Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လာမည့် ၅ နှစ်အတွင်း ဖလမ်းမြို့အား ချင်းပြည်နယ်တွင် အလှပဆုံးနှင့် အတိုးတက်ဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်မည်ဟု စစ်တပ်ခန့် ချင်းလွှတ်တော်ဥက္ကဌပြော

လာမည့် ၅ နှစ်အတွင်း ဖလမ်းမြို့အား ချင်းပြည်နယ်တွင် အလှပဆုံးနှင့် အတိုးတက်ဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်မည်ဟု စစ်တပ်ခန့် ချင်းလွှတ်တော်ဥက္ကဌပြော

0
By Editor on September 1, 2026 Headline

(004SS)

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖြစ်သဘောမဟုတ်ဘဲ ဒေသခံများ၏ လိုအပ်ချက်ပေါ် မူတည်၍ စနစ်တကျ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ကြရန်နှင့် လာမည့် ၅ နှစ်အတွင်း ချင်းပြည်နယ်တွင် အလှပဆုံးနှင့် အတိုးတက်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မည်ဟု အာဏာသိမ်းစစ်တပ်ခန့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက ပြောသည်။

ဩဂုတ်လ ၂၉ ရက်နေ့၊ စနေနေ့ က ဖလမ်းမြို့ FBC ဘုရားကျောင်းတွင် ကျင်းပသည့် “ဖလမ်းမြို့အား ဘုရားသခင်ထံ ဆုတောင်းအပ်နှံခြင်း” (Sathi Luan) အစီအစဉ်မှာ ဦးကောလ်လျန်းထန်းက ထိုကဲ့သို့ပြောကြားသွားခြင်းဖြစ်သည်။

“အခု ကျွန်တော်တို့ဖလမ်းမြို့ကို ပြန်လည်ထူထောင်တဲ့အခါမှာ ဖြစ်သလိုဆိုတဲ့ဟာကို ဖျောက်ပစ်ရမယ်။ အလုပ်လုပ်ရင် အဖြစ်သဘောနဲ့မလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ်။ ရေရှည်မျှော်မှန်းချက်နဲ့ တစ်နှစ်နဲ့မပြီးရင် နှစ်နှစ်၊ နှစ်နှစ်နဲ့မပြီးရင် သုံးနှစ် လုပ်ဆောင်သွားရမယ်။ အမိုးမိုးတာကစလို့ ဒေသခံတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အရည်အသွေးနဲ့ စံချိန်စံညွှန်းမီအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ရပ်မိရပ်ဖ ပြည်သူတွေ ငြိမ်သက်ခြင်းနဲ့ ငြိမ်းချမ်းခြင်း ရှိဖို့လိုတယ်။ ဘုရားသခင်အလိုတော်ရှိရင် အခု အချိန်တန်ပြီ။ နောက်လာမဲ့ ၅ နှစ်အတွင်း ကျွန်တော်တို့ ဖလမ်းမြို့ဟာ ချင်းတောင်မှာ အလှပဆုံး အတိုးတက်ဆုံးဖြစ်လာစေရမယ်။ အတူတကွပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရပ်မိရပ်ဖ ပြည်သူတွေ အစိုးရနဲ့ ပူးပေါင်းပြီး အားလုံးအား စိုက်ထုတ်ကြရအောင်။” ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် ဖလမ်းမြို့ရှိ လက်ရှိ ကုတင် (၂၀၀) ဆံ့ ဆေးရုံတစ်ခုတည်းသာမက မြို့ရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အားလုံးကို စနစ်တကျ တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ ဆေးရုံအား နိုင်ငံတကာအဆင့်မီ ဆေးရုံအဖြစ် အဆင့်မြှင့် တင်ရန်အတွက်လည်း ဒေသခံများ လိုအပ်ချက်အပေါ် အစီအစဉ်ဆွဲပြီးပါက အထက်သို့ တင်ပြသွားမည်ဟုလည်း ပြောကြားသည်။

ရပ်မိရပ်ဖ ပြည်သူများအနေဖြင့် အစိုးရနှင့် ပူးပေါင်းကာ ဗိုလ်ချုပ်အောင်ဆန်းပြောသကဲ့သို့ “သူတစ်ပါး ခြေတစ်လှမ်း လှမ်းလျှင် မိမိက ခြေ ၂ လှမ်း လှမ်းရမယ်” ဆိုသည့်အတိုင်း ဖလမ်းပြည်သူများအနေဖြင့် အခြားသော မြို့များနှင့် တန်း တူအခြေအနေသို့ ရောက်ရှိရန် သူတစ်ပါး ခြေ တစ်လှမ်းလှမ်းနေချိန် မိမိတို့က ၅ လှမ်း လှမ်းရမည်ဟုလည်း ၎င်းက တိုက်တွန်းသည်။

ထာဝရဘုရားထံ ဖလမ်းမြို့အား အပ်နှံသည့် ဆုတောင်းပွဲ အဆိုပါအစီအစဉ်တွင် စစ်တပ်ခန့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦး၊ ချင်းပြည်နယ် နယ်လုံဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ဌာနဆိုင်ရာလူကြီးများနှင့် ဧည့်သည်တော်များ၊ မြို့ခံပြည်သူ ၃,၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး စုပေါင်းဆုတောင်းခြင်း၊ ဝတ်ပြုခြင်းနှင့် ညစာ သုံးဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ဖလမ်းမြို့သည် အာဏာသိမ်းစစ်တပ်က လေကြောင်းနှင့် မြေပြင်သာလွန်အင်အားဖြင့် ၆ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလ ၂၅ ရက်နေ့က ပြန်လည်သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်ပြီး လက်ရှိတွင် မြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.