Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရှာဟာမြို့က သုံးဘီးတက္ကစီယာဉ်မောင်းကို သတ်သွားသူမှာ မိန်းမခိုးပြေးရန် လာရောက်သူများဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

ရှာဟာမြို့က သုံးဘီးတက္ကစီယာဉ်မောင်းကို သတ်သွားသူမှာ မိန်းမခိုးပြေးရန် လာရောက်သူများဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

0
By Editor on January 27, 2024 Khonumthung

မီဇိုရမ်ပြည်နယ်တောင်ပိုင်း မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ရှာဟာ (Siaha) မြို့တွင် သုံးဘီးတက္ကစီယာဉ်မောင်းတစ်ဦးကို သတ်သွားသူ ၄ ဦး၏ အချက်အလက်ကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ယမန်နေ့က ထုတ်ပြန်ကာ ၎င်းတို့သည် မိန်းမခိုးပြေးရန် ချင်းပြည်နယ်မှ ရောက်ကြသော ချင်းလူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။

ရှာဟာမြို့ ECM ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် သုံးဘီးတက္ကစီ (Auto rickshaw) ယာဉ်မောင်း KL Zoasa သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က ၎င်းတို့ ၄ ဦးက လောင်တလိုင်မြို့သို့ ငှါးရမ်းကာ သတ်ဖြတ်ခဲ့ကြသည်။

KL Zoasa ကိုသတ်ဖြတ်သူ ၄ ဦးစလုံးကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကာ ၎င်းတို့သည် စစ်ဘေးရှောင်များမဟုတ်ကြဘဲ ရခိုင်လူမျိုးများ AA နှင့်ပတ်သက်သူများဟု မီဇိုးကျောင်းသားသမဂ္ဂ MZP နှင့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် NUA က ဇန်န၀ါရီလ ၂၅ ရက်ညမှာ ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ မဟာမိတ်ရေးရာ၊ သတင်းပြန်ကြားရေးနှင့် ဖြန့်ချီရေးဌာနက ကျုးလွန်သူများ၏ သတင်းအချက်အလက်ကို စုံစမ်းခဲ့ရာတွင် ၎င်းတို့ ၄ ဦးစလုံးသည် ရခိုင်လူမျိုးများမဟုတ်ကြဘဲ ချင်းပြည်နယ် ပလက်၀မြို့နယ် မရာနယ်ကျေးရွာတစ်ရွာဖြစ်သည့် Raka ကျေးရွာတွင် နေထိုင်ကြသူများဟု သိရသည်။

၎င်းတို့သည် သူငယ်ချင်းဖြစ်သူအတွက် မိန်းမခိုးပြေးရန် ရှာဟာမြို့သို့ လာရောက်ကြသူများဖြစ်ကြပြီး ယခုကဲ့သို့ လူသတ်မှုကျူးလွန်ရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.