Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရေဇွာမြို့မှ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေကြရ

ရေဇွာမြို့မှ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်နေကြရ

0
By Editor on February 10, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ရေဇွာမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ အကြားတိုက်ပွဲပြင်းထန်လာမှုနဲ့ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုတွေကြောင့် မြို့ပေါ်မှာရှိ ကြတဲ့ပြည်သူအာလုံးဟာ အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။

“ရေဇွာမြို့မှာ ဘယ်သူမှမရှိဘူး စစ်တပ်က နေရာယူထားတယ်။ ရေဇွာစခန်းမှာတိုက်ပွဲဖြစ်လို့လေ စစ်တပ်နဲ့ CDF တွေရဲ့တိုက်ပွဲကြောင့်အဲဒီအနီးတဝိုက်ကရွာတွေကတိမ်းရှောင်တယ် အလှမ်းဝေးတဲ့နေရာမှာကိုပြောင်း တာတော့မရှိဘူး အနီးနားမှာပဲခိုလုံနေကြတယ် အဲဒီနောက်ပိုင်း မတူပီကနေ ထိုးစစ်ဆင်လာတဲ့နောက်ပိုင်းမှပဲ ရေဇွာတစ်မြို့ကလူတွေက ပြည်ပဘက်ကိုထွက်ခွါတဲ့လူတွေရှိသလို ထန်တလန်မြို့နယ်ဘက်က အိန္ဒိယ-နယ်စပ်ဘက်ကိုတိမ်းရှောင်တဲ့သူလည်းရှိတယ်” ဟု ရေဇွာမြို့အနီးက ဒေသခံတစ်ဦးကပြောပါတယ်။

ဇိုတုန်မျိုးနွယ်စုတွေအများစုနေထိုင်ကြတဲ့ ရေဇွာမြို့ဟာ မတူပီ-ဟားခါးကားလမ်းမပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပြီး အိမ်ခြေ ၈၀၀ ကျော် နဲ့ လူဦးရေ ၄ ထောင်ကျော်လောက်ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလကစပြီး CDF-Zotung တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွား လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ နဲ့ CDF-Zotung အပါဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးခဲ့တယ်လို့ CDF-Zotung ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတူပီမြို့ကနေ ရေဇွာမြို့ကို စစ်အင်အားဖြည့် တင်းကာ ရေဇွာမြို့မှာတပ်စွဲထားတာကြောင့်မြို့ခံပြည်သူအများစုဟာ အဲဒီချိန်ကတည်းက ထွက်ပြေးတိမ်း ရှောင်လာခဲ့ရာကနေ ခုဆိုရင် ရေဇွာမြို့မှာပြည်သူတစ်ယောက်မှမကျန်တော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထန်တ လန်မြို့က ပြည်သူအားလုံးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက မြို့ကိုစွန့်ခွါပြီး အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.