Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လောင်တလိုင်ခရိုင်က စစ်ဘေးရှောင်အရေး၊ နယ်စပ်လုံခြုံရေးအကြောင်း ဆွေးနွေး

လောင်တလိုင်ခရိုင်က စစ်ဘေးရှောင်အရေး၊ နယ်စပ်လုံခြုံရေးအကြောင်း ဆွေးနွေး

0
By Editor on July 12, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်တွင် ခိုလုံနေကြသော စစ်ဘေးရှောင်အရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စတို့ကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Cheemala Siva Gopal Reddy ဦးဆောင်မှုဖြင့် သူ၏ရုံးခန်းတွင် ဇူလိုင် ၁၁ ရက်က ကျင်းပသော ယင်းဆွေးနွေးပွဲတွင် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYLA, LWA, MHIP, MUP တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် အုပ်ချုပ်ရေးမှူးက လောင်တလိုင်ခရိုင်းအတွင်း ဝင်ရောက်ခိုလုံလာကြသော မြန်မာနှင့် ဘဂ်လားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်များကို တတ်နိုင်သည့်ဘက်မှ ကူညီပေးခဲ့ကြသော်လည်း အစိုးရထံကနေ စစ်ရှောင်များအတွက် သီးခြားအကူအညီမရှိသောကြောင့် နောက်ထပ်စစ်ဘေးရှောင်များ ဝင်ရောက်လာမည်ဆိုပါက ကူညီရေးပိုင်းတွင် အခက်ကြုံနိုင်ပြီး သတိရှိကြရန်ပြောဆိုခဲ့သည်။

“လက်ရှိ ရှိနေတဲ့စစ်ဘေးရှောင်တွေကို မောင်းထုတ်ဖို့မရှိပါဘူး၊ သို့သော် အစိုးရဆီကနေ စစ်ဘေးရှောင်တွေအတွက် သီးခြားအကူအညီမရှိတာကြောင့် နောက်ထပ်စစ်ဘေးရှောင်တွေ ထပ်ဝင်လာမယ်ဆိုရင် ကျနော်တို့အခြေအနေနဲ့ အဲဒီဝန်ကို ထမ်းနိုင်ပါ့မလား၊ ဒါကြောင့် ကိုယ့်အခြေအနေကို သိဖို့လိုပါတယ်” ဟု လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

လောင်တလိုင်ခရိုင်တွင် ယခုလက်ရှိ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၆၀၀၀ ခန့်ရှိနေပြီး စစ်ရှောင်စခန်း ၃၈ ခုနှင့် ကျေးရွာပေါင်း ၅၀ ကျော်တွင် ဖြန့်ကျက်နေထိုင်ကြသည်ဟု သိရသည်။

အလားတူ ဘဂ်လာဒေရှ့်နိုင်ငံမှ ဝင်ရောက်လာကြသော ချင်းအနွယ်ဝင် စစ်ဘေးရှောင်မှာလည်း ၂၀၀၀ ခန့်ရှိပြီး စစ်ရှောင်စခန်း ၁၂ ခုနှင့် ကျေးရွာ ၁၁ ရွာတွင် ဖြန့်ကျက်နေထိုင်ကြကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက်နေ့ကလည်း ဘဂ်လားဒေရှ့်နိုင်ငံမှ ချင်းအနွယ်ဝင် Bawm မျိုးနွယ်စု လူဦးရေ ၁၂၆ ယောက်သည် လောင်တလိုင်ခရိုင်ထဲ ဝင်ရောက်လာကြပြီး အိန္ဒိယနယ်ခြားစောင့်တပ်က နေရပ်ပြန်ပို့ရန် နယ်စပ်ကို ကားဖြင့် သယ်ဆောင်ခဲ့သော်လည်း မီဇိုရမ်ဝန်ကြီးချုပ်၏ တောင်းဆိုမှုဖြင့် လောင်တလိုင်ခရိုင်ထဲ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။

လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အရပ်ဖက်အဖွဲ့အစည်းတို့ တွေ့ဆုံမှုတွင် လောင်တလိုင်ခရိုင်အတွင်း ရခိုင်လူမျိုးများ ဝင်ရောက်နေထိုင်မှုအပေါ်လည်း ဆွေးနွေးခဲ့ကြပြီး နယ်စပ်လုံခြုံရေးတင်းကြပ်ရန် အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဆွေးနွေးထားပြီဖြစ်ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်အတိုင်း စစ်ဆေးဂိတ်များ ထပ်တိုးရန်လည်း အထက်ကို တင်ပြသွားမည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် ရခိုင်လူမျိုးများ လောင်တလိုင်ခရိုင်ထဲ ဝင်/ထွက်သွားမှုကို စနစ်တကျ စာရင်းပြုစုရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.