Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေ

0
By Editor on December 20, 2023 Headline

(003PT)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ စား၀တ်နေရေးအခက်ခဲ ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားချင်းစားနာမှုအထောက်ထား အကူညီ လိုအပ်နေတယ်လို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပလက်ဝမြိုနယ်၊ ဆမီးမြို့က စစ်ကောင်စီ အခိုင်အမာစခန်းချထားတဲ့ “ဗျူဟာကုန်း” ကို ဒီဇင်ဘာလ (၁၄) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူအမြောက်အမြားနဲ့ အပြင်းအထန် ခုခံစစ်သုံးခဲ့တာကြောင့် ဆမီးမြို့ဒေသခံများ အားလုံးနီးပါးဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်ကြရတာလို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ တာ၀န်ရှိသူ ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

“ဆမီးအထက်ပိုင်းမှာက စစ်ရှောင်လူဦးရေက ရွာမှာလူဦးရေတွေထက် များများသွားတာ။ ဥပမာ ရွာက လူဦးရေ တစ်ရာ နှစ်ရာ ရှိတဲ့ရွာတွေမှာ အခုက စစ်ရှောင်တွေက နှစ်ရာ သုံးရာလောက်ရောက်တဲ့အချိန်မှာ သူတို့ရဲ့ တစ်နှစ်စာ လောင် ထားတဲ့ ဆန်ပေါ့နော်၊ စပါးတွေကတော့ တစ်လလောက်သာကျွေးရင်တော့ အမှန် ငတ်ဖို့ကိန်းရောက်တဲ့အနေထားဖြစ်ပေါ့။ အဓိကတော့ စားဝတ်နေရေးပါ။ ကျန်းမာရေးစောင့်ရှောက်မှု။ သူတို့ရဲ့နေဖို့ အမိုးအကာ တွေပေါ့နော် ဒါတွေက အခုလက်တလောမှာ အရေးပေါ်လိုအပ်ချက်တွေဖြစ်တယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ဆမီးမြို့ဟာ လူဦးရေ ၅၀၀၀ ၀န်းကျင်လောက်ရှိတဲ့မြို့ဖြစ်ပြီး ယခင် ၂၀၁၈ ခုနှစ်က ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲကြောင့် ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူ ၃၀၀၀ ၀န်းကျင်ဟာလည်း ဆမီးမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်းမှာ ခိုလုံနေကြရတာြဖစ်ပါတယ်။

အခုခါ ဆမီးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် ဆမီးမြို့ကဒေသခံတွေနဲ့အတူ စစ်ဘေးရှောင်တွေကလည်း မြို့ကို အားလုံးစွန်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေကြရလို့ အခက်အခဲတွေနဲ့ ကြုံနေကြရတာလို့ ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

ယခုလက်ရှိ ပလက်ဝမြို့နယ်အတွင်း တော်လှန်ရေးအင်အားစု လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားမှုကြောင့် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ နီးစပ်ရာကျေးရွာနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပလက်၀ခရိုင်အတွင်း တိုက်ပွဲရှောင်လူဦးရေမှာ ၃၀,၀၀၀ ကျော်ခန့်အထိ မြင့်တက်လာပြီလို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီက ဆိုပါတယ်။

ဒါကြောင့် တိုက်ပွဲရှောင်အရပ်သားပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွက် ဆေးဝါးပစ္စည်းတွေ အရေးပေါ်လိုအပ်လျှက်ရှိပြီး ပြည်တွင်း/ပြည်ပ တိုင်းရင်းသား ညီကိုမောင်နှမတွေ၊ NOG/INGO အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးကြဖို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက တောင်းဆိုထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လအတွင်း ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

လေကြောင်းရန် ကာကွယ်ရေးတပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီ ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိဟု CDF – Asho ဆို

ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ULA/AA ထည့်သွင်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.