Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တမူးမြို့၊ ထန်းတပင်ကျေးရွာဒေသခံများ နယ်စပ်နေရာများတွင် တဲထိုးပြီးနေထိုင်ကြရ
ပုံစာ - ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့က စစ်ကောင်စီတပ်ကမီးရှို့ခဲ့သည့်ထန်တပင်ကျေးရွာ။

ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တမူးမြို့၊ ထန်းတပင်ကျေးရွာဒေသခံများ နယ်စပ်နေရာများတွင် တဲထိုးပြီးနေထိုင်ကြရ

0
By Editor on January 12, 2024 Headline

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသည့် ထန်းတပင်ကျေးရွာက ဒေသခံများသည် ယနေ့ချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ အန္ဒိယ- မြန်မာနယ်စပ်ဘက်တွင် တဲထိုးနေထိုင်ကြရသည်ဟု ဒေသခံ များက ပြောသည်။

ထန်းတပင်ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ပြန်မယ့်နေရာမှ မရှိတာ၊ အိမ်မှ မရှိကြတော့တာ၊ တဲထိုးပြီး နေကြတယ်။ သွပ်ပြားတွေ မီးလောင်တဲ့ မကောင်းတဲ့ဟာတွေလည်း သွားယူကြပြီး နယ်စပ်တွေမှာနေကြတာ၊ ရွာထဲဝင်ရင်လည်း ဘာမှနေလို့မရတာ ဘယ်မှာသွားနေမလဲ အိမ်တွေကနည်းနည်းပဲကျန်တာ” ဟု ပြောသည်။

လက်ရှိချိန်တွင်လည်း တမူးမြို့နယ်ဘက်တွင် စစ်ရေးအခြေအနေ မတည်ငြိမ်သေးတာကြောင့် ပြည်သူများ စိုးရိမ် ကြောက်ရွံပြီး နေရပ်ပြန်၍ နေအိမ်များ ပြုပြင်ခြင်းများ လုပ်ဆောင်ရန် ခက်ခဲနေသဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင် အဆင်ပြေသလို နေထိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။

ရွာခံတချို့မှာလည်း တမူးမြို့ပေါ်နှင့် တခြားကျေးရွာရှိ ဆွေမျိုးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။

ချင်းလူမျိုးအများစုနေထိုင်သည့် ထန်းတပင်ကျေးရွာသည် ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး ပြည်သူအားလုံးကို ဘောလုံးကွင်းထဲသို့ ခေါ်ဆောင်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထန်းတပင်ကျေးရွာခံ ပြည်သူများသည်  အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့ပေါ်နှင့် နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးခဲ့ကြရပြီး အဝတ်အထည်၊ တာလပတ်မိုးကာ၊ ဆန်၊ ဆီ၊ ဆား အပါအဝင် ဆေးဝါးများ အကူအညီ လိုအပ်နေသည်ဟု စစ်ရှောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့က အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ထန်းတပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ဘုရားကျောင်းအပါဝင် အိမ်ခြေ ၂၃၀ ခန့်မီးလောင်ပြာကျခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.