Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရဲမှူးမှ အမှာစကားပြောမည်ဟုဆိုကာ ပလက်ဝမှ ချင်းလူငယ် ၄ ဦး ထပ်မံဖမ်းဆီးခံရ

ရဲမှူးမှ အမှာစကားပြောမည်ဟုဆိုကာ ပလက်ဝမှ ချင်းလူငယ် ၄ ဦး ထပ်မံဖမ်းဆီးခံရ

0
By Editor on October 14, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ အချုပ်ခန်းတွင် ၅ လအကြာ ချုပ်နှောင်ခံထားရပြီး အောက်တိုဘာလ ၁၂ ရက်နေ့က အပြစ်မရှိဟုဆိုကာ တရားရုံမှ ပြန်လွတ်ပေးခဲ့သော ပလက်ဝမှ ချင်းလူငယ် ၄ ဦးကို နောက်တစ်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရဲမှူးကြီးမှ အမှာစကားပြောမည်ဟုဆိုကာ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

“မနေ့ကလည်း လွတ်လာပြီး သူတို့ကို ညနေပိုင်းလောက်က စစ်တပ်ကနေပြီးမှ အမှာစကားတွေပြောအုံးမယ်ဆိုပြီးမှ ခေါ်သွားတယ်။ ဒီနေ့လည်း ၁၀ နာရီခွဲလောက်က ရဲမှူးကြီးက အမှာစကားတွေပြောအုံးမယ်ဆိုပြီး အဲ့လိုပုံစံမျိုးနဲ့ ခေါ်သွားတာပဲ။ မိသားစုဝင်တွေကိုတော့ ရဲစခန်းဆက်သွယ်လာတယ်။ သူတို့ကို အချုပ်ထဲ ထည့်ထားလိုက်တယ်လို့ပြောတယ်။ လူကြီးတွေက ထည့်ခိုင်းလို့ထည့်တာ အကြောင်းအရင်းကို သူတို့လည်းမသိဘူး။” ဟု ပြောသည်။

အဆိုပါ ၄ ဦးတို့ကို မည်သည့်အကြောင်းကိစ္စဖြင့် ပြန်လည်ဖမ်းဆီးကြောင်းကိုလည်း မိသားစုဝင်များမှာ သိိရှိခွင့်မရရှိသည့်အပြင် ယနေ့ထပ်မံဖမ်းဆီးခံရပြီးနောက် ရဲစခန်းတွင် ဝင်ခွင့်မရခြင်းနှင့် တွေ့ခွင့်ပါ မရရှိကြောင်းကိုလည်း ၎င်းက ထပ်မံပြောကြားသည်။

စက်တင်ဘာလ ၂၂ ရက်နေ့က အဂ္ဂါပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သော ဦးရာကျော်ကို တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လည်လွတ်ပေးခဲ့သော် ၎င်းနှင့်အတူဖမ်းဆီးခံရသော အိုက်ထွန်းမင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ အောင်ထွန်းစိုး (ခ) အားလူးတို့ကိုမူ ယနေ့တွင် ပြန်လည်ဖမ်းဆီးခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးတို့သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးရန်အတွက် အလှူငွေကောက်ခံသည့် ကိစ္စနှင့်ပက်သက်၍ ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.