Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရုပ်အလောင်းရှာသွားသည့် အရပ်သား ၅ ဦးကို CDF-Hualngoram က ပြန်လွှတ်ပေး

ရုပ်အလောင်းရှာသွားသည့် အရပ်သား ၅ ဦးကို CDF-Hualngoram က ပြန်လွှတ်ပေး

0
By Editor on August 19, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသတွင် တိုက်ပွဲအတွင်းကျဆုံးသွားသော ရဲဘော်တစ်ဦး၏ ရုပ်အလောင်းရှာဖွေရန် သွားရောက်ခဲ့သော အရပ်သား ၅ ဦးကို စစ်ဆေးမေးမြန်ရန် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ကောင်း မွန်စွာ ပြန်လွှတ်ပေးလိုက် ပြီဟု CDF-Hualngoram တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ရိခေါဒါရ်မြို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးသွားသော CNDF ရဲဘော် Uk Lian Piang ၏ ရုပ်အလောင်းကို ရှာဖွေရန် မိသားစုဝင် ၅ ဦးက ရိခေါဒါရ်မြို့ဘက်ကို လာရောက်သည့်အချိန် ဩဂုတ်လ ၁၆ ရက်နေ့ မှာ CDF- Hualngoram က လျန်နှာကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၅ ဦးကို ရိခေါဒါရ်စခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက် တစ်ညအိပ်စေကာ နောက်တနေ့ ဩဂုတ်လ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း CDF-Hualngoram မှ တာဝန်ရှိသူ ကိုဗဲင်ပွီးအားက ပြောသည်။

“ကျွန်တော်တို့လောလောဆယ်မှာ CNO/CNDF နဲ့ ငြိမ်းချမ်းရေးစာချုပ်လဲ မချုပ်ဆိုနိုင်သေးဘူးပေါ့နော်၊ ဆိုတော့ ကျွန် တော်တို့ ဒေသမှာ လုံခြုံရေးအရ သူစိမ်းဖြစ်ဖြစ် အဝင်အထွက်တင်းကြပ်ထားတာရှိတယ်ပေါ့နော်။ ဒါနဲ့ သူတို့လုံခြုံ‌ရေးဂိတ် ဖြတ်လာတော့ အရက်ကလဲ တအားမူးကြတယ်။ မေးတဲ့အခါကျတော့ သူတို့ထဲက ၃ ယောက်လောက်က CNDF ပါလို့ ပြောတယ်။ နောက်လူကျတော့ CDF-Ngawn ပါ လို့ပြောပြန်တဲ့အခါကျတော့ ဗီဒီယိုပြန့်သွားတဲ့ဟာလဲ အဲဒါပဲပေါ့နော်။ ကျွန်တော်တို့ ရဲဘော်တွေကလဲ စစ်ဆေးမေးမြန်းလို့ရအောင် ထိန်းသိမ်းပြီးတော့ စခန်း‌ကို ခေါ်သွားတယ်။ ကျွန်တော်တို့ သေချာစစ်ဆေးပြီးမှ ပြန်လွှတ်ပေးတယ်ပေါ့နော်” ကိုဗဲင်ပွီးယာကပြောသည်။

ဖမ်းဆီးခံရသူများမှာ Varung ကျေးရွာသား Val Tuan Kim (အသက် ၂၆ နှစ်)၊ Mickle (အသက် ၂၃ နှစ်) ၊ Bawi Deih Sang (အသက် ၂၆ နှစ်) နှင့် Belawi ကျေးရွာသား Lalmuansang (အသက် ၂၇ နှစ်)၊ Thang Hin Piang (အသက် ၄၃ နှစ်)တို့ဖြစ်ကြသည်။

၎င်းတို့သည် တိုက်ပွဲအတွင်းကျဆုံးခဲ့သော ၎င်းတို့၏ ညီတော်စပ်သူ CNDF ရဲဘော် Uk Lian Piang ရုပ်အလောင်းအား လာရောက်ရှာဖွေကြခြင်းဖြစ်ပြီး ရုပ်အလောင်းမတွေ့ရှိဘဲ အိမ်အပြန်လမ်းတွင် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဟု သိရသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် Hualngoram ဒေသအတွင်း လွတ်လပ်စွာ သွားလာနိုင်ကြောင်း၊ စစ်ရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် ပုံမှန်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်‌ရှိကာ ပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုဘဲ ကြည်ဖြူစွာဖြင့် စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း CDF-Hualngoram တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.