Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လက်နက်အင်အားမမျှမှုနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့်အခြေနေကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရ

လက်နက်အင်အားမမျှမှုနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့်အခြေနေကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရ

0
By Editor on March 17, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာ သည့်အတွက် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ယနေ့ချိန်ထိ CDF-Kanpetlet တပ်ဖွဲ့နှင့် တိုက်ပွဲတောက် လျှောက်ဖြစ်ပွားနေပြီး လက်နက်အင်အားမမျှမှုကြောင့် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု CDF-Kanpetlet က ယနေ့ထုတ်ပြန်လိုက်သည်။

“မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် တပ်မ ဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်’’ ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၁ ရက်နေ့က CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာရာ CDF-Kanpetlet တပ်ဖွဲ့နှင့် ရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟုသိရသည်။

ထို့နောက် မတ်လ ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင် တပ်ဖျောက်ထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF – Kanpetlet ၊ CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw- PDF တို့မှ တောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဖက်မှ ၂ ဦး သေဆုံးခဲ့ပြီး မတ်လ ၁၄ ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှအထိအခိုက်အကျအဆုံးမသိရကြောင်း CDF-Kanpetlet ကထုတ်ပြန်သည်။

CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw – PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် မတ်လ ၁၅ ရက်နေ့ နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့တိုက်ပွဲတွင် မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ ဖက်မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ထပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ မတ်လ ၁၅ ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး ဒေသခံပြည်သူအချို့လည်းပျောက်ဆုံးမှုရှိနေသည်ဟု သိရသည်။

ယခုလက်ရှိတွင် ကန်ပက်လက်မြို့နယ်ထဲမှ လူဦးရေ ၁၂၀၀ ဝန်းကျင်ခန့်ရှိသော စမ္မသား၊ စံအိမ်နူး ခီတော် မကြား ကျေးရွာမှဒေသခံရွာသားများသည် တောတောင်ထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်းသိရသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် တောက်လျှောက်ထိုးစစ်ဆင်လာနေသည့် အတွက် ပြည်တွင်း၊ပြည်ပ ရှိမိဘပြည်သူများနှင့်တော်လှန်ရေးထောက်ပို့ တပ်များအနေဖြင့် လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ရေး အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြရန် CDF-Kanpetlet က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.