Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချ၊ စစ်သုံ့ပန်းဆိုင်ရာဉပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု ဆို 

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချ၊ စစ်သုံ့ပန်းဆိုင်ရာဉပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု ဆို 

0
By Editor on November 29, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချအညံ့ခံခဲ့ပြီး ယင်းတို့ကို စစ်ရေးဆိုင်ရာ လုပ်ထုံလုပ်နည်းအရ ဆက်လက်ကိုင်တွယ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ရေဇွာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ဦးကို အရှင်ဖမ်းမိတယ်။ ဖမ်းမိသူတွေထဲမှာ ဘယ်လိုရာထူးတွေ ပါသလဲ မသိရသေးဘူး။ ကျနော်တို့မှာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေရှိပါတယ်။ အဲဒါနဲ့ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ၏ ဦးဆောင်မှုဖြင့် ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၆ ရက်တွင်  စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရေဇွာမြို့ကို အလုံစုံသိမ်းပိုက်နိုင်ခဲ့ပြီး CNF/CNA မှ ရဲဘော်တစ်ဦး၊ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁)ဦး၊ CDF-Lautu မှ (၁) ဦး စုစုပေါင်း (၄) ဦးတို့ ကျဆုံးခဲ့သည်၊

တပ်သား ၅ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၄၀ မှာ လက်နက်ချခဲ့ပြီး ရေဇွာမြို့အထိုင်စခန်းမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ရေဇွာမြို့ အသိမ်းမခံရရေးအတွက် နိုဝင်ဘာလ ၂၈ ရက် နေ့လည် ၃ နာရီခန့်မှစတင်၍ လေကြောင်း ပစ်ကူအများအပြားဖြင့် ခုခံခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင်လည်း လေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့သည်၊

လေကြောင်းတိုက်ခိုက်မှုသည် ယင်း ၂ ရက်အတွင်း ဗုံးကြဲချမှု (၂၀) ဝန်းကျင်ရှိမည်ဟု CDF-Zotung ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းဒယ်နီက ပြောသည်။

ရေဇွာမြို့သည် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်နှင့် လိုင်လင်းပီမြို့ပြီးရင် တတိယမြောက် သိမ်းပိုက်ထိန်းချုပ်လိုက်သော မြို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.