုလည်း ကျနော်တို့က တော်တော်လေး ဟန့်တားလုပ်နိုင်ပြီး။ စစ်ခွေး(စစ်ကောင်စီ)ဘက်ကလည်း အကျပ်အတည်းတွေ ရနေပြီပေါ့။ Non- CDM တွေရောပေါ့နော်။ ကျန်တဲ့အပိုင်းတွေလည်း ရှိတယ်။ တော်တော်လေးတော့ အလုပ်ဖြစ်လာပြီပေါ့နော်” ဟု CDF- ဟားခါးဥက္ကဌက ပြောသည်။

ရုန်းတောင်စစ်ဆင်ရေး၏ ဒုတိယအဆင့်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဟားခါးမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ယင်းအတွက် လက်နက်အင်အားများ ဖြည့်တင်းရန် ကူညီထောက်ပံ့မှုများလိုအပ်လျှက်ရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.