Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လက်နက်ကိုင်အဖွဲ့အစည်းနာမည်ကို ခုတုံးလုပ်ပြီး မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်း ရပ်တန့်ရန် CDF-Paletwa က သတိပေးထုတ်ပြန်

လက်နက်ကိုင်အဖွဲ့အစည်းနာမည်ကို ခုတုံးလုပ်ပြီး မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်း ရပ်တန့်ရန် CDF-Paletwa က သတိပေးထုတ်ပြန်

0
By Editor on October 11, 2023 Khonumthung

(003PT)

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့၏အမည်ကို ခုတုံးလုပ်ပြီး နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မှုများ ရှိနေသည့်အတွက် ရပ်တန်းကရပ်ကြရန် CDF-Paletwa က အောက်တိုဘာ လ ၈ ရက်နေ့က သတိပေးထုတ်ပြန်သည်။

ယခုရက်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်းရှိ အင်္ဂလီကန် အသင်းတော်မှ အသင်းသူ/သား တစ်ချို့တို့သည်  လက်နက်ကိုင် အဖွဲ့၏ အမည်ကို ခုတုံးလုပ်ပြီး အင်္ဂလီကန် အသင်းတော်၏ အသင်းလူကြီးများထံ ခြိမ်းခြောက်စာပေးပို့ခြင်း၊ မဟုတ် မမှန်သတင်းများဖြန့်‌ေ၀ခြင်း၊ လက်နက်ကိုင်အဖွဲ့များ၏ နာမည်ဆိုးထွက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း၊ အချင်း ချင်းစိတ်၀◌မ်းကွဲစေမည့် သတင်းအချက်အလက်များဖြင့် ၀◌ါဒမှိုင်းတိုက်ခြင်းစသည်တို့ကို လုပ်ဆောင်လျှက်ရှိသည်ဟု CDF-Paletwa ကဆိုသည်။

ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သူ ဆလိုင်းမျိုးထိုက်က “ကျွန်တော်တို့က မြေပြင်မှာ ဖြစ်နေတဲ့ ဘာသာ ရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တဲ့ကိစ္စတွေမှာ အခုနလို လက်နက် ကိုင်အဖွဲ့အစည်းတွေဆိုပြီးမှ လက်နက်ကိုင်အဖွဲ့တွေကို နာမည်ပျက်အောင် အဲ့လိုလုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့က လုံးဝကို ရှုတ်ချပါတယ်၊ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာက အာဏာရှင်ဖြုတ်ချရေးနှင့် ပြည်သူ့လွတ်မြောက် ရေးပဲ၊ ကျွန်တော်တို့ က အဲ့ဒီ ဘာသာရေးတွေ၊ လူမှုရေးတွေကို အခြေခံပြီးမှ မလုပ်ဘူး” ဟုပြောသည်။

CDF-Paletwa သည် ချင်းပြည်နယ်အတွင်း ချင်းနယ်မြေကာကွယ်‌ရေးတပ်ဖွဲ့များနှင့်အတူ တစ်နိုင်ငံလုံး၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းလျက်ရှိပြီး ပြည်သူ့လွတ်မြောက်ရေးအတွက် တစ်စိုက် မတ်မတ် ဦးတည်လျက် တော်လှန်နေသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့်အလျောက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွပ်ဖက်ခြင်း လုံးဝမရှိကြောင်း CDF-Paletwa ကဆိုသည်။

ထို့ကြောင့် ယခု ထုတ်ပြန်သည့်နေ့မှစ၍ တော်လှန်ရေးအမည်ကို ခုတုံးလုပ်ကာ အဖျက်အမှောက် အဟုန့်အတားဖြစ်စေသော မည်သည့် လုပ်ရပ်ကိုမဆို ရပ်တန်းကရပ်ရန်နှင့် ဆက်လက်ကျူးလွန်မှု လုပ်ဆောင်နေပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF-Paletwa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.