Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချ၊ စစ်သုံ့ပန်းဆိုင်ရာဉပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု ဆို 

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချ၊ စစ်သုံ့ပန်းဆိုင်ရာဉပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု ဆို 

0
By Editor on November 29, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချအညံ့ခံခဲ့ပြီး ယင်းတို့ကို စစ်ရေးဆိုင်ရာ လုပ်ထုံလုပ်နည်းအရ ဆက်လက်ကိုင်တွယ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ရေဇွာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ဦးကို အရှင်ဖမ်းမိတယ်။ ဖမ်းမိသူတွေထဲမှာ ဘယ်လိုရာထူးတွေ ပါသလဲ မသိရသေးဘူး။ ကျနော်တို့မှာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေရှိပါတယ်။ အဲဒါနဲ့ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ၏ ဦးဆောင်မှုဖြင့် ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၆ ရက်တွင်  စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရေဇွာမြို့ကို အလုံစုံသိမ်းပိုက်နိုင်ခဲ့ပြီး CNF/CNA မှ ရဲဘော်တစ်ဦး၊ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁)ဦး၊ CDF-Lautu မှ (၁) ဦး စုစုပေါင်း (၄) ဦးတို့ ကျဆုံးခဲ့သည်၊

တပ်သား ၅ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၄၀ မှာ လက်နက်ချခဲ့ပြီး ရေဇွာမြို့အထိုင်စခန်းမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ရေဇွာမြို့ အသိမ်းမခံရရေးအတွက် နိုဝင်ဘာလ ၂၈ ရက် နေ့လည် ၃ နာရီခန့်မှစတင်၍ လေကြောင်း ပစ်ကူအများအပြားဖြင့် ခုခံခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင်လည်း လေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့သည်၊

လေကြောင်းတိုက်ခိုက်မှုသည် ယင်း ၂ ရက်အတွင်း ဗုံးကြဲချမှု (၂၀) ဝန်းကျင်ရှိမည်ဟု CDF-Zotung ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းဒယ်နီက ပြောသည်။

ရေဇွာမြို့သည် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်နှင့် လိုင်လင်းပီမြို့ပြီးရင် တတိယမြောက် သိမ်းပိုက်ထိန်းချုပ်လိုက်သော မြို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.