(06TT)
ကလေးမြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝန်းထဲ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာကုန်းကျေးရွာ အသက် ၃ နှစ်ရွယ် ကလေးငယ်အပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၂၇ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်တွင်တည်ရှိသော သာယာကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းလက်နက်ကြီးကျည်သည် ကျေးရွာအတွင်းရှိ ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲကာ အိမ်ထဲတွင်နေထိုင်ကြသော မိသားစုဝင်များထိခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ နှစ်ရွယ်ကလေးငယ်မှာ ခြေထောက်ထိကာ ခွဲစိတ်ရန်လိုအပ်မည်ဟု CNO Upper Chindwin Region ကထုတ်ပြန်သည်။