Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လောက်တူနယ်မှာ ဒေသခံများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အင်တာနက်အသုံးပြုမှု ကန့်သတ်

လောက်တူနယ်မှာ ဒေသခံများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အင်တာနက်အသုံးပြုမှု ကန့်သတ်

0
By Editor on June 17, 2025 Headline

(006SV)

ချင်းပြည်နယ်၊ လောက်တူနယ်ဒေသအတွင်း ဒေသခံပြည်သူများအပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် အင်တာ နက်တပ်ဆင်အသုံးပြုမှုများကို ကန့်သတ်လိုက်ကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၆ ရက်တွင် ကြေညာသည်။

လောက်တူနယ်ဒေသတွင် နေထိုင်သော ပြည်သူများအနေဖြင့် ဆက်သွယ်ရေးစက်ကိရိယာများ တပ်ဆင်အသုံးပြုခြင်း၊ လူမှုကွန် ယက်အသုံးပြုခြင်းနှင့် စပ်လျဉ်ပြီး တော်လှန်ရေးဆိုင်ရာ သတိတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟူ၍ ကန့်သတ်ချက်များ ကျယ်ပြန့်သော အချက် ၈ ချက်ကို လောက်တူနယ်ဒေသပအဖက ထုတ်ပြန်သည်။

ပြည်သူလူထုအကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သော မည်သည့်လှုံ့ဆော် ရေးသားခြင်းမျှ မပြုလုပ်ရန်၊ တော်လှန်ရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်သော မည်သည့်အကြောင်းအရာမျှ ရေးသားဖြန့်ဝေခြင်း မပြုရန်တို့ကို ထုတ်ပြန်သည်။

ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက် မရှိဘဲ ကိုယ်ရေးကိုယ်တာ အသုံးအတွက်ဖြစ်စေ၊ စီးပွားဖြစ် လုပ်ငန်းအတွက် ဖြစ်စေ WiFi ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်အသုံးပြုခြင်းကို ခွင့်မပြုကြောင်း၊ မိမိကိုယ်ရေး ကိုယ်တာ အသုံးအတွက် တပ်ဆင်ထားသည့် WiFi ဆက်သွယ်ရေး စက်ပစ္စည်းများကို လောက်တူပအဖအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီသာ တပ်ဆင်သုံးစွဲရမည်ဟုဆိုသည်။

မည်သည့်အဖွဲ့အစည်း၊ ဌာနများ၏ ရုံးစာများကိုဖြစ်စေ၊ ၎င်းတို့ လုပ်ငန်းကိစ္စနှင့်စပ်လျဉ်းသော အခြားမှတ်တမ်းဓါတ်ပုံများကို ဖြစ်စေ၊ သက်ဆိုင်ရာမှ တရားဝင် ထုတ်ပြန်ဖော်ပြခြင်းမှလွဲ၍ ဖြန့်ဝေခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။

လုံးခြုံရေးဆိုင်ရာ ထိပါးစေနိုင်သော အချက်အလက်၊ မှတ်တမ်းဓါတ်ပုံနှင့် တည်နေရာများကို ဖော်ပြရေးသားခြင်း၊ ဖြန့်ဝေးခြင်း မပြုလုပ်ရဟု စည်းကမ်းသတ်မှတ်ပြီး ကန့်သတ်တားမြစ်ထားသော နေရာများတွင် မှတ်တမ်းဓါတ်ပုံ ရယူခြင်း၊ အသံဖမ်းယူခြင်း၊ ဗီဒီယိုရိုက်ယူခြင်းများ မပြုလုပ်ရဟူ၍လည်း သတ်မှတ်ထားသည်။

လောက်တူဒေသ၏ ဝေဟင်တွင် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများမှ အပင် မည်သူမျှ ခွင့်ပြုချက်မရှိဘဲ မည်သည့် ဒရုန်းယာဉ်များ၊ အခြားပျံသန်းနိုင်သော စက်ရိယာများ မောင်းနှင်ပျံသန်းခြင်းကို ခွင့်မပြုတော့ကြောင်း သိရသည်။

လောက်တူနယ်ဒေသပအဖွဲ့ထံ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။

မြန်မာအင်တာနက်ပရော့ဂျက်နှင့် နွေဦးလုံခြုံရေး Myanmar Internet Project (MIP) / Spring Revolution Security (SRS) မှ ဦးဟန်ကတော့ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဒေသပြန်လည် တည်ဆောက်ရေးကို လုပ်နေချိန်မှာ ဆက်သွယ်ရေး လွတ်လပ်ခွင့်ကို တန်ဖိုးထားသင့်ပြီး လုံခြုံရေးနှင့် ဆက်သွယ်ရေးကြားက ချိန်ခွင်လျှာကို သတိဖြင့် ချိန်ဆသင့်သည်ဟု ပြောသည်။

“ချင်းပြည်နယ်ဟာ ပြည်နယ်တခုလုံးအင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတခုဖြစ်ပါတယ်။ ဒီလိုဒေသအတွက် အင်တာနက်သုံးစွဲမှု အခွင့်အရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုအင်တာနက်သုံးစွဲခွင့် ရဖို့ ဆောင်ရွက်ရမှာ အများပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းယူခွင့်တွေကို မထိခိုက်ဖို့ အလေးထားရမှာ သတိထား ရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို သွားပြီး ထိပါးမိမယ်ဆိုရင် အခြေအနေကောင်းတွေကို ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ အင်တာနက်ရဖို့ ကြိုးစားရတဲ့အခါမှာ အများပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သိပိုင်ခွင့်တွေကို ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေ၊ ချုပ်ခြယ်မှုတွေ မလုပ်မိအောင် သတိထားရမှာပါ၊၊ အဲဒါမှ ကောင်းမွန်တဲ့ အခြေအနေတရပ်ကို ကျနော်တို့ ဖန်းတီးနိုင်မှာ ဖြစ်ပြိးတော့ လူအခွင့်အရေးကိုလည်း အားပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးဟန်က ပြောသည်။

လောက်တူဒေသတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် လောက်တူပအဖွဲ့၏ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ခွင့် ရှိမည်ဖြစ်ပြီး ခွင့်ပြုချက် မရဘဲ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း မပြုကြရန် လောက်တူနယ်ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားသည်။

လိုက်နာဆောင်ရွက်ခြင်း မပြုသူ မည်သူ့ကိုမဆို လောက်တူပြည်သူ့ရေးရာကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

လောက်တူဒေသတွင် ပြည်သူများ ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် WiFi Internet တပ်ဆင်ချိတ်ဆက်ရေး လုပ်ငန်းရှင်တချို့နှင့် ၂၀၂၄ ခုနှစ်မှစ၍ စာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု လောက်တူပအဖအဖွဲ့ထံမှ သိရသည်။

မြန်မာအင်တာနက်ပရော့ဂျက်နှင့် နွေဦးလုံခြုံရေးအဖွဲ့မှ ဦးဟန်က လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရန် အသိပေးကြေညာခြင်း ထုတ်ပြန်ချက်တစ်စုံလုံးနှင့် ပတ်သက်၍ ယခုလို မှတ်ချက်ပြုသည်။

“ကိုယ်ရေးကိုယ်တာ အသုံးပြုမှုအတွက်ကိုလည်း အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက် မရှိရင် WiFi စက်တွေ အသုံးပြုခွင့် မရှိဘူးဆိုတာကို ဒီထုတ်ပြန်ချက်မှာ တွေ့ရတယ်၊၊ ပြီးတော့ အရေးယူဆောင်ရွက်မှု အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ အသိပေးထားတာမျိုး မတွေ့ရဘူး။ ဒီထုတ်ပြန်ချက်ဟာ ဒေသခံတွေရဲ့ ဆက်သွယ်ရေး လွတ်လပ်ခွင့်ကို အတော်လေး သက်ရောက်စေနိုင်ပါတယ်။ ဒေသတွင်း သုံးစွဲသူတွေအနေနဲ့ ကိုယ်ရဲ့ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ မျှဝေနိုင်ခွင့် မရှိတဲ့ အခြေအနေမျိုးတွေ တွေ့နေရပါတယ်။ ဒါဟာ သုံးစွဲသူတွေရဲ့ digital လွတ်လပ်ခွင့်ကို သိသာစွာ သက်ရောက်စေနိုင်တဲ့ ပုံဖော်ချက်တွေ ရှိပါတယ်။ ထုတ်ပြန်ချက်မှာ တွေ့ရတာက လုပ်ငန်းရှင်အချို့နဲ့ ဆက်ချိတ်ပြီး WiFi သုံးစွဲခွင့်ကို အကောင်အထည်ဖော်တဲ့ ကိစ္စပါ၊၊ ဒိလို အကောင်အထည်ဖော်မှုဟာ လုပ်ငန်းရှင် အစုအဖွဲ့တခုကို မျက်နှာသာပေးတဲ့ ကိစ္စမျိုး ဖြစ်ရင် ဈေးကွက်ကို လက်ဝါးကြီး အုပ်တဲ့ ပြသနာမျိုးတွေလည်း ရင်ဆိုင်စရာ ရှိတယ်ဆိုတာ စိုးရိမ်းစရာအနေနဲ့ တွေ့ရပါတယ်” ဟု မြန်မာအင်တာနက်ပရော့ဂျက်နှင့် နွေဦးလုံခြုံရေးအဖွဲ့မှ ဦးဟန်က ပြောသည်။

လောက်တူနယ်ဒေသတွင် ဆက်သွယ်ရေးဆိုင်ရာ သီးခြားညွှန်ကြားချက်များကို ဖြစ်စေ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အခြားစည်းမျဉ်းစည်းကမ်းများကို ဖြစ်စေ၊ ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တော်လှန်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြပါရန် လောက်တူပအဖအဖွဲ့က အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.