Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လုယက္ခံရသည့္ ပညာေရး၀န္ထမ္းမ်ား၏ လစာ ျပန္လည္ရရွိ

လုယက္ခံရသည့္ ပညာေရး၀န္ထမ္းမ်ား၏ လစာ ျပန္လည္ရရွိ

0
By Editor on February 6, 2020 Khonumthung

Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕နယ္ရွိ ေက်းရြာ (၂) ရြာမွ ပညာေရး၀န္ထမ္းမ်ားအတြက္ ထုတ္ယူလာသည့္ လစာ က်ပ္သိန္း (၂၀) ကို ဇန္န၀ါရီလ (၅) ရက္ေန႔က အမည္မသိ လက္နက္ကိုင္အဖြဲ႔မွ လုယူခဲ့ေသာ္လည္း ယေန႔မြန္းလြဲပိုင္း (၂) နာရီခန္႔တြင္ ျပန္လည္ေပးအပ္ခဲ့သည္ဟု ပလက္၀ၿမိဳ႕နယ္ ပညာေရးမွဴးထံမွသိရသည္။

ပလက္၀ၿမိဳ႕နယ္၊ စပစ္ျပင္ေက်းရြာ အေျခခံပညာမူလတန္းေက်ာင္းႏွင့္ တရႊန္အိုင္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း (ခြဲ) တြင္ တာ၀န္ထမ္းေဆာင္ေနၾကသည့္ ပညာေရး၀န္ထမ္းမ်ားအတြက္ ထုတ္ယူလာေသာ လစာေငြ သိန္း (၂၀) ကို ဇန္န၀ါရီလ (၅) ရက္ေန႔ နံနက္ပိုင္း ၉ နာရီေက်ာ္ေက်ာ္ခန္႔က ေမာင္ႏွမေက်းရြာအနီးတြင္ အမည္မသိလက္နက္ကိုင္အဖြဲ႔က လုယူခဲ့ျခင္းျဖစ္သည္။

အဆိုပါလုယူသြားသည့္ လက္နက္ကိုင္အဖြဲ႔မွာ မည္သည့္အဖြဲ႔ျဖစ္သည္ဟု မသိရေသာ္လည္း ယေန႔မြန္းလႊဲပိုင္း ၂ နာရီခန္႔က ေက်းရြာတာ၀န္ရွိသူမ်ားထံ ျပန္လည္ေပးအပ္ခဲ့သည္ဟု ပလက္၀ၿမိဳ႕နယ္ ပညာေရးမွဴး ဆလိုင္းေအာင္မင္းကေျပာသည္။

“သူတို႔က ရြာကလူကို ဖုန္းေခၚၿပီးေတာ့ ယူခိုင္းတယ္ ျပန္ၿပီးေတာ့ ဒီေန႔ ေန႔လည္ ၂ နာရီမွာ ေငြေၾကးအားလံုး ျပန္လည္ရရွိပါၿပီ က်ေနာ္တို႔ ၿမိဳ႕နယ္ရံုးကို အေၾကာင္းၾကားလာပါတယ္’’ ဟု ဆလုိင္းေအာင္မင္းကေျပာသည္။

အဆိုပါလက္နက္ကိုင္အဖြဲ႔၏ လုယူသြားသည့္ ေငြေၾကးပမာဏမွာ ပညာေရး၀န္ထမ္းမ်ား၏ လာစာအျပင္ တရႊန္အိုင္ေက်းရြာ ရဲစခန္း၀န္းထဲတြင္ တည္ေဆာက္ေနသည့္ အေဆာက္အဦးအတြက္ အသံုးျပဳမည့္ ေငြေၾကးမ်ားလည္း ပါ၀င္ၿပီး စုစုေပါင္း သိန္း ၄၀ သိန္းရွိသည္ဟု ပလက္၀ၿမိဳ႕နယ္ ရဲစခန္းထံမွသိရသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ရကိၡိဳင့္တပ္ေတာ္ ဆက္ႏြယ္မႈရွိႏုိင္သည္ဟု ေဒသခံမ်ားက ယူဆၾကေသာ္လည္း ခိုႏူမ္းသုန္သတင္းဌာနမွ ရကၡိဳင့္တပ္ေတာ္ ေျပာေရးဆိုခြင့္ရွိသူူ ဦးခိုင္သုခကို ဆက္သြယ္ေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိေပ။

ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔ စစ္မက္ျဖစ္ပြားရာ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္သည္ ယခုညမထြက္ရ ပုဒ္မ ၁၄၄ကို ထုတ္ျပန္ထားၿပီး၊ အင္တာနက္လိုင္းကိုလည္း ေဖေဖာ္ဝါရီ (၃) ရက္ေန႔၊ ည ၁၀ နာရီခန္႔က ျဖတ္ေတာက္ထားခဲ့ျခင္းေၾကာင္း Wave Money ျဖင့္ ေငြအထုတ္/အပို႔လုပ္ျခင္းမွာလည္း အင္တာနက္လိုင္းမရွိ၍ ယာယီရပ္ဆိုင္းထားရေၾကာင္း သိရသည္။

Unicode

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာ (၂) ရွာမှ ပညာရေးဝန်ထမ်းများအတွက် ထုတ်ယူလာသည့် လစာ ကျပ်သိန်း (၂၀) ကို ဇန်နဝါရီလ (၅) ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့မှ လုယူခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်း (၂) နာရီခန့်တွင် ပြန်လည်ပေးအပ်ခဲ့သည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူးထံမှသိရသည်။

ပလက်ဝမြို့နယ်၊ စပစ်ပြင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် တရွှန်အိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများအတွက် ထုတ်ယူလာသော လစာငွေ သိန်း (၂၀) ကို ဇန်နဝါရီလ (၅) ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်ကျော်ခန့်က မောင်နှမကျေးရွာအနီးတွင် အမည်မသိလက်နက်ကိုင်အဖွဲ့က လုယူခဲ့ခြင်းဖြစ်သည်။

အဆိုပါလုယူသွားသည့် လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ဟု မသိရသော်လည်း ယနေ့မွန်းလွှဲပိုင်း ၂ နာရီခန့်က ကျေးရွာတာဝန်ရှိသူများထံ ပြန်လည်ပေးအပ်ခဲ့သည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“သူတို့က ရွာကလူကို ဖုန်းခေါ်ပြီးတော့ ယူခိုင်းတယ် ပြန်ပြီးတော့ ဒီနေ့ နေ့လည် ၂ နာရီမှာ ငွေကြေးအားလုံး ပြန်လည်ရရှိပါပြီ ကျနော်တို့ မြို့နယ်ရုံးကို အကြောင်းကြားလာပါတယ်’’ ဟု ဆလိုင်းအောင်မင်းကပြောသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့၏ လုယူသွားသည့် ငွေကြေးပမာဏမှာ ပညာရေးဝန်ထမ်းများ၏ လာစာအပြင် တရွှန်အိုင်ကျေးရွာ ရဲစခန်းဝန်းထဲတွင် တည်ဆောက်နေသည့် အဆောက်အဦးအတွက် အသုံးပြုမည့် ငွေကြေးများလည်း ပါဝင်ပြီး စုစုပေါင်း သိန်း ၄၀ သိန်းရှိသည်ဟု ပလက်ဝမြို့နယ် ရဲစခန်းထံမှသိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိိုင့်တပ်တော် ဆက်နွယ်မှုရှိနိုင်သည်ဟု ဒေသခံများက ယူဆကြသော်လည်း ခိုနူမ်းသုန်သတင်းဌာနမှ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ စစ်မက်ဖြစ်ပွားရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ယခုညမထွက်ရ ပုဒ်မ ၁၄၄ကို ထုတ်ပြန်ထားပြီး၊ အင်တာနက်လိုင်းကိုလည်း ဖေဖော်ဝါရီ (၃) ရက်နေ့၊ ည ၁၀ နာရီခန့်က ဖြတ်တောက်ထားခဲ့ခြင်းကြောင်း Wave Money ဖြင့် ငွေအထုတ်/အပို့လုပ်ခြင်းမှာလည်း အင်တာနက်လိုင်းမရှိ၍ ယာယီရပ်ဆိုင်းထားရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.