Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မှာ ပွဲအခမ်းအနား ကျင်းပခြင်း မလုပ်ရန် ကြေညာ
ဓါတ်ပုံ - အောက်တိုဘာလ ၂၄ ရက်က ကန်ပက်လက်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး တိုက်ခိုက်ခံရမှုမြင်ကွင်း

လေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မှာ ပွဲအခမ်းအနား ကျင်းပခြင်း မလုပ်ရန် ကြေညာ

0
By Editor on October 27, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်နေသောကြောင့် ဗုံးခိုကျင်းများ လုပ်ဆောင်ရန်နှင့် လူစုလူဝေးဖြစ်စေမည့် ပွဲအခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူနှင့် တော်လှန်ရေအဖွဲ့ကို ခွဲခြားခြင်း မရှိဘဲ အဆုံးစွန်ထိ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသောကြောင့် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လတ်တလော ရှောင်းရှာနိုင်ရန် အောက်တိုဘာလ ၂၆ ရက်မှာ ထုတ်ပြန်သည်ဟု သိရသည်။

“ဒီ ၂၄ ရက်၊ ၂၅ ရက်မှာကိုပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အများကြီး ထိခိုက်တာ ရှိတယ်၊၊ အဲဒါကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ လေကြောင်းကနေ ခပ်စိပ်စိပ် တိုက်ခိုက်လာတာတွေ ရှိတဲ့အတွက် လူစုလူဝေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ လိုတယ်။ သာရေး၊ နာရေးက လွဲလို့ပေါ့နော်။ ပွဲလမ်းတွေကို၊ လူစုလူဝေးတွေကို မပြုလုပ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ထားတာ ဖြစ်တယ်။ အဓိကက ပြည်သူတွေ အန္တရာယ်ဘေးကင်းဖို့အတွက်ပါ၊၊ ဒီဟာကို အတတ်နိုင်ဆုံး ပြည်သူတွေအနေနဲ့ ပူးပေါင်းပြီးမှ ဝိုင်းဝန်းလိုက်နာပေးဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကော်မရှင်တပ်သည် ကန်ပက်လက်မြို့မ ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သည်ဟု သိရသည်။

အောက်တိုဘာလ ၂၅ ရက် ည ၈ နာရီ ၂၀ ခန့်မှာလည်း ကန်ပက်လက်မြို့ကို အလားတူ ဆက်လက်တိုက်ခိုက်သည်ဟု ကန်ပက်လက်မြို့နယ်ပအဖထံမှ သိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မြို့တွင် ပြည်သူ ၃ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၁၅ ဦးထက် မနည်း ဒဏ်ရာအပြင်းအထန် ရရှိကြောင်း၊ ပြည်သူ့နေအိမ် ၅ လုံး၊ အဆောက်အဦး ၃ လုံးလည်း ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကော်မရှင်တပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးရမှုကြောင့် လေကြောင်းမှ အကြိမ်ကြိမ် ပြန်တိုက်ခိုက်နေသည်ဟု CDF – ကန်ပက်လက် တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်းက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် CDF – ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာပွဲကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ဒေသခံတချို့ ထိခိုက်သေဆုံံးမှုများ ရှိကြောင်း ဒေသခံတချို့က ပြောသည်။

အောက်တိုဘာလအတွင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်းသိရသည်။

ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေ၍ ကျောင်းတချို့လည်း ပိတ်ထားရသည်ဟု သိရသည်။

ဓါတ်ပုံ – အောက်တိုဘာလ ၂၄ ရက်က ကန်ပက်လက်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး တိုက်ခိုက်ခံရမှုမြင်ကွင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.