Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူအင်အား လက်နက်အင်အား မမျှမှုကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိုင်းငင်ရွာကို စွန့်ခွါရဟုဆို

လူအင်အား လက်နက်အင်အား မမျှမှုကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိုင်းငင်ရွာကို စွန့်ခွါရဟုဆို

0
By Editor on January 24, 2022 Headline

ချင်းပြည်နယ် တီးတိန်မြ်ို့နယ် ကလေး-တီးတိန်ကားလမ်းမပေါ်က ဟိန်ဇိန် (Hiangzing) ကျေးရွာအနီး သိုင်းငင်ကျေးရွာ အောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လူအင်အား လက်နက်အင်အား မမျှမှုကြောင့် သိုင်းငင်ရွာကို စွန့်ခါွလိုက်ရတယ်လို့ CDM- Siyin က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ယနေ့မနက်ပိုင်း ၇ နာရီလောက်ကစပြီး ကလေးမြ်ို့တက္ကသိုလ်ကျောင်းဝင်းထဲကနေ အဝေးပစ်လ က်နက်ကြီးတွေဖြစ်တဲ့ ၆၀ မမ၊ ၁၂၀ မမ နဲ့ ၁၅၅ မမ တွေနဲ့ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အနည်းဆုံးအကြိမ် ၂၀ လောက် ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟိန်ဇိန်ကျေးရွာအနီး သိုင်းငင်ကျေးရွာအောက်နားမှာ ရှေ့ဆက်မတိုးနိုင်ပဲသောင်တင်နေပြီး သိုင်းငင်ကျေးရွာဘက်ကို ရှေ့ဆက်တိုးနိုင်ဖို့အတွက် ယခုလိုလက်နက်ကြီးနဲ့ လေကြောင်းကနေပါ ပစ်ကူနေတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ သိုင်းငင်ကျေးရွာဘက်ကို ဆက်လက်ထိုးစစ်ဆင်လာပြီး ယနေ့မနက် ၈ နာရီကျော်ကျော်လောက်ကနေ ညနေပိုင်း ၅ နာရီအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိ ရပါတယ်။

သိုင်းငင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကူဖို့အတွက် တီးတိန်မြို့ဘက်ကနေ Zomi Revolutionary Army (ZRA) နဲ့ စစ်ကောင်စီဘက်က စစ်ကူအယောက် ၁၀၀ ဝန်းကျင်လောက်ဟာ တီးတိန်-ကလေး လမ်းကြောင်းအတိုင်းခြေလျင်နဲ့ဆင်းလာနေတဲ့အတွက် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ခုခံကာ ကွယ်တိုက်ခိုက်ဖို့ အင်အားမျှခဲ့ရတယ်လို့သိရပါတယ်။

ဒါကြောင့် ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ လူအင်အား၊ လက်နက်အင်အားမမျှတာကြောင့် ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ သိုင်းငင်ကျေးရွာကို စွန့်ခွါခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၄၀ လောက်သေဆုံးခဲ့ပြီးတော့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက် ချင်းအမျိုးသားတပ်မတော် CAN က ဆလိုင်းကျူံးလျန်ဆန်းနဲ့ PDF-Zoland ဘက်မှ မှုန်နိုးတို့ မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.