Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်၍ တော်လှန်ရေးကို ထောက်ခံသည့် ချင်းအပါအဝင် နိုင်ငံတဝန်းက ပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်၍ တော်လှန်ရေးကို ထောက်ခံသည့် ချင်းအပါအဝင် နိုင်ငံတဝန်းက ပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

0
By Editor on October 9, 2023 Headline

(006SV)

လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုကြောင့် ချင်းအပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရသည်ဟု Data For Myanmar က ယနေ့ သတင်းထုတ်ပြန်သည်။

တော်လှန်ရေးအဖွဲ့များကို လူမှုကွန်ယက်ပေါ်တွင် ထောက်ခံရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသော ပြည်သူများသည် လစဉ်ပျှမ်းမျှ ၆၅ ဦးခန့်ရှိပြီး ၂၀၂၂ ခုနှစ် ၄ လအတွင်းမှာပင် ပြည်သူ ၅၀၀ ကို ဖမ်းဆီးခဲ့သည်ဟု Data For Myanmar ၏ အစီရင်ခံစာက ဆိုသည်။

၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ စစ်ကောင်စီက ပြည်သူ ၁၃၁၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ထက်ဝက်နီး ပါးက ရန်ကုန်နှင့် မန္တလေးတို့က ဖြစ်၍ လူပေါင်း ၆၀၀ ကျော်ရှိသည်ဟု ယင်းက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသော ပြည်သူများမှာ ရန်ကုန်က ၃၂၃ ဦး၊ မန္တလေးက ၂၈၄ ဦး၊ ပဲခူး (အရှေ့) က  ၁၀၄ ဦး၊ မကွေးက ၉၃ ဦး၊ ဧရာဝတီက ၇၈ ဦး၊ ပဲခူး (အနောက်) က ၆၉ ဦး၊ မွန်က ၆၂ ဦး၊ တနင်္သာရီက ၅၉ ဦး၊ စစ်ကိုင်းက ၅၃ဦး၊ နေပြည်တော်က ၄၂ ဦး၊ ရှမ်း(တောင်)က ၄၀ ဦး၊ ရှမ်း (မြောက်) က ၂၈ ဦး၊ ကချင်က ၂၈ ဦး၊ ကရင်က ၂၅ ဦး၊ ရခိုင်က ၁၃ ဦး၊ ရှမ်း (အရှေ့) က ၁၀ ဦးနှင့် ချင်းက ၅ ဦးတို့ဖြစ်သည်ဟု Data for Myanmar က ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများသည် ဖေ့ဘွတ်အသုံးပြုသူက အများစုဖြစ်ပြီး Tik Tok နှင့် Telegram အသုံးပြုသူ တချို့လည်း ပါဝင်သည်၊

အဖမ်းခံရသူများကို ထောင်ချခြင်း ရှိ၊ မရှိ၊ ပြန်လည်လွတ်ပေးခြင်း ရှိ၊ မရှိ စသည့် နောက်ဆက်တွဲ အသေးစိတ်အချက်အလက် များကို အစီရင်ခံစာပြုစုသူများက မသိရှိပါဟု ဖော်ပြထားသည်။ 

စစ်ကောင်စီသည် ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်က လူမှုကွန်ယက်က လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅၀-က၊ အီလစ်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဖမ်းဆီးအရေးယူမှုများကိုလည်း စစ်ကောင်စီ၏ နေ့စဉ်သတင်းစားနှင့် လော်ဘီချိန်နယ်များမှတဆင့် နေ့စဉ် သတင်းထုတ်ပြန်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.