Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

0
By Editor on August 8, 2025 Headline

NUG ယာယီသမ္မတနှင့် ဝန်ကြီးများက CB အဖွဲ့၏ လက်သံပြောင်မှုကို ချီးမွမ်းဟုဆို

(006SV)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်းမော်တို့နှင့် ချင်းညီနောင် (CB) ထိပ်ပိုင်းခေါင်းဆောင်တို့သည် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဇူလိုင်လ တတိယပတ်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ KIO/ KIA ၏ ဖိတ်ခေါ်မှုဖြင့် ချင်းညီနောင်အဖွဲ့ ခေါင်းဆောင်များက သွားရောက်ခဲ့ပြီး KIO/ KIA နှင့်သာမက NUG အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး အောင်မြင်သည့် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“ခရီးစဉ်မှာတော့ KIO/ KIA ရဲ့ ဖိတ်ခေါ်မှုနဲ့ သွားခဲ့တယ်။ တွေ့ဆုံ ဆွေးနွေးကြတယ်။ အဓိကက တော်လှန်ရေးကို မဟာဗျူဟာ ကျကျ ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ၊ အရင်ကထက် ပိုပြီးတော့ နီးကပ်တဲ့ ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဒီတော်လှန်ရေး အရွေ့ဖြစ်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာမျိုးတွေ ဆွေးနွေးခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးကြတယ်ပေါ့လေ။ ပြီးတော့ NUG က ယာယီသမ္မတကြီးနဲ့ သူတို့ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ နဲ့လည်း စုံစုံလင်လင် ရှိနေတဲ့အခိုက်အတန့်နဲ့ ကြုံတယ်။ အဲလိုဆိုတော့ ကျနော်တို့အတွက် ကောင်းသွားတယ်။ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်။ NUG သမ္မတကြီးနဲ့ ဒီပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း ဒီလိုပါပဲ၊၊ ကျနော်တို့ ချင်းပြည်နယ်မှာ ဘယ်အဖွဲ့က ဘယ်လို မြို့တွေ သိမ်းတယ်။ ဘယ်အဖွဲ့က ဘယ်လို လက်သံပြောင်တယ်ဆိုတာ သူတို့ သိထားကြတယ်။ သူတို့တွေလည်း ချီးမွမ်းတယ်။ ရှေ့ဆက်ပြီးမှ တော်လှန်ရေး အရွေ့ဖြစ်အောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ၊ ဘာတွေ လုပ်ဖို့ လိုနေသလဲ၊ သူတို့ ဘယ်လိုစဉ်းစားထား တာတွေ ရှိတယ်။ ဘယ်လို လုပ်ကြမယ်ဆိုတဲ့ အပိုင်းတွေပေါ့နော်။ အပြန်အလှန် ဆွေးနွေးကြပါတယ်။ ကျနော်တို့မှာတော့ အများကြီး သင်ယူလေ့လာစရာတွေ ရှိပါတယ်” ဟု ကိုယောမာန်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီး ဦးကျော်နီတို့နှင့် CB ခေါင်းဆောင်တို့၏ အစည်း အဝေးပြီး ရိုက်ကူးထားသော ဓါတ်ပုံများလည်း တွေ့ရသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကတော့ ချင်းညီနောင်အဖွဲ့၏ လိုင်ဇာခရီးစဉ် သည် ၄ နှစ်သားအရွယ် ချင်းတော်လှန်ရေးတပ်ဖွဲ့များအတွက် မှတ်ကျောက်တစ်ခုဖြစ်ခဲ့သည်ဟု လူမှုကွန်ယက်မှာ ရေးသားထားသည်။

“သင်ယူစရာတွေ လေ့လာစရာတွေအများကြီး တွေ့ခဲ့ရတယ်။ တော်လှန်ရေးဘိုးအေတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ဘယ်လို စဥ်းစားကြသလဲ။ ဘာတွေလုပ်ဆောင်နေပြီ၊ စသဖြင့်ပေါ့။ ဒီခရီးစဥ်က ဘယ်အဖွဲ့ကိုမှ ထိခိုက်နစ်နာစေတဲ့ ခရီးစဥ် မဟုတ်ပါဘူး။ ဒီထက်စည်းလုံကြဖို့ ဒီထက်ကြိုးစားကြဖို့ သင်ခန်းစာတွေ ရခဲ့တဲ့ ခရီးစဥ်ပါပဲ။ နောက် ယခုခေတ်က transparent (ပွင့်လင်းမြင်သာမှု) ရှိရှိ အလုပ်လုပ်ရမည့် ခေတ်ဖြစ်တယ်။ ဘယ်အရာမဆို ဖုံးကွယ်လို့ မရပါဘူး။ လူတွေကိုလိမ်နေလို့ ရတဲ့ ခေတ်မဟုတ် တော့ဘူး။ လမ်းတွေပွင့်လာပြီ။ ရှေ့ဆက်ပြီး အားလုံးပူပေါင်း လုပ်ဆောင်ကြရမှာပဲ” ဟု ဆလိုင်းတင်မီက ပြောသည်။

KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ချင်းညီနောင်အဖွဲ့နှင့် တွေ့ဆုံရာတွင် ချင်းတော်လှန်ရေးနှင့် ပတ်သက်၍ အမှာစကား လက်ဆောင်ကိုလည်း ပေးလိုက်ကြောင်းလည်း ဆလိုင်းတင်မီပြောသည်။

“ဗိုလ်ချုပ်ရဲ့အမှာစကားကတော့ ချင်းဆိုတဲ့ နွားလှည်းကြီးကို CB နဲ့ CNF ဆိုတဲ့နွားသိုးကြီးနှစ်ကောင်ကဆွဲရမှာပဲ။ အဲလိုဆွဲလို့ရ အောင် လှည်းပေါ်ကနေနှာဖာကြိုးနဲ့ မောင်းပေးမည့် လူ (Platform) တော့လိုတယ်” ဟု ဆလိုင်းတင်မီက ရေးသားဖော်ပြသည်။

စစ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလတွင် ချင်းပြည်နယ်တွင် ချင်းညီနောင်အဖွဲ့သည် ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ ကျင်ဒွေးမြို့၊ ဖလမ်းမြို့နှင့် မတူပီမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရာများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ချင်းညီနောင်အဖွဲ့သည် ULA/ AA စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေသည့်အပြင် အညာဒေသ တော်လှန်ရေးတပ် ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့ (CB)ကို CDF – မင်းတပ်၊ CDF – မတူပီ၊ CDF – ကန်ပက်လက်၊ PDF- Zoland ၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)၊ CNO/ CNDF တို့က နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

ဟားခါးမြို့ပေါ်မှာ ပိုက်ဆံအတောင်းကြမ်းသည့် နယ်ထိန်းကားကို တိုက်ခိုက်ရာ တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.