Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ချင်းပါတီတက်မည်မဟုတ်

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ချင်းပါတီတက်မည်မဟုတ်

0
By Editor on May 20, 2021 Khonumthung

By လားနွန် – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲအစည်းအဝေးသို့ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီတက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

CNLD ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းပီပီ က “သွားရေးလာရေး လုံခြုံရေးကအစ အခက်အခဲ ဖြစ်နေလို့ မတက်ရောက်ပါ” ဟုပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မေလ ၂၁ ရက်နေ့တွင် နိုင်ငံရေးပါတီအသီးသီးတို့နှင့် တွေဆုံညှိုနှိုင်းစည်း ဝေးပွဲပြုလုပ်ရန် မေလ ၁၀ ရက်နေ့ကတည်းက နိ်ုင်ငံရေးပါတီအသီးသီးထံ ဖိတ်ကြားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း နိုင်ငံရေးပါတီအချိူ့နှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးဖြစ်ကာ ချင်းနိုင်ငံရေးပါတီထဲမှ ZNRDP တစ်ပါတီသာလျှင်တက်ရောက်ခဲ့သည်။

အဆိုပါပထမအကြိမ်တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ (၉၁) ရှိသည့်အနက် (၅၃) ပါတီတက်ရောက်ခဲ့ကြပြီး အခြား (၃၈) ပါတီတို့မှာ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.