Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လုံခြုံရေးလိုအပ်ချက်များစွာ‌ကြောင့် မြန်မာနိုင်ငံသား ဒုက္ခသည်များကို UNHCR ကဒ်များ အမြန်ဆုံးထုတ်‌ပေးနိုင်ရန် CRC တောင်းဆို

လုံခြုံရေးလိုအပ်ချက်များစွာ‌ကြောင့် မြန်မာနိုင်ငံသား ဒုက္ခသည်များကို UNHCR ကဒ်များ အမြန်ဆုံးထုတ်‌ပေးနိုင်ရန် CRC တောင်းဆို

0
By Editor on April 17, 2025 Headline

(004SS)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ လုံခြုံရေးလိုအပ်ချက်ကြောင့် ဒုက္ခသည် အသိအမှတ် ပြုကဒ်(UN card)ကို အမြန်ဆုံးထုတ်ပေးနိုင်ရန် UNHCR – protection unit ထံ CRC-New Delhi က တင်ပြတောင်းဆို ထားကြောင်းသိရသည်။

ချင်းဒုက္ခသည် ကော်မတီ CRC ဥက္ကဌ ဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများသည် ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် UNHCR – protection unit မှ တာဝန်ရှိသူများထံ ဒုက္ခသည်များ၏ အရေးကိစ္စများကို ၃ နာရီကြာ တင်ပြဆွေးနွေးခဲ့ကြသည်ဟု CRC က ထုတ်ပြန်သည်။

နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်ပြီး ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး စသည့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ်နေသောကြောင့် ဒုက္ခသည် အသိအမှတ်ပြု ကဒ်များ အမြန်ဆုံးထုတ်ပေးနိုင်ရန် တောင်းဆိုခဲ့‌ခြင်းဟု သိရသည်။

“အထူးသဖြင့် လုံခြုံရေးပိုင်းမှာ အခက်အခဲ အများကြီးရှိတာပေါ့နော်။ လုပ်ငန်းခွင်မှာဆိုလို့ရှိရင် job securityမရှိဘူး၊ သူတို့ကြိုက်တဲ့ချိန် အလုပ်ထုတ်တာ၊ ပြန်ခိုင်းတာမျိုး၊ နောက် ပညာရေးဆိုရင်လဲပဲ ကျောင်းတော့ တက်ကြပါရဲ့ ရှေ့ဆက် ပညာရေး အာမခံချက်မရှိဘူး၊ ကျောင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ ယဉ်‌ကျေးမှု ဓလေ့‌မတူညီလို့ ဘာသာစကား အခက်အခဲ ရှိလို့၊ ငွေကြေးအခက်အခဲရှိလို့ ပညာဆက်မသင်ရတော့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ကြရတာတွေ၊ ဆိုတော့ ပညာရေး၊ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ အသက်မွေးဝမ်းကျောင်း ( livelihood) စတဲ့ ကဏ္ဍအသီးသီးမှာ ဘာ Security မှ မရှိဘူး။ ဒါကြောင့် UN အနေနဲ့ ကျွန်တော်တို့ကို ဘာကြောင့် လစ်လျူရှုတာလဲ။ ကျွန်တော်တို့ရဲ့ အသံကို နားမစွန့်တော့ဘူးလား။ စသဖြင့် ဆွေးနွေးတင်ပြဖြစ်တယ်။” ဟု CRC-New Delhi မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ကျန်းမာရေးမကောင်းသူများ၊ နှစ်ရှည်နေထိုင်သူများ၊ ရပ်တည်နေထိုင်ရန် ခက်ခဲသူများနှင့် နှစ်ရှည်လများစွာ ကြာအောင် ဒုက္ခသည်များကို တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

လတ်တလော အိန္ဒိယနိုင်ငံ၌ အတည်ပြုထားသည့် နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ဥပဒေအရ စစ်ဆေး မှုများကြောင့် ဘုရားကျောင်းအချို့ကို ဘုရားဝတ်ပြုကိုးကွယ်နေစဉ်တွင်ပင် စစ်ဆေးခံရခြင်း၊ ယာယီကဒ်ကိုင် ဆောင် သူများကို နေရပ်ရင်းပြန်လည်ပို့ဆောင်မည်ဟု ပြောဆိုခြင်းများရှိ‌ကြောင်း CRC-New Dehli က ဆိုသည်။

နယူးဒေလီရောက် ချင်းဒုက္ခသည် ကော်မတီ CRC ၏ တင်ပြတောင်းဆိုချက်များကို UNHCR – protection unit မှ တာဝန်ရှိသူများက အထက်သို့ ဆက်လက်တင်ပြပေးမည်ဟု တုန့်ပြန်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုက္ခသည်များနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အပါအဝင်တာဝန်ရှိသူများသည် လာမည့် မေလ တွင် (Open House) အစည်းအဝေးပြုလုပ်သွားမည်ဟုလည်း တုန့်ပြန်ပြောဆိုခဲ့သည်။

CRC အနေဖြင့် ၎င်းတို့ တောင်းဆိုမှုများအပေါ် UNHCR ၏ ဖြည့်ဆည်းလုပ်ဆောင်ပေးခြင်းရှိမရှိ စောင့်ကြည့်ကာ ထူးခြားတိုးတက်ပြောင်းလဲမှုများမရှိပါက လိုအပ်ချက်များ ရရှိနိုင်ရန် အခြားသောနည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.