Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူမျိုးစုစွဲမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူတိုက်ပွဲဝင်စေလိုကြောင်း CYMA ဥက္ကဌပြော

လူမျိုးစုစွဲမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူတိုက်ပွဲဝင်စေလိုကြောင်း CYMA ဥက္ကဌပြော

0
By Editor on April 5, 2022 Headline

စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေကြသော ချင်း (ဇိုး) မျိုးနွယ်စုများအနေဖြင့် လူမျိုးစုစွဲများမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူပူးပေါင်း တိုက်ပွဲဝင်စေလိုကြောင်း မီဇိုရမ်ပြည်နယ်ရှိ အင်အားအကြီးဆုံးအရပ်ဖက်အ ဖွဲ့အစည်းတခုဖြစ်သော Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalngheta က ပြောသည်။

စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့်တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့နှင့် အနီးတဝိုက်မှ ပြည်သူများအတွက် ဧပြီလ ၂ ရက်နေ့က ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ရာတွင် CMYA ဥက္ကဌက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီလိုလာပြီး စစ်ကောင်စီတပ်ကို တိုက်ယူနေတဲ့ ချင်း (ဇိုး) မျိုးနွယ်အင်အားစုများအနေဖြင့် ကျဉ်းမြောင်းသည့် လူမျိုးစုစွဲများမထားရှိဘဲ အားလုံးစည်းလုံးညီညွတ်စွာ အတူပူးပေါင်းတိုက်ပွဲဝင်ကျဖို့ တောင်းဆိုပါတယ်” ဟု CYMA ဥက္ကဌက ပြောသည်။

ဗဟိုမီဇိုးလူငယ်အသင်း (CYMA) အနေဖြင့် ဇိုခေါထာရ်ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်အတွက် ဆန်အိတ် (၂၀၀) ၊ ယာယီတဲဆောက်လုပ်ရန်အတွက် ရူပီး ၃ သိန်းကျော်တန်ဖိုးရှိသော မိုးကာများကို ဧပြီလ ၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပြီး Champhai YMA sub-headquarter အဖွဲ့က လက်ခံကာ Vanhnuailiana Group YMA ဦးဆောင်မူဖြင့် လိုအပ်သောနေရာများတွင် ကူညီထောက်ပံံ့သွားမည်ဟု သိရသည်။

CYMA သည် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံးနှင့် သြဇာအရှိဆုံးအရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကူညီသည့်အပိုင်းတွင်လည်း တက်တက်ကြွကြွ ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.