Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို CDF-Hakha ဝင်ရောက်စီးနင်း၊ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်

ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ဟားခါးမြို့မရဲစခန်းကို CDF-Hakha ဝင်ရောက်စီးနင်း၊ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကိုကယ်ထုတ်

0
By Editor on July 20, 2024 Headline

ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းအနီးတွင်တည်ရှိသော မြို့မရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ယနေ့မနက်ပိုင်း ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်လာသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ရုန်းတောင်စစ်ဆင်ရေး (Operation Rung) အမည်ဖြင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် Chinland Defense Force – Hakha မှ ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။

ထိုရုန်းတောင်စစ်ဆင်ရေးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး အကျဥ်းသား ၆၂ ဦး (အမျိုးသား ၄၉ ယောက်နှင့် အမျိုးသမီး ၁၃ ယောက်) တို့ကို ကယ်ထုတ်ခဲ့ကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

ရုန်းတောင်စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလက စတင်ဖော်ဆောင်ခဲ့ကြပြီး ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စုယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း CDF-Hakha ထံမှ သိရသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.