Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူနာလႊဲေျပာင္းေရးအဆင္မေျပပါက တီးတိန္ေဆးရံုကို အဆင္ျမင့္တင္ေပးရန္ လူမႈေရး၀န္ႀကီးေျပာ

လူနာလႊဲေျပာင္းေရးအဆင္မေျပပါက တီးတိန္ေဆးရံုကို အဆင္ျမင့္တင္ေပးရန္ လူမႈေရး၀န္ႀကီးေျပာ

0
By Editor on April 15, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူလ်က္ရွိသည့္ Covid-19 လူနာ (၃) ဦးအား ပိုမိုေကာင္းမြန္သည့္ ေနရာေဒသသို႔ လႊဲေျပာင္းကုသမေပးႏုိင္ပါက တီးတိန္ၿမိဳ႕၊ ျပည္သူ႔ေဆးရံုးကို အရည္အေသြးရွိရွိျဖင့္ အဆင့္ျမွင့္တင္ေပးရန္ လိုအပ္သည္ဟု ခ်င္းျပည္နယ္လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီးဦးေပါင္လြန္မင္းထန္က “ကုတင္ (၁၀၀) အေနအထားအေနနဲ႔ intensive care unit (ICU) မရိွတာ လိုအပ္ခ်က္အမ်ားၾကီး ရိွတယ္၊  အဲဒါေၾကာင့္ တီးတိန္မွာေတာ့ ဘယ္လိုမွအဆင္မေျပဘူး၊ ဒီအေျခအေနနဲ႔ ဒါေတြေၾကာင့္ သူတို႔က်န္းမာေရး၀န္ၾကီးဌာနရဲ႕ စီမံခန္႔ခြဲမႈအရ သူတို႔က ပိုမိုအဆင့္ျမင့္တဲ့ေနရာ ပို႔ဖို႔လိုတယ္၊ အဲဒါေၾကာင့္ က်ေနာ္တို႔က ေရႊ႕ေပးဖို႔ပဲေျပာတယ္၊ ဘယ္ေနရာရယ္လို ႔ေတာ့မရိွပါဘူး၊ ဒီမွာေတာ့ သူရဲ႕အေျခအေနအရ ခက္ခဲမႈျဖစ္တယ္၊ တီးတိန္ေဆးရံုကို အရည္အေသြး (Quality) ရွိေအာင္လုပ္ေပး၊ ျဖစ္ႏုိင္ရင္ေတာ့ ကုိယ့္ျပည္နယ္အတြင္းမွာ လံုျခံဳတဲ့၊ လိုအပ္တဲ့၊ လံုေလာက္တဲ့ Facility (လိုအပ္သည့္ အေထာက္အပ့ံပစၥည္း၊ အေဆာက္အအံု) ထားတယ္ဆိုရင္ သူ႔ေနရာနဲ႔သူလုပ္ရင္ပိုေကာင္းတယ္’’ ဟု ၀န္ႀကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ လူနာကုသေရးအတြက္ လိုအပ္ေသာအေထာက္အပံ့ပစၥည္း အေဆာက္အံုမ်ားမလံုေလာက္ေသာေၾကာင့္ Covid-19 ေရာဂါကူးစက္ခံထားရသူ (၃) ဦးအား ဆက္လက္ကုသရန္အ ဆင္မေျပသည့္အတြက္ ခ်င္းျပည္နယ္နဲ႔ အနီးစပ္ဆံုးၿမိဳ႕ျဖစ္သည့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕သို႔  လႊဲေျပာင္းကုသရန္ ျပည္ေထာင္စုအစိုးရမွ စီစဥ္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ကေလးၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ၈၈၈၈ ႏုိင္/က်ဥ္းအဖြဲ႔ (ကေလးၿမိဳ႕)၊ ၈၈ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္း (ကေလး ၿမိဳ႕)၊ ခ်င္းတြင္းကြန္ရက္၊ ျမန္မာႏုိင္ငံလံုးဆိုင္ရာ ဆရာ/ဆရာမမ်ား အဖြဲ႔ခ်ဴပ္ (ကေလးၿမိဳ႕) ႏွင့္ ကေလးၿမိဳ႕လူငယ္ (Volunteer) စသည့္အဖြဲ႔အစည္းမ်ားက ယမန္ေန႔က ပူးတြဲေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာ ဆန္႔က်င္ကန္႔ကြက္ခဲ့ၾကသည္။

Covid-19 လူနာမ်ားအား ကေလးၿမိဳ႕ေဆးရံုႀကီးသုိ႔ ေျပာင္းေရႊ႕ကုသျခင္းကို လက္မခံၾကေၾကာင္း ခ်င္းျပည္နယ္၊ ျပည္နယ္ေဆးရံုႀကီးတြင္ ေရႊ႕ေျပာင္းကုသသင့္သည္ဟု ၎တို႔၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

အဆုိပါကိစၥမ်ားႏွင့္ပတ္သက္ျပီး ကေလးျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအးေအးမူ (ခ) ေဒၚရွားမီးက “က်မတို႔ ျပည္ေထာင္စုအစိုးရ၀န္ၾကီးဌာနက ဆံုးျဖတ္ထားတဲ့အေပၚမွာေတာ့ က်မတို႔ကဘာမွ ေျပာစရာမရွိဘူး၊ လူထုအေနနဲ႔တလွည့္ ျပန္စဥ္းစားရင္လည္း က်မတို႔စိုးရိမ္တယ္၊ ျမိဳ႕မိျမိဳ႕ဖ လူထုေတြကေတာ့ လက္ခံႏိုင္စြမ္းမရိွဘူး၊ ဒါေပမဲ့ လူထုနဲ႔ တသားတည္းရပ္တည္ေနတဲ့ ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ လူထုေတြစိုးရိမ္တဲ့အတိုင္း က်မတို႔လည္းစိုးရိမ္တယ္၊ ျပီးေတာ့ က်မတို႔အေနနဲ႔လည္း ၀န္ၾကီးဌာနကို ပိုးေတြ႕လူနာ (၃) ဦးကလည္း ေလာေလာဆယ္မွာ က်န္းမာေရးေကာင္းေနေသးတဲ့အတြက္ ေခတၱဆိုင္းငံ့ေပးဖို႔ က်မတို႔ ကေလးျမိဳ႕မွာလည္း ပိုးေတြ႕လူနာရိွလာႏိုု္င္တယ္ဆိုျပီးေတာ့ က်မတို႔ဖုန္းဆက္ျပီးေတာ့ တင္ျပတယ္၊ တင္ျပေတာ့ ျပန္ျပီးေတာ့ ဆိုင္းငံ့ေပးမယ့္သေဘာမ်ိဳး ရွိလာႏိုင္တယ္၊ အခုဆိုရင္လည္း က်မတို႔အခုကေလးျမိဳ႕မွာလည္း တစ္ဦးေတာ့ ေတြ႕လာျပီ Case 1 တည္းခဲ့တဲ့အိမ္ရွင္ေပါ့ေနာ္” ဟု ေျပာသည္။

တီးတိန္ျမိဳ႕နယ္ လူနာ (၃) ဦး လႊဲေျပာင္းေရးကိစၥသည္ ႏိုင္ငံေတာ္အဆင့္မွသာလုပ္ပိုင္ခြင့္ရိွျပီး ေဆးရံုလိုအပ္ခ်က္မ်ားႏွင့္ လိုအပ္သည့္ အေထာက္အကူျပဳပစၥည္းမ်ား ၊ ဆရာ၀န္မ်ားျဖည့္စြတ္ေပးမည္ဆိုပါက  အျခားသို႔လႊဲေျပာင္းစရာမလိုဟု တီးတိန္ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ကိုယ္စားလွယ္  ပူးဂင္ကမ္းလ်န္ကေျပာသည္။

“က်ေနာ္တို႔အေနနဲ႔ ေနရာေဒသေတာ့ မေတာင္းဆိုပါဘူး၊ မလံုေလာက္တဲ့အတြက္ လံုေလာက္တဲ့ တစ္ေနရာေတာ့ ေျပာင္းရင္ေကာင္းမယ္၊ တကယ္လို႔ မလုပ္ေပးႏုိင္ဘူးဆိုရင္လည္း ဒီမွာလိုအပ္တဲ့ ေရ၊ မီး ျပီးေတာ့ ICU အခန္းတို႔၊ ေအာက္ဆီဂ်င္တို႔ ခ်က္ခ်င္းေဆာင္ရြက္ေပးႏုိင္ရင္ေတာ့ ဒီမွာထားလို႔ရမွာပါ၊ တစ္ခုေတာ့ရိွတယ္၊ ႏုိင္ငံေတာ္လုပ္တဲ့စီမံကိန္းက်ေတာ့ က်ေနာ္တို႔ သြားကန္႔ကြက္လို႔မရဘူးေလ၊ ဥပမာ ေျမာက္ဥကၠလာက တစ္ျမိဳ႕နယ္လံုးမွာလူဦးေရ (၇) သိန္းေက်ာ္ေလာက္ရိွမွာ၊ ေ၀ဘာဂီေဆးရံုက အဲဒီမွာရိွတယ္၊ ေျမာက္ဥကၠလာပျပည္သူေတြက ကန္႔ကြက္တာမရိွဘူး၊ ဒါေၾကာင့္ ဖလမ္းျမိဳ႕သူျမိဳ႕သား၊ ကေလးျမိဳ႕သူျမိဳ႕သားေတြကလည္း ႏုိင္ငံၾကီးသားပီသတဲ့စိတ္နဲ႔ စဥ္းစားဖို႔လိုလာျပီ၊ အခုခ်ိန္မွာက ႏုိင္ငံေတာ္အေနနဲ႔ ျပတ္ျပတ္သားသားေဆာင္ရြက္ဖို႔ အေရးၾကီးပါတယ္” ဟု ပူးဂင္ကမ္းလ်န္ကေျပာသည္။

ကမာၻတစ္လႊားျပန္႔ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္ COVID-19 သည္ ျမန္မာႏုိင္ငံတြင္ လက္ရွိကူးစက္ခံရသူ (၇၄) ရိွၿပီးျဖစ္ကာ ခ်င္းျပည္နယ္တြင္ (၃) ဦး ကေလးျမိဳ႕တြင္ တစ္ဦးေတြ႔ရွိၿပီျဖစ္သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည့် Covid-19 လူနာ (၃) ဦးအား ပိုမိုကောင်းမွန်သည့် နေရာဒေသသို့ လွှဲပြောင်းကုသမပေးနိုင်ပါက တီးတိန်မြို့၊ ပြည်သူ့ဆေးရုံးကို အရည်အသွေးရှိရှိဖြင့် အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်က “ကုတင် (၁၀ဝ) အနေအထားအနေနဲ့ intensive care unit (ICU) မရှိတာ လိုအပ်ချက်အများကြီး ရှိတယ်၊  အဲဒါကြောင့် တီးတိန်မှာတော့ ဘယ်လိုမှအဆင်မပြေဘူး၊ ဒီအခြေအနေနဲ့ ဒါတွေကြောင့် သူတို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအရ သူတို့က ပိုမိုအဆင့်မြင့်တဲ့နေရာ ပို့ဖို့လိုတယ်၊ အဲဒါကြောင့် ကျနော်တို့က ရွှေ့ပေးဖို့ပဲပြောတယ်၊ ဘယ်နေရာရယ်လို ့တော့မရှိပါဘူး၊ ဒီမှာတော့ သူရဲ့အခြေအနေအရ ခက်ခဲမှုဖြစ်တယ်၊ တီးတိန်ဆေးရုံကို အရည်အသွေး (Quality) ရှိအောင်လုပ်ပေး၊ ဖြစ်နိုင်ရင်တော့ ကိုယ့်ပြည်နယ်အတွင်းမှာ လုံခြုံတဲ့၊ လိုအပ်တဲ့၊ လုံလောက်တဲ့ Facility (လိုအပ်သည့် အထောက်အပံ့ပစ္စည်း၊ အဆောက်အအုံ) ထားတယ်ဆိုရင် သူ့နေရာနဲ့သူလုပ်ရင်ပိုကောင်းတယ်’’ ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် လူနာကုသရေးအတွက် လိုအပ်သောအထောက်အပံ့ပစ္စည်း အဆောက်အုံများမလုံလောက်သောကြောင့် Covid-19 ရောဂါကူးစက်ခံထားရသူ (၃) ဦးအား ဆက်လက်ကုသရန်အ ဆင်မပြေသည့်အတွက် ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံးမြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့  လွှဲပြောင်းကုသရန် ပြည်ထောင်စုအစိုးရမှ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကလေးမြို့ရှိ မြို့မိမြို့ဖများ၊ ၈၈၈၈ နိုင်/ကျဉ်းအဖွဲ့ (ကလေးမြို့)၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကလေး မြို့)၊ ချင်းတွင်းကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချူပ် (ကလေးမြို့) နှင့် ကလေးမြို့လူငယ် (Volunteer) စသည့်အဖွဲ့အစည်းများက ယမန်နေ့က ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

Covid-19 လူနာများအား ကလေးမြို့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခြင်းကို လက်မခံကြကြောင်း ချင်းပြည်နယ်၊ ပြည်နယ်ဆေးရုံကြီးတွင် ရွှေ့ပြောင်းကုသသင့်သည်ဟု ၎င်းတို့၏ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက “ကျမတို့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက ဆုံးဖြတ်ထားတဲ့အပေါ်မှာတော့ ကျမတို့ကဘာမှ ပြောစရာမရှိဘူး၊ လူထုအနေနဲ့တလှည့် ပြန်စဉ်းစားရင်လည်း ကျမတို့စိုးရိမ်တယ်၊ မြို့မိမြို့ဖ လူထုတွေကတော့ လက်ခံနိုင်စွမ်းမရှိဘူး၊ ဒါပေမဲ့ လူထုနဲ့ တသားတည်းရပ်တည်နေတဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လူထုတွေစိုးရိမ်တဲ့အတိုင်း ကျမတို့လည်းစိုးရိမ်တယ်၊ ပြီးတော့ ကျမတို့အနေနဲ့လည်း ဝန်ကြီးဌာနကို ပိုးတွေ့လူနာ (၃) ဦးကလည်း လောလောဆယ်မှာ ကျန်းမာရေးကောင်းနေသေးတဲ့အတွက် ခေတ္တဆိုင်းငံ့ပေးဖို့ ကျမတို့ ကလေးမြို့မှာလည်း ပိုးတွေ့လူနာရှိလာနိ်ုင်တယ်ဆိုပြီးတော့ ကျမတို့ဖုန်းဆက်ပြီးတော့ တင်ပြတယ်၊ တင်ပြတော့ ပြန်ပြီးတော့ ဆိုင်းငံ့ပေးမယ့်သဘောမျိုး ရှိလာနိုင်တယ်၊ အခုဆိုရင်လည်း ကျမတို့အခုကလေးမြို့မှာလည်း တစ်ဦးတော့ တွေ့လာပြီ Case 1 တည်းခဲ့တဲ့အိမ်ရှင်ပေါ့နော်” ဟု ပြောသည်။

တီးတိန်မြို့နယ် လူနာ (၃) ဦး လွှဲပြောင်းရေးကိစ္စသည် နိုင်ငံတော်အဆင့်မှသာလုပ်ပိုင်ခွင့်ရှိပြီး ဆေးရုံလိုအပ်ချက်များနှင့် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ၊ ဆရာဝန်များဖြည့်စွတ်ပေးမည်ဆိုပါက  အခြားသို့လွှဲပြောင်းစရာမလိုဟု တီးတိန်မြို့နယ် အမျိူးသားလွှတ်ကိုယ်စားလှယ်  ပူးဂင်ကမ်းလျန်ကပြောသည်။

“ကျနော်တို့အနေနဲ့ နေရာဒေသတော့ မတောင်းဆိုပါဘူး၊ မလုံလောက်တဲ့အတွက် လုံလောက်တဲ့ တစ်နေရာတော့ ပြောင်းရင်ကောင်းမယ်၊ တကယ်လို့ မလုပ်ပေးနိုင်ဘူးဆိုရင်လည်း ဒီမှာလိုအပ်တဲ့ ရေ၊ မီး ပြီးတော့ ICU အခန်းတို့၊ အောက်ဆီဂျင်တို့ ချက်ချင်းဆောင်ရွက်ပေးနိုင်ရင်တော့ ဒီမှာထားလို့ရမှာပါ၊ တစ်ခုတော့ရှိတယ်၊ နိုင်ငံတော်လုပ်တဲ့စီမံကိန်းကျတော့ ကျနော်တို့ သွားကန့်ကွက်လို့မရဘူးလေ၊ ဥပမာ မြောက်ဥက္ကလာက တစ်မြို့နယ်လုံးမှာလူဦးရေ (၇) သိန်းကျော်လောက်ရှိမှာ၊ ဝေဘာဂီဆေးရုံက အဲဒီမှာရှိတယ်၊ မြောက်ဥက္ကလာပပြည်သူတွေက ကန့်ကွက်တာမရှိဘူး၊ ဒါကြောင့် ဖလမ်းမြို့သူမြို့သား၊ ကလေးမြို့သူမြို့သားတွေကလည်း နိုင်ငံကြီးသားပီသတဲ့စိတ်နဲ့ စဉ်းစားဖို့လိုလာပြီ၊ အခုချိန်မှာက နိုင်ငံတော်အနေနဲ့ ပြတ်ပြတ်သားသားဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု ပူးဂင်ကမ်းလျန်ကပြောသည်။

ကမ္ဘာတစ်လွှားပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 သည် မြန်မာနိုင်ငံတွင် လက်ရှိကူးစက်ခံရသူ (၇၄) ရှိပြီးဖြစ်ကာ ချင်းပြည်နယ်တွင် (၃) ဦး ကလေးမြို့တွင် တစ်ဦးတွေ့ရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.