Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

0
By Editor on November 25, 2023 Headline

(003/006 PT-SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နို၀င်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

“ကျနော်တို့ ဒီနေ့မှပဲ အပြီးသိမ်းနိုင်ခဲ့တာဖြစ်တယ်။ သိမ်းတဲ့အချိန်မှာ တချို့အများစုက ထွက်ပြေးသွားတယ်။ ဘယ်ဘက်ကိုဆုတ်ပြေးသလဲဆိုတာ မသိရသေးဘူး။ အခုက နယ်မြေရှင်းလင်းရေး အမြန်ဆုံးလုပ်နေတယ်။ မြို့သိမ်းတာက အပြီးသိမ်းလိုက်ပြီ၊ လိုင်လဲန်းပီမြို့ကို ကျနော်တို့ အပြီးထိန်းချုပ်ထားတဲ့အောက်မှာ ရှိနေပြီ” ဟု ဆလိုင်းထက်နီကပြောသည်။

အင်အား ၃၀ ကျော်ရှိသော လိုင်လင်းပီမြို့က စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစတင်ကာ ချင်းကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကစတင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေအကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၄ ရက်မြောက် ယနေ့မနက်ပိုင်းမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

“ဒီစခန်းကို အပြီးသိမ်းနိုင်ဖို့ဆိုပြီးတော့ လုပ်တဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှုက ကျွန်တော်တို့ကို ဟန့်တားနိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ၄ ရက်မြောက်မှပဲ ကျွန်တော်တို့ အဲ့ဒီလိုဝင်သိမ်းနိုင်တာဖြစ်တယ်ပေါ့။ မြို့သိမ်းတိုက်ပွဲလုပ်တဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးကတော့ ထန်တလန်ပြီးရင်တော့ ဒီ လိုင်လင်းပီတိုက်ပွဲဖြစ်လိမ့်မယ်” ဟု ဆလိုင်းထက်နီကပြောသည်။

လိုင်လင်းပီမြို့စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေ အတိကျမသိရကြောင်း၊ အများစုမှာ ထွက်ပြေးသွားကြသည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီထံ မှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဖက်က ဗိုလ်မှူးအဆင့်အရာရှိတစ်ဦးလည်း သေဆုံးကြောင်း သတင်းများထွက်ပေါ်သော် လည်း အတည်ပြု၍မရသေးပေ။

လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒုတိယမြောက်သိမ်းပိုက်နိုင်သည့်မြို့ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း များအကောင်အထည်ဖော်သွားမည်ဟု ဆလိုင်းထက်နီက ပြောသည်။

“ကျွန်တော်တို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ လက်ရှိ CDF-Mara ကနေ ဦးဆောင်မှုနှင့် အဲ့ဒီမှာ နယ်မြေလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ မြို့အုပ်ချုပ်ရေးကို ဒေသခံတွေကိုယ်တိုင် ဦးဆောင်တဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့က ဖော်ဆောင်ဖို့ ဖြစ်ပါလိမ့်မယ်” ဟု ဆလိုင်းထက်နီကပြောသည်။

လိုင်လင်းပီမြို့သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိပြီး ချင်းပြည်နယ် မြောက်ပိုင်း နှင့် တောင်ပိုင်းဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအရ ချိတ်ဆက် ဆောင်ရွက်မှုလုပ်သည့်နေရာတွင် အဓိကအချက်အချာကျသော လမ်းကြောင်းပေါ်တွင်တည်ရှိသော မြို့ဖြစ်သည်။

လိုင်လင်းပီမြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သည့် CDF-Mara၊ CDF -Matupi၊ CDF-Lautu နှင့် CDF -Zophei တို့က စသည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပါ၀င်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

GZA၊ YDF ခေါင်းဆောင်နှင့်ရဲဘော်များ လုပ်ကြံပစ်ခတ်ခံရမှုကို အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ကြေညာ

HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.