Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လူ (၅) ဦးထက်ပိုမစုရအမိန့်ကြောင့် ဟားခါးမြို့က အသင်းတော် ၁၀ ခုကျော် ဝတ်ပြုရန် အခက်အခဲဖြစ်နေ

လူ (၅) ဦးထက်ပိုမစုရအမိန့်ကြောင့် ဟားခါးမြို့က အသင်းတော် ၁၀ ခုကျော် ဝတ်ပြုရန် အခက်အခဲဖြစ်နေ

0
By Editor on May 3, 2024 Headline

(002MG)

ချင်းပြည်နယ် ဟားခါးမြို့ ရပ်ကွက်တစ်ခုမှာ စစ်ကောင်စီက လူ (၅) ဦးထက်ပိုမစုရအမိန့်ထုတ်ပြန်မှုကြောင့် အသင်းတော် ၁၀ ခုကျော်မှာ ဝတ်ပြုစည်းဝေးပွဲပြုလုပ်ရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ဟားခါးမြို့၊မြို့သစ်ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လာမည့် ဇွန်လ (၂၀) ရက်နေ့ အထိ ဘုရားကျောင်းများတွင် လူ (၅) ဦးထက်ပိုမစုရအမိန့်ထုတ်ပြန်ထားသောကြောင့် ယင်းရပ်ကွက်အတွင်းရှိ ခရစ်ယာန် ဘာသာဝင်အသင်းတော် (၁၁) ခုက အပတ်စဉ်ဝတ်ပြုစည်းဝေးပြုလုပ်ရန် အခက်အခဲကြုံနေရကြောင်း မြို့သစ် ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတဦးက “အခုထိဘုရားကျောင်းတက်လို့မရသေးဘူး၊ ဘုရားကျောင်း (၁၁) ကျောင်း လောက်ကတော့ သူတို့အစီအစဉ်နဲ့ သွားလို့ရတဲ့ နေရာ၊ စုပြီးတော့လုပ်ကြတယ်။ တချို့ကအိမ်တွေ၊ တခြားရပ်ကွက်က ဘုရားကျောင်းမှာ သွားဝတ်ပြုကြတယ်။ ဆိုင်တွေလည်း လုံးဝမဖွင့်ဘူး။ လွန်ခဲ့တဲ့အပတ်က တော့ ညှိနှိုင်းတာ မရခဲ့သေးဘူးနောက်ထပ်ဘာမှ ထပ်မသိရသေးဘူး။ အခုက ခါတိုင်းထုတ်တဲ့အမိန့်တွေ ထက်ပို ပြီး ပြင်းထန်တယ်လို့ ပြောတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁၂) ရက်နေ့ တွင် စစ်ကောင်စီဝန်ကြီးများလိုက်ပါလာသော ယာဉ်တန်အား CDF- ဟားခါး တပ်ဖွဲ့ဝင်များမှ မြို့သစ်ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘုရားကျောင်းများတွင် အကာအကွယ်ယူ ပစ်ခတ်ခဲ့ သည်ဟုဆိုကာ ဧပြီလ (၂၂) ရက်နေ့က လူ (၅) ဦးထက်ပိုမစုရဆိုသော ဒေသန္တရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်နောက်ပိုင်း ဟားခါးမြို့တွင် လူထုလူဝေးများ နှင့် ဘုရားကျောင်းဝတ်ပြုခြင်း အစီစဉ်များအတွက် စစ်ကောင်စီတပ်ဖွဲ့ထံ ပုံမှန်ခွင့်ပြုချက်တောင်းခံရသည်ဟု သိရသည်။

ယခုအခါ မြို့သစ်ရပ်ကွက်တွင် လူ (၅) ဦးပိုမစုရအမိန့်ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းမတက်နိုင်ကြသည်မှာ တစ်ပတ်ခန့်ရှိလာ ပြီဖြစ်သည်။

ယင်း အမိန့်အား ပြန်လည်ဖြေလျှော့ပေးရန် ဧပြီလကုန်ပိုင်းက ဟားခါးမြို့မှ ဆရာတော်များနှင့် မြို့မိမြို့ဖများက စစ်ကောင်စီနှင့် ၂ ကြိမ်ခန့်သွားရောက်ညှိနှိုင်းခဲ့သော်လည်း ယနေ့ချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.