Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ် မုဒိမ်းကျင့်အသတ်ခံလိုက်ရ၊ လူမတွေ့အလောင်းရှာမရဖြစ်နေ ဆိုတဲ့သတင်းအမှား

ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ် မုဒိမ်းကျင့်အသတ်ခံလိုက်ရ၊ လူမတွေ့အလောင်းရှာမရဖြစ်နေ ဆိုတဲ့သတင်းအမှား

0
By Editor on November 10, 2021 Headline

အဆိုပါသတင်းအမှားကို ဝေဖြိုးနိုင် ဆိုတဲ့ Account ကနေစတင်ဖြန့်‌‌‌ဝေခဲ့တာဖြစ်ပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တပ်ဖွဲ့မှူးက ရဲပြေး ဒုကြပ် ဒုန်နှဲမ်လာလ်သည် နိုဝင်ဘာ (၃) ရက်နေ့မှာ CDM ပြုလုပ်သွားရာမှ (၃) ရက်အတွင်းပျောက်ဆုံးနေကြောင်း သိရသည်” လို့ရေးသားဖော်ပြထားတာဖြစ်ပါသည်။

ဒါအပြင် CDF အဖွဲ့အတွင်း လူမျိုးကြီးချင်းမျိုးနွယ်များနှင့် မင်းတပ်အရှိုချင်း ဂန့်ဂေါအဖွဲ့တို့က ပြဿနာလွဲချနေကြပြီး CDM ရဲမေ ဒုန်နှဲမ်လာလ်ကို လက်ခံထားသူအဖွဲ့ကို မေးမရမြန်းမရဖြစ်နေပြီး မည်သည့် CDF အဖွဲ့မှတာဝန်မယူသေးကြောင်းသိရသည်လို့ Facebook စာမျက်နှာမှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

နောက် Thami Lay Account တစ်ခုကလည်း “ဒီသတင်း အရင်ရက်ကလည်းတွေတယ်၊ အပုပ်ချသတင်းလားမသိဆိုပြီး နေလိုက်တာ၊ ဒီနေ့သတင်းထပ်တွ့သလို ချင်းဂျင်းမီးဒီယာ Zalan ကမဟုတ်ဘူးလို့ ထငြင်းတော့ ဟုတ်ဖို့များတယ်လို့သေချာသွားတယ် သူရှင်းထားတာက အဲ့ဒီရဲမေက မိသားစုဆီသွားနေနေတာတဲ့ CDF ထဲရောက်သွားသူတွေ အိမ်ပြန်တယ်လို့ မရှိပါ၊ တကယ်ပြန်အုံးတော့ သက်သေပုံလောက်တော့ ပြနိုင်ရမှာပေါ့၊ အခုတော့စာနဲပဲ ရှင်းထားတော့ သတင်းကမှန်ဖို့များတယ်။ နိုဝင်ဘာ (၃) ရက်မှ CDM ဆိုတော့ တကယ် သူ့စိတ်ရင်းနဲ့ လုပ်တာမဟုတ်လောက်၊ ဖမ်းဆီးအနိုင်ကျင့်ပြီးမှ CDM လုပ်ပါတယ်ဆိုပြီး သတင်းလွင့်တာြဖစ်မယ်“ မူရင်းသတင်းအမှားကို ကိုးကားပြီး ပြန်လည်ဖြည့်စွက်ရေးသားဖော်ပြထားတာတွေ့ရသည်။

CDM ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ်နဲ့ ပတ်သက်သည့် ထွက်ပေါ်နေတဲ့သတင်းအပေါ် သူ့မိတ်ဆွေတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့သတင်းကအမှားပါ။ ရဲမေးလေနဲ့ ကျမ အဆက်သွယ်ရပါတယ်။ အေးအေးဆေးဆေးပဲရှိပါတယ်။ မိသားစုများနဲ့အဆက်သွယ်မလုပ်နိုင်ဘူးဆိုရင်တောင် အေးအေးဆေးဆေး အဆင်ပြေတဲ့နေရာမှာရှိပါတယ်။” ဟု ပြောပါသည်။

ဒါကြောင့် CDM ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ် မုဒိမ်းကျင့်အသတ်ခံလိုက်ရ၊ လူမတွေ့အလောင်းရှာမရဖြစ်နေ ဆိုတဲ့ Facebook စာမျက်နှာမှာပြန့်နေတဲ့ သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတဲ့ အစိုးရဝန်ထမ်းများစွာဟာ CDM ပြုလုပ်လာကြတာနဲ့အမျှ CDM ပြုလုပ်လာသည့် အစိုးရဝန်ထမ်းများနှင့် CDF တို့ကြား အချင်းချင်းယုံကြည်ခြင်းကင်းမဲ့အောင် သတင်းတု၊ သတင်းအမှားများဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့မှုများပြားလာပါသည်။

သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတု သတင်းအမှားများကို ဖတ်ရှုပြီး အချိန်မကုန်စေပဲ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက သတင်းကိုသာဖတ်ရှုသင့်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတောင်သို့ အင်အားရာချီနှင့်တက်လာသော စစ်တပ်ကို CC နှင့် CB တို့ ပူးပေါင်းစုဖွဲ့ခုခံနေ

ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်ဒါဏ်ရာရ

ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.