(005MK)
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်ဆက်သွယ်သော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ယမန်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။
မီဇိုးယာဉ်မောင်းတစ်ဦးသေဆုံးမှုကြောင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစ၍ ပိတ်ပင်ထားသည့် အဆိုပါ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
လောင်တလိုင်မြို့က မီဇိုးယာဉ်မောင်းတစ်ဦးသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကုန်ပစ္စည်းပို့ဆောင်စဉ်သေဆုံးမှုကြောင့် လောင်တလိုင်ခရိုင်နှင့် ထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ ကစ၍ ၂ လပိတ်ထားမည်ဟု လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ခြင်းသည်။
ယခုအခါ လောင်တလိုင်ခရိုင်းအတွင်း အခြေအနေများတည်ငြိမ်အေးချမ်းမှုရှိလာပြီဖြစ်သည့်အတွက် အဆိုပါမိန့်ထုတ် ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းကာ နယ်စပ်လမ်းကြောင်းကိုပြန်လည်ဖွင့်ပေးလိုက်ပြီး ယခင်အတိုင်းပုံမှန်သွားလာနိုင် ကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဘက်တွင် စစ်ရေးအခြေအနေကြောင့် ပြည်မဘက်မှ ကုန်စည်စီးဆင်းမှုရပ်တန့်နေသည့်အတွက် ချင်း ပြည်နယ် ပလက်ဝမြို့နယ်ကတဆင့် လောင်တလိုင်မြို့မှ အိန္ဒိယထုတ်အခြေခံစားကုန်၊ သောက်ကုန်၊ ဆေးဝါးနှင့် အိမ်သုံးကုန်များကို အဓိကတင်သွင်းနေကြရသည်။

