Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား အယောက် ၃၀ မီဇိုရမ်ပြည်နယ်ထဲကို ၀င်ရောက်ခိုလုံ
ပုံစာ - မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံကြသော စကစတပ်ဖွဲ့ဝင်များအား အာသံရိုင်ဖယ်တပ် စခန်းတစ်နေရာတွင် မြင်တွေ့ရစဉ်။

လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား အယောက် ၃၀ မီဇိုရမ်ပြည်နယ်ထဲကို ၀င်ရောက်ခိုလုံ

0
By Editor on November 29, 2023 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားကြသော ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား အယောက် ၃၀ သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင်ထဲကို ၀င်ရောက်ခိုလုံခဲ့ကြသည်ဟု သိရသည်။

လိုင်လင်းပီမြို့မှာ အထိုင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၂၄ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသည် လက်နက်ချအညံ့မခံဘဲ တဖက်အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြခြင်းဖြစ်သည်။

ဗိုလ်ကြီး ရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သား အယောက် ၃၀ တို့သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင် နယ်စပ်ကျေးရွာ Tuipang ရွာမှာတပ်စွဲထားသော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ နို၀င်ဘာလ ၂၈ ရက်နေ့က ၀င်ရောက်ခိုလုံခဲ့ကြခြင်းဖြစ်သည်ဟု မီဇိုရမ် ဒေသထုတ်သတင်းများတွင် ဖော်ပြာသည်။

၎င်းတို့ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ထိန်းသိမ်းထားပြီး လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ချင်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများ ဆက်တိုက် ဖော်ဆောင်ခဲ့ကြပြီး အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ ရိခေါဒါရ်မြို့ကို နို၀င်ဘာလ ၁၃ ရက်နေ့မှာ သိမ်းပိုက်ကာ စစ်ကောင်စီတပ်သား ၄၂ ဦးသည် တဖက် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံခဲ့ကြသည်။

ထို့အပြင် နို၀င်ဘာလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တိုက်ခိုက်သိမ်းခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂၉ ယောက်တို့သည် မီဇိုရမ်ပြည်နယ်သို့ ထပ်မံထွက်ပြေးခိုလုံခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံကြသော စစ်ကောင်စီတပ်သားများကို အိန္ဒိယဗဟိုအစိုးရ၏ ညွန်ကြားချက်ဖြင့် ရဟတ် ယာဉ်ဖြင့်ခေါ်ထုတ်ကာ မဏိပူရ်ပြည်နယ် မိုးရေးနယ်စပ်ကတဆင့် စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်ဟုသိရသည်။

ယခု လိုင်လင်းပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားအယောက် ၃၀ ကိုလည်း အိန္ဒိယဗဟို အစိုးရက စစ်ကောင်စီထံ ပြန်လည်လွှဲအပ်မည်ဟု ယူဆရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.