Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရေဘေးသင့် ပလက်ဝစစ်ဘေးရှောင်များအတွက် ဒုတိယအကြိမ် အရေးပေါ်လှူဒါန်းမှုများ ထပ်မံဆောင်ရွက်

ရေဘေးသင့် ပလက်ဝစစ်ဘေးရှောင်များအတွက် ဒုတိယအကြိမ် အရေးပေါ်လှူဒါန်းမှုများ ထပ်မံဆောင်ရွက်

0
By Editor on June 18, 2025 Khonumthung

(004SS)

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ပလက်ဝမြို့နယ်စစ်ဘေးရှောင်စခန်း (၃) ခုမှ ရေဘေးသင့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် အရေးပေါ်ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ကြောင်း ပလက်ဝ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

ဇွန်လ ၁၄ ရက်နေ့တွင် ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနမှ စစ်ဘေးရှောင်နှင့် ရေဘေး သင့်ပြည်သူများအား ဆန် ၁၈၀ အိတ်၊ မိုးကာ ၁၀၀ ချပ်နှင့် အိမ်သာခွက်ပိုက် ၁၀၀ အပါအဝင် အခြေခံလိုအပ်ချက် ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဒီတစ်‌ခေါက် ဒုတိယအကြိမ်အနေနဲ့ ရေဘေးသင့်ပြည်သူတွေတွက် အဖွဲ့အစည်းတွေ အလှူရှင်တွေရဲ့ အကူအညီတွေကို သွားရောက် ဖြန့်ဖြူးတာဖြစ်ပါတယ်။ ပစ္စည်း ၃ မျိုးကို camp leader တွေဦးဆောင်ပြီး စာရင်းဇယားနဲ့ မျှမျှတတပေးသွားမှာပါ။ ဒီတစ်ခေါက်တော့ ဆန်ရယ်၊ မိုးကာရယ်၊ အိမ်သာသုံးပိုက်ရယ် ဖြန့်ဖြူးပေးတာပါ။ အခုကပြန် လည်ထူထောင်ရေးအတွက် အမိုးရပြီဆိုတော့ အဖွဲ့အစည်း၊ အလှူရှင်တွေအနေနဲ့ အကာအတွက် လိုအပ်နေသေး တယ်ဆိုတာ ပြောပြချင်ပါတယ်။ အလှူရှင်များအားလုံးအပေါ် ကျေးဇူးတင်ပါတယ်” ဟု ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနမှ ဌာနမှူးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်ပြန်လည်တည်ဆောက်ရန် သစ်၊ ဝါး၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေဆဲဖြစ်သည်။

ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းနိုင်ရန် ခန့်မှန်းခြေကုန်ကျစရိတ်များကိုလည်း ဖော်ပြထားပြီး အိမ်တစ်လုံးတန်ဖိုး – အိန္ဒိယရူပီး ၂၀,၀၀၀ မှ ၂၅,၀၀၀ ၊ အိမ်သာတစ်လုံးတန်ဖိုး အိန္ဒိယရူပီး ၂,၅၀၀ မှ ၃,၀၀၀ ၊ ဆန် ၅၀ ကီလိုအိတ်- အိန္ဒိယရူပီး ၂,၁၀၀ မှ ၂,၅၀၀ ကုန်ကျမည်ဟု သိရသည်။

လှူဒါန်းလိုပါက ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးဌာနသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

ပြီးခဲ့သော ဇွန်လ ၇ ရက် နှင့် ၈ ရက်နေ့တို့ကလည်း စစ်ရှောင်စခန်း ၃ ခုရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ် ၁၃၀၊ ဆီ၊ ပဲ၊ အာလူးစသည့် အခြေခံစားနပ်ရိက္ခာများကို လူသားစာနာကူညီရေးဌာနနှင့် ပလက်ဝကောင်စီတို့ပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သည်။

မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ပလက်ဝ စစ်ဘေးရှောင်များနေထိုင်သည့် မီဇိုရမ် ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ တွီဒင်း၊ ကာကီနှင့် လောင်မဆူ စစ်ဘေးရှောင်စခန်းများမှ အိမ်ခြေ ၁၄၁ အိမ်၊ လူဦးရေ ၇၂၉ ဦး ရေဘေးဒဏ်သင့်ခဲ့ပြီး လုံးဝပျက်စီးသွားသည့် အိမ်ခြေ ၉၁ အိမ်၊ အိမ်သာ ၁၁၂ လုံး ပျက်စီးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.