Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရေးဘေးသင့် ပလက်ဝစစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးအပ်

ရေးဘေးသင့် ပလက်ဝစစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးအပ်

0
By Editor on June 11, 2025 Khonumthung

(004SS)

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ပလက်ဝမြို့နယ်စစ်ဘေးရှောင်စခန်း (၃) ခုမှ ရေဘေးသင့် ပြည်သူများအား အရေးပေါ်ကူညီထောက်ပံ့မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပလက်ဝ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူ ညီရေးအဖွဲ့က ‌ယနေ့တွင် ထုတ်ပြန်သည်။

လူသားစာနာကူညီရေးဌာနနှင့် ပလက်ဝကောင်စီတို့ပူးပေါင်း၍ ဇွန်လ ၇ ရက် နှင့် ၈ ရက်နေ့တို့တွင် တွီဒင်း၊ ကာကီနှင့် လောင်မဆူ စစ်ဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ် ၁၃၀၊ ဆီ၊ ပဲ၊ အာလူးစသည့် အခြေခံစားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ခြင်းဟု သိရသည်။

“အဘက်ဘက်ကနေ ကူညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အလှူတွေကို ပူးပေါင်းဆောင်ရွက်ပေးပြီးမှ ကျွန်တော်တို့ ဝန်ဆောင်မှု ပေးရခြင်းဖြစ်ပါတယ်။ ဆိုတော့ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရှိသလို ထပ်ပြီးမှ လူသားစာနာ အခြေခံစားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအတွက် အရေးကြီး လိုအပ်ချက်တွေကို အကူအညီတောင်းလိုပါတယ်” ဟု ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနမှ ဌာနမှူးက ပြောသည်။

ယခုရေဘေးကြောင့် အထက်ပါ စစ်ရှောင်စခန်း ၃ ခုအတွင်း မူလအိမ်ခြေ ၄၇၂ နှင့် လူဦးရေ ၂၂၈၃ ဦးရှိသည့်အနက် အိမ်ခြေ ၁၄၁ နှင့် လူဦးရေ ၇၂၉ ဦး ရေဘေးဒဏ်သင့်ခဲ့ပြီး လုံးဝပျက်စီးသွားသည့် အိမ်ခြေ ၉၁ ခု၊ အိမ်သာ ၁၁၂ လုံး ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များ၊ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်များ များစွာရှိနေသေးကြောင်း သိရသည်။

လိုအပ်ချက်များစွာအနက် ရေးဘေးသင့်ပြည်သူများ၏ နေအိမ်ပြန်လည်တည်ဆောက်ရန် အမိုးအကာ၊ သစ်ဝါး၊ ရေသန့်ပိုက်၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေ‌ကြောင်း စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးအဖွဲ့က ဆိုသည်။

အိမ်တစ်လုံးပြန်လည်တည်ဆောက်ရန် ခန့်မှန်းခြေ ရူပီးငွေ ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ၊ အိမ်သာတစ်လုံးအတွက် ၂,၅၀၀ မှ ၃,၀၀၀ ရူပီးအထိ ကုန်ကျမည်ဟု သိရသည်။

ပြည်တွင်း၊ ပြည်ပရှိ ပရဟိတအဖွဲ့များနှင့် စေတနာရှင်များအနေဖြင့် ရေဘေးသင့်ပြည်သူများအား ဆက်လက်ကူညီထောက်ပံ့နိုင်ရန် ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနက တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.