Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူသားချင်းစာနာမှုအကူညီ အလိုအပ်ဆုံးနှင့် ရရှိမှုအနည်းဆုံးဒေသများထဲ ချင်းပြည်နယ် ပါဝင်နေ

လူသားချင်းစာနာမှုအကူညီ အလိုအပ်ဆုံးနှင့် ရရှိမှုအနည်းဆုံးဒေသများထဲ ချင်းပြည်နယ် ပါဝင်နေ

0
By Editor on July 21, 2023 Headline

(06SV)

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ ချင်းပြည်နယ်သည် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသများထဲတွင် ပါဝင်နေသည်ဟု BNI – မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ စာတမ်းမှာ ဖော်ပြထားသည်။ 

လူသားချင်းစာနာမှုအကူအညီများနှင့် ပတ်သက်၍ “နိုင်ငံတကာအလှူရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာ ကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” ဆိုသည့် သုတေသနစာတမ်းမိတ်ဆက်ပွဲကို Burma News International(BNI) – မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂၀ ရက်မှာ အွန်လိုင်းက ပြုလုပ်ခဲ့သည်။ 

အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရှောင်ပြည်သူ ၁.၅ သန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ ၆.၆သိန်းကျော်နှင့် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသဖြစ် ကြောင်း၊ မကွေးတိုင်းက စစ်ရှောင်ပြည်သူ ၂.၃ သိန်းကျော်နှင့် ဒုတိယအခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသဖြစ် သည်ဟု စာတမ်းမှာ ဖော်ပြထားသည်။ 

ထို့အပြင် ချင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့က တတိယဦးစားပေးအဖြစ် အခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသများဖြစ်နေသည်ဟု သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀◌န်ကြီးဌာန ဒု၀◌န်ကြီးဒေါက်တာငိုင်းတမ်မောင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖြတ်လေးဖြတ်နည်းဗျူဟာကြောင့် ယခုကဲ့သို့အခြေအနေရောက်ရှိခြင်းဖြစ်သည်ဟု ယင်းစာတမ်းထဲတွင်ဖော်ြပထားသည်။

“ရွာအလိုက်ကို မီးရှို့ပစ်လိုက်တာ၊ မီးရှို့တဲ့အခါကျတော့ တစ်နှစ်စာ ရိက္ခာပါသွားတဲ့အပြင် လယ်ယာလုပ်ငန်းမှာ သုံးတဲ့ ကျွဲနွားတွေပါ ဖျက်ဆီးခံရတော့ အမှန်တကယ်ကိုမှ လိုအပ်နေတယ်။ တဖက်မှာလည်း စစ်ကောင်စီက အဲဒီဒေသ တွေကို စားနပ်ရိက္ခာ မရောက်နိုင်အောင် ဖြတ်လေးဖြတ်နဲ့ လုပ်နေတဲ့အခါ အဲဒီ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီက အခက်ခဲဆုံးဖြစ်မယ်”ဟု ဒေါက်တာငိုင်းတမ်မောင်းက ပြောသည်။ 

ယနေ့မိတ်ဆက်သည့် စာတမ်းတွင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ဖို့ ကိန်းဂဏန်၊ အချက်အလက်များ၊ နည်းလမ်းများ ရှာဖွေ အကြံပြုထာပြီး နယ်စပ်ဖြတ်ကျော်အကူအညီပေးမှု၏ အရေးပါမှုများ ကိုလည်း ထောက်ပြအကြံပြုထားကာ ယင်းအတွက် ထိုင်းနှင့် အိန္ဒိယသည် အလေးထား ချဉ်းကပ်ရမည့် နိုင်ငံများ ဖြစ်သည်ဟုဆိုသည်။ 

UNOCHA က ထုတ်ပြန်သည့် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ရေးအစီအစဉ် (HRP) ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ငါးသိန်းကျော်သော စစ်ဘေးဒုက္ခသည်များ (IDPs)အတွက် တစ်နှစ်လုံးစာ အမေရိ ကန်ဒေါ်လာ ၉ သန်းသာ အသုံးပြုခဲ့ရာ စစ်ဘေးဒုက္ခသည် ပြည်သူ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာနှင့် ညီမျှသော ထောက်ပံ့ကူညီမှုသာ ရရှိခဲ့သည်ဟု စာတမ်းက ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.