Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ထိန်းချုပ်ထားဟုဆို၊ MDF နှင့် AA အင်အားအလုံးအရင်းဖြင့်ဝင်လာ၍ ခဏရှောင်ပေးခြင်းဟု ကြားကာလမရာနယ်ကောင်စီပြော

လိုင်လင်းပီမြို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ထိန်းချုပ်ထားဟုဆို၊ MDF နှင့် AA အင်အားအလုံးအရင်းဖြင့်ဝင်လာ၍ ခဏရှောင်ပေးခြင်းဟု ကြားကာလမရာနယ်ကောင်စီပြော

0
By Editor on July 16, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသရှိ လိုင်လင်းပီမြို့ကို ဇူလိုင် ၁၁ ရက်မှစတင်၍ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က ထိန်းချုပ်ထားကြောင်း သတင်းရရှိသည်။

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်ပေါင်းစုတို့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက လိုင်လင်းပီစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် CDF – Mara ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားသော လိုင်လင်းပီမြို့ကို ၈ လနီးပါးအကြာမှာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က အာရက္ခတပ်တော် (ULA/AA) အကူအညီဖြင့် ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“လိုင်လင်းပီမြို့နဲ့ အနီးတဝိုက် အားလုံးကို MDF က ထိန်းချုပ်ထားပါတယ်။ နယ်မြေရှင်းလင်းရေကတော့ မြို့ပတ်ဝန်းကျင်ကို လုပ်နေတယ်။ လမ်းတွေမှာ ရှင်းလင်းရေးတွေကတော့ လုပ်နေတာတွေ့တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှစတင်၍ လိုင်လင်းပီမြို့နှင့် အနီးဝန်ကျင်းဒေသကို မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က ထိန်းချုပ်ထားပြီး မြို့အနီးနှင့် လမ်းများတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

MDF/MTC နှင့် ULA/AA တပ်များက လိုင်လင်းပီမြို့ကို အင်အားအလုံးအရင်းဖြင့် တက်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမရှိစေရန် CDF – မရာနှင့် CNA ပူးပေါင်းတပ်တို့က ခဏတာရှောင်ပေးခြင်းဖြစ်ကြောင်း ကြားကာလမရာနယ်ကောင်စီ IMC ပြောရေးဆိုခွင့်ရှိသူ ဂျေဆန်စီက ပြောသည်။

“စစ်ရေးလိုအပ်ချက်အရ ပြည်သူကို ငဲ့ညှာပြီးတော့ ပြည်သူတွေ အသက်အန္တရာယ်နဲ့ စိုးရိမ်ရမှုမရှိအောင် ကျနော်တို့ ခဏပဲ ရှောင်ပေးတာဖြစ်တယ်။ ထိန်းချုပ်တာတော့ သူတို့က ထိန်းချုပ်နိုင်တာ မဟုတ်သေးဘူး။ ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေးကော်မတီမှာ အချက် ၈ ချက်မှာ နှစ်ဖက်စလုံးက ပစ်ခတ်မှုမဖြစ်အောင် ရှောင်ပေးတာပဲရှိတယ်။ စာချုပ် နောက်ဆုံးမှာ ဘာရှိလဲဆိုတော့ အချက် ၈ ချက်ကို အရင်ဆုံး ဖောက်ပြန်တဲ့အဖွဲ့က ပူးပေါင်းဆောင်ရွက်မှု မဖြစ်ချင်ဘူးဆိုတာကို ရည်ရွယ်တယ်ဆိုပြီးတော့ ထည့်ထားတာရှိတယ်။ ကျနော်တို့က မရာပြည်သူတွေကို စိုးရိမ်မှု မရှိအောင်ဆိုပြီးတော့ သူတို့က အင်အားအလုံးအရင်းနဲ့ တက်လာတဲ့အခါကြတော့ ခဏတဖြုတ် ရှောင်ပေးတာပဲရှိတယ်။ သူတို့ထိန်းချုပ်တာ ဘာမှ မရှိသေးဘူး။ မထိန်းချုပ်သေးဘူး” ဟု ကြားကာလမရာနယ်ကောင်စီ၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MDF/MTC ၏ ဆောင်ရွက်လာမှုများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိထားပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကာ အတိုင်းအတာတစ်ခု ကျော်လွန်လာလျှင် သည်းခံတော့မည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို စောင့်ကြည့်နေကြောင်း ကြားကာလမရာနယ်ကောင်စီကပြောသည်။

MDF ၊ AA/ ULA အနေဖြင့် CDF- မရာ၊ CNA ပူးပေါင်းတပ်များကို စစ်ဆင်ရေးပြုလုပ်၍ စစ်ရေးဖော်ဆောင်ခြင်း၊ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းများကို ရပ်တန့်ပြီး မရာဒေသမှ အမြန်ဆုံး ဆုတ်ခွာပေးရန် ကြားကာလ မရာနယ်ကောင်စီက ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်တောင်းဆိုထားသည်။

ရှေ့ဆက်လုပ်ဆောင်နေလျှင် ချင်းပြည်အစိုးရတပ်ဖွဲ့နှင့် မရာဒေသခံပြည်သူများ၏ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်ဟု ကြားကာလ မရာနယ်ကောင်စီက ဆိုသည်။

MDF ၊ AA/ ULA ပူးပေါင်းတပ်သည် မရာဒေသအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ၃ ကြောင်းထိုးလာပြီး စစ်ဆင်ရေးပြုလုပ်လာကာ ဇူလိုင်လ ၁၃ ရက်က လိုင်လင်းပီမြို့နယ်၊ လိုင်လင်းတဲကျေးရွာ၊ ၉ မိုင်ကျေးရွာအနီးတွင် CNA ၊ CDF- မရာ ပူးပေါင်းတပ်နှင့် MDF ၊ AA/ ULA ပူးပေါင်းတပ်တို့ကြား ၁ နာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဇူလိုင်လ ၁၃ ရက်က ငဖိုင်ပီ (ခ) ကျေးရွာတွင် မရာနှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန်စီစဉ်မှုမှာ ဖြစ်မြောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

MDF ၊ AA/ ULA တို့သည် မရာလက်နက်ကိုင် နှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဟု ကြားကာလမရာနယ်ကောင်စီက ထုတ်ပြန်ထားသည်။

မရာလန်းကာကွယ်ရေးတပ်ဖွဲ့ – MTC/MDF နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မရာ (IMC/CDF Mara) တို့ မေလက မရာနှစ်ဖွဲ့ ပေါင်းစည်းရေး တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက် ဖမ်းဆီးထားသူ အရပ်သား၊ ရဲဘော်များ အာလုံးကို ဇွန်လ ၂၆ ရက်တွင် လွှတ်ပေးနိုင်ခဲ့ကြောင်း မရာငြိမ်းချမ်းရေးကော်မရှင်၏ ဇူလိုင်လ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

လိုင်လင်းပီမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၃၀၄ အထိုင်စခန်းကို CNF/ CNA ၊ CDF- Mara ၊ CDF- Matupi၊ CDF- Lautu၊ CDF- Zophei၊ CDF – Thantland ဒရုန်းတပ်ဖွဲ့စသည့် ချင်းပူးပေါင်းတပ်ဖွဲ့က ၂၀၂၃၊ နိုဝင်ဘာလ ၁၉ ရက်မှစတင်၍ တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.